Connect with us

Videos

အရိုးရောဂါ ကုသရန် စက်ရုပ်ကိုအသုံးပြု

စီချွမ်၊ မေ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းစီချွမ်ပြည်နယ်ရှိ ဆေးရုံးတစ်ရုံတွင် အရိုးရောဂါ ဝေဒနာသည်များအတွက် ကိုယ်တိုင်တီထွင်ထားသည့် အရိုးရောဂါကု စက်ရုပ်စနစ်ကို စမ်းသပ်အသုံးပြုလျက်ရှိပြီဖြစ်သည်။
ချန်ဒူးတက္ကသိုလ်နဲ့ ပေါင်းစပ်ဖွင့်လှစ်ထားသည့် အဆိုပါ ဆေးရုံတွင် စက်ရုပ် အထောက်အကူပြု အရိုးခွဲစိတ်မှုတစ်ခုကို ယခုလ အတွင်းကပင် ပြုလုပ်ခဲ့ကြသည်။ ခွဲစိတ်မှုအတွင်း စက်ရုပ်မှာ တိကျသည့်နေရာကို ညွန်ပြနိုင်စွမ်းရှိပြီး ဆရာဝန်များ အတွက် လက်ထောက်အဖြစ်လည်းအသုံးပြုနိုင်သည်။
LI KAINAN, Dept. of Orthopedics, Affiliated Hospital of Chengdu Univ.
“ X-ray ကတစ်ဆင့် ကျွန်တော်တို့ဟာ အရိုးရောဂါကုစက်ရုပ်ထဲကို လိုအပ်တဲ့အ ချက်အလက်တွေထည့်သွင်း လိုက်ပါတယ်။ ပြီးတော့ စက်ရုပ်က အရိုးရဲ့ ဘက် ၃ ဘက် မှ ရှုထောင့် ပုံစံများကို ထုတ်ပေးပါတယ်။အဲဒီပုံတွေ ကိုကြည့်ပြီး ကျွန်တော်တို့ဟာ တိကျသေချာတဲ့ ခွဲစိတ်မှု ကို ဆောင်ရွက်ခဲ့ကြပါတယ်။ ပြီးတော့ စက်ရုပ်က ကျွန်တော်တို့ ခိုင်းတာတွေလိုက်ပါဆောင်ရွက်နိုင်ပြီး ဒါဏ်ရာရ တဲ့နေရာအတိအကျကို ညွှန်ပြပေးပါတယ်။”
စက်ရုပ်တွင် ထိန်းချုပ်စနစ်၊ ကွန်ပျူတာထိန်းချုပ်စနစ်နှင့် စက်ဖြင့်ထိန်းချုပ်လက်တံတစ်ခု ပါရှိသည်။ စက်ရုပ်အကူ အရိုးရောဂါ ခွဲစိတ်ကုသမှုသည် တိကျမှု၊ စိတ်ချရမှု တို့တွင် ကွန်ပျူတာအခြေစိုက် အရိုးခွဲစိတ်မှုထက် ပိုမိုအောင်မြင်နိုင်ဖွယ်ရှိသည်ဟုဆိုသည်။ (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.