Videos
တရုတ်နိုင်ငံ၌ ၁၆နှစ်ကြာအေးခဲထားသောသန္ဓေသားလောင်းမှတဆင့် ကလေးငယ် တစ်ဦးမွေးဖွား
ကွမ်တုံ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံ ( Guangdong ) ပြည်နယ်၌ အသက်၄၆နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ၁၆ နှစ်ကြာ အေးခဲထားခဲ့သောသန္ဓေသားလောင်းမှ တဆင့် သားယောက်ျားလေး တစ်ဦးကို အောင်မြင်စွာ မွေးဖွား ပေးခဲ့ကြောင်းသိရသည်။
၂ဝဝဝ ပြည့်နှစ်က မိခင်ဖြစ်သူသည် ဖန်ပြွန်သန္ဓေသားနည်းပညာ(IFV) ဖြင့် ၎င်း၏ ပထမဦးဆုံး ရင်သွေးတစ်ဦးကို မွေးဖွားခဲ့ဖူးသည်။ ထို့နောက်ပိုင်းတွင်မူ ဆေးရုံက မိခင်၏ အခြား သန္ဓေသားလောင်း ၁၈ ခုကို အေးခဲအခြေအနေဖြင့် သိမ်းဆည်းထားခဲ့ကြောင်း ၊ ၂ဝ၁၅ ခုနှစ်တွင် မိခင်က နောက်ထပ်ကလေးရနိုင်ရန် ဆေးရုံထံအကူအညီတောင်းခံခဲ့ကြောင်း ၊ ဆရာဝန်များက သန္ဓေသားလောင်းကိုးခု ဆက်လက် အေးခဲ့မှုမပြုတော့ဘဲ သန္ဓေသားလောင်း ၄ ခုကို ကနဦးဖွံ့ဖြိုးမှုအဆင့်၌ ရယူခဲ့ကာ ၎င်းတို့အနက် တစ်ခုကို မိခင်၏ ခန္ဓာကိုယ်ထဲသို့ထည့်သွင်းပေးခဲ့ကြောင်း သိရသည်။ ယခုအခါ မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းမွန် လျက်ရှိပြီး မကြာမီတွင် ဆေးရုံမှ ဆင်းနိုင်တော့မည်ဖြစ်သည်။
“ကလေးမိခင်က သိပ်ကို ကံကောင်းပါတယ်။ တကယ်လို့အေးခဲ သန္ဓေသားလောင်း မရှိတော့ဘူးဆိုရင် မျိုးဥပြန်လည်ဖမ်းဆုပ်ယူခြင်း နဲ့သန္ဓေသားလောင်း ရယူခြင်းဟာ လက်ရှိ သူမရဲ့အသက်အရွယ်နဲ့ ရနိုင်ဖို့မလွယ်ကူတော့ပါဘူး” ဟု ကလေးမွေးဖွားပေးခဲ့သော ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)