Videos
ခေတ်ပြိုင် ဒီဇိုင်းအနုပညာ လက်ရာပေါင်း ၁၀၀ ကျော် ပြသထားသည့် လန်ဒန် လက်မှု အနုပညာပြပွဲ
လန်ဒန်၊ မတ် ၂၄ (ဆင်ဟွာ)
ယူကေနိုင်ငံတစ်ဝန်းရှိ ခေတ်ပြိုင်အနုပညာရှင်များ၏ ဒီဇိုင်း အနုပညာလက်ရာပေါင်း ၁၂၀ ကို ခင်းကျင်းပြသ ထားသည့် MADE လက်မှု အနုပညာပြပွဲကို လန်ဒန်မြို့ရှိ ကနေရီ မြစ်ဆိပ် မှာ မတ်လ ၁၇ ရက် နေ့ က စတင်ကျင်းပခဲ့သည်။ ပြပွဲကို မတ်လ ၁၇-၂၀ နှင့် မတ်လ ၂၂-၂၅ တို့တွင် နှစ်ကြိမ်ခွဲကျင်းပခြင်း ဖြစ် ပြီးပြပွဲတစ်ခုစီမှာ အနုပညာရှင်ပေါင်း ၆ဝ ဦး ၏ လက်ရာတွေကို ခင်းကျင်းပြသထားသည်။ ပြပွဲ တစ်ခုနှင့် တစ်ခု တွင်မတူညီသောလက်ရာများကိုခင်းကျင်းပြသမည် ဖြစ်သည်။ ပြပွဲ၏ ထူးခြားချက် မှာ လာရောက်ကြည့်ရှုသူ များက တီထွင် ဖန်တီးသူ အနုပညာရှင်များနှင့် တွေ့ဆုံပြီး ၎င်းတို့၏ အနုပညာလက်ရာ ဖန်တီးခဲ့ပုံများအား မေးမြန်းဆွေးနွေးနိုင်မည် ဖြစ်သည်။ (Xinhua)