Videos
နှစ်ပေါင်း ၉ဝ ကြာ ကွန်ဖူးပညာကိုလေ့ကျင့်ခဲ့သူ အသက် ၉၃ နှစ်အရွယ်အဘွား
ကျဲ့ကျန်း၊ မေ ၂၈ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့တောင်ပိုင်း၊ ကျဲ့ကျန်းပြည်နယ် ရှိ အသက် ၉၃ နှစ်အရွယ်အဖွားအိုတစ်ဦးမှာ သူ့ တစ်သက်တာလုံးနီးပါး ကွန်ဖူးပညာကိုလေ့ကျင့်ခဲ့သူဖြစ်သည်။
ကျန်းဟောချင် ဟု ဆိုသည့် အဖွား ကို ကွန်ဖူးအဖွားလို့ နံမည်ပြောင်ပေးထားကြပြီး ဒုန်ယွမ်ကျေးရွာမှာမွေးဖွားခဲ့သည်။ အဆိုပါ ကျေးရွာမှာ ကွန်ဖူး ပညာရှင်များ၊ ကွန်ဖူးလေ့ကျင့်သူများနေထိုင်သည့်ကျေးရွာလည်းဖြစ်သည်။
အဖွား၏ ဖခင်မှာ အဖွားအသက် ၃ နှစ်အရွယ်ကတည်းက ကွန်ဖူးပညာကို သင်ကြားပေးခဲ့သည်။ သူမမှာငယ်စဉ်ကတည်းက အလွန်ကျွမ်းကျင် သည့် ကွန်ဖူးပညာရှင်တစ်ဦးဖြစ်ခဲ့သည်။ သူမမှာ ယခုအချိန်အထိ မျိုးဆက်သစ်များကို ကွန်ဖူးပညာ လက်ဆင့်ကမ်းသင်ကြားပေးလျက်ရှိသည်။ ထိုသို့ ကွန်ဖူးအားကစားကို လေ့ကျင့်ခြင်း အကျိုးကျေးဇူးကြောင့် တောင်ပေါ်တွင်ရှိသည့် သူမအိမ်တွင် တစ်ဦးတည်း အမှီအခိုကင်းမဲ့စွာနေထိုင်နိုင်ပြီး ကိုယ်တိုင်ချက်ပြုတ် စားသောက်နိုင်ကာ ဆေးရုံ ဆေးခန်းကိုလည်းတစ်ကြိမ်တစ်ခါမှ သွားရခြင်းမရှိအောင်ကျန်းမာကြောင်း သိရသည်။ (Xinhua)