Connect with us

Videos

တရုတ်နိုင်ငံထုတ်လေယာဉ် ၂ စင်းကို နီပေါလေကြောင်းလိုင်းသို့လွှဲပြောင်းပေးအပ်

ခတ္တမန္ဒူ ၊ နီပေါ ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် ခရီးသည် ၅၆ ဦးလိုက်ပါစီးနင်းနိုင်သည့် MA60 နှင့် ခရီးသည် ၁၇ ဦးလိုက်ပါစီးနင်းနိုင်သည့် Y-12E အမျိုးအစား လေယာဉ်နှစ်စင်းကို နီပေါလေကြောင်းလိုင်း(NAC) သို့ ဖေဖော်ဝါရီလ ၈ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါလေယာဉ် နှစ်စင်းစလုံးသည် နီပေါနိုင်ငံ၏ ပထဝီဝင် ပတ်ဝန်းကျင် နှင့် ရေမြေသဘာဝ တို့ဖြင့် ကိုက်ညီမှုရှိသော အမျိုးအစားများဖြစ်ကြောင်း သိရသည်။

တာဘိုဒလက်ပန်ကာဖြင့် ဒေသတွင်းသုံး လေယာဉ်သည် ခရီးတိုမောင်းနှင်ရန်အတွက်သာ ဖြစ်သည်။အဆိုပါလေယာဉ်သည် ခရီးသည်တင်ဆောင်ခြင်း ၊ ကုန်ပစ္စည်းတင်ဆောင်ခြင်း နှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တောင်ထူထပ်သောဒေသနှင့်ကုန်းမြင့်ဒေသများပေါ်တွင် ပျံသန်းနိုင်စွမ်းရှိကြောင်းသိရသည်။

၎င်းလေယာဉ်ပျံနှစ်စင်းကို နီပေါနိုင်ငံသို့လွှဲပြောင်းပေးလိုက်ခြင်းအားဖြင့် ဒေသတွင်းဈေးကွက်တွင် လက်ရှိပြေးဆွဲလျက်ရှိသော လေယာဉ် ၇ စင်းကို အားဖြည့်ပေးရာရောက်သလို နီပေါလေကြောင်းလိုင်း(NAC) ၏ ပို့ဆောင်ရေးကဏ္ဍကို တွန်းအားပေးမြှင့်တင်သွားနိုင်မည်ဖြစ်ကြောင်း ယုံကြည်ထားသည်။ အဆိုပါလေယာဉ်များထဲမှ လေးစင်သည် တရုတ်နိုင်ငံအစိုးရပိုင် AVIC နိုင်ငံတကာလေယာဉ်ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။၎င်းလေယာဉ်များသည် နီပေါနိုင်ငံ၌ ကမ္ဘာလှည့်ခရီးသွားများ အသွားအလာများပြားသည့် ပြည်တွင်းခရီးစဉ်ပေါင်း ၃၂ ခုကို ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.