Connect with us

International Organizations

အမေရိကန်၊ ဩစတြေးလျ စသည့်နိုင်ငံများ၏ လူ့အခွင့်အရေး မဟုတ်မမှန်ပြောဆိုမှုကို တရုတ်ကိုယ်စားလှယ် ချေပပြောကြား၊ နိုင်ငံပေါင်း ၁၀၀ ကျော်က အားပေးထောက်ခံခဲ့

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး ဆွေးနွေးပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယအကြိမ်မြောက်ကော်မတီက လူ့အခွင့်အရေးဆိုင်ရာ ပုံမှန် အချေအတင်ဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပခဲ့သည်။ ဩစတြေးလျ၊ အမေရိကန် စသည့် အနည်းစုအနောက်နိုင်ငံများက တရုတ်လူ့အခွင့်အရေးအခြေအနေအပေါ် မမှန်ကန်သော ပြစ်တင်ရှုတ်ချမှုများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ပြတ်ပြတ်သားသား ချေပပြောဆိုခဲ့သည်။ တရုတ်နိုင်ငံ၏ရပ်တည်ချက်အပေါ် နိုင်ငံပေါင်း ၁၀၀ ကျော်က ‌ထောက်ခံကြောင်းနှင့် လူ့အခွင့်အရေး ပြဿနာ နိုင်ငံရေးအသွင်ပြောင်းမှုကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဖုချုံးက ဩစတြေးလျ၊ အမေရိကန် စသည့် နိုင်ငံများက မဟုတ်မမှန်သည့်အဆိုများ ထပ်မံဖြန့်ချိပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားအောင် အစပျိုးနေရာ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် အခိုင်အမာ ဆန့်ကျင်ကြောင်းနှင့် အပြည့်အဝပယ်ချကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ရှင်းကျန်း၊ ရှီးဇန့်သည် တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားနိုင်ပြီး တိုင်းရင်းသားအသီးသီး သင့်မြတ်စွာ အတူယှဉ်တွဲ နေထိုင်လျက်ရှိရာ ၎င်းမှာ ကမ္ဘာသိ အဖြစ်မှန်ဖြစ်ကြောင်း၊ ရှင်းကျင်းဆိုင်ရာ “သုံးသပ်ချက်” အစီရင်ခံစာ ဟု ဆိုသည်မှာ လိမ်ညာလှည့်ဖြားမှုများနှင့် ပြည့်နှက်လျက်ရှိရာ အမေရိကန် စသည့် နိုင်ငံအနည်းစုက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) အပေါ် အကျပ်ကိုင်သည့် ထုတ်ကုန်သာ ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အစောကြီးကတည်းက ပယ်ချပြီးဖြစ်ရာ တရားဝင်မှု၊ အကျုံးဝင်မှု လုံးဝ မရှိကြောင်း၊ ဩစတြေးလျ၊ အမေရိကန် စသည့်နိုင်ငံတို့က ယင်းကိစ္စရပ်ကို အကျယ်တဝံ့ဖြန့်ချိနေခြင်းက အရှုံးမခံနိုင်သော မလွှဲသာမှု၊ မျှော်လင့်ချက် ကင်းမဲ့မှုကို ဖော်ပြခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ တတိယမြောက်ကော်မတီ၌ စိုးရိမ်ပူပန်ရန် အလိုအပ်ဆုံး လူ့အခွင့်အရေးအခြေအနေက ဂါဇာအရေးဖြစ်သည်ဆိုသည်မှာ ယုံမှားသံသယ‌ရှိရန်မလိုကြောင်း ဖုချုံးက ထောက်ပြ ပြောကြားခဲ့သည်။
“ဩစတြေးလျ၊ အမေရိကန် စတဲ့ နိုင်ငံအနည်းစုက ဒီလို လူ့လောကမှာ အပြစ်တွေဆေးကြောရမယ့်‌နေရာကို ခပ်ပေါ့ပေါ့ထားပြီး တည်ငြိမ်အေးချမ်းမှု ရှိတဲ့ တရုတ်နိုင်ငံ ရှင်းကျန်းကိုမူ ထင်သလို ဆက်ပြီး မဟုတ်မမှန် ပုတ်ခတ်ပြောဆိုနေတာက စံချိန်နှစ်မျိုးဆိုတဲ့အသိကို ထပ်မံစံချိန်သစ်တင်လိုက်ခြင်း၊ ဩစတြေးလျ၊ အမေရိကန် စတဲ့ နိုင်ငံအနည်းစုရဲ့ သရုပ်မှန်ကို ထပ်မံပြသလိုက်ခြင်း ဖြစ်တယ်။ လူ့အခွင့်အရေးကို အကြောင်းပြပြီး တရုတ်ပြည်တွင်းရေးကို စွက်ဖက်ဖို့ ၊ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားဖို့ ကြိုးပမ်းခြင်း၊ ဒီကတစ်ဆင့် သီးခြား လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို အခိုင်အမာ ကျင့်သုံးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖိနှိပ်ခြင်း ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဖုချုံးက အကယ်၍ ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သား လေးသောင်းကျော် သေဆုံးမှု၊ အမျိုးသမီးနှင့် ကလေးငယ် တစ်သန်းကျော် ငတ်မွတ်ခေါင်းပါးမှု၊ အိုးအိမ်မဲ့ဖြစ်ပွားမှုက အနောက်နိုင်ငံ အနည်းစု၏ အသိစိတ်ကို မလှုပ်နှိုးနိုင်သည့်အပြင် မရေတွက်နိုင်သော ပါလက်စတိုင်းအရပ်သားများ၏အသက်ကို သေဆုံးစေမည့် လက်နက်ခဲယမ်းများ အဆက်မပြတ် ဆက်တိုက်ပေးပို့လျက်ရှိရာ ယင်းမှာ ၎င်းတို့ နှုတ်ကပြောသည့် “အစ္စလာမ်လူ့အခွင့်အရေး ကာကွယ်ပေးခြင်း” ဆိုသည်က အကြီးမားဆုံးသော လိမ်ညာလှည့်ဖျားသည့် စကားသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖုချုံးက နိုင်ငံ ၂၈ နိုင်ငံ ကိုယ်စား ပူးတွဲမိန့်ခွန်းပြောကြားခဲ့ရာတွင် အမေရိကန်စသည့် အနောက်နိုင်ငံများ၏ တစ်ဖက်သတ် အလွဲသုံး အကျပ်ကိုင်ဆောင်ရွက်မှုများကို ဖော်ထုတ် ဝေဖန်ခဲ့ပြီး ချက်ချင်း လုံးဝ ဖျက်သိမ်းရန် တိုက်တွန်းခဲ့သည်။

ကျယ်ပြန့် ကြီးမားလှသည့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများကလည်း တရုတ်နိုင်ငံအား ထောက်ခံကြောင်း ဆွေးနွေးပွဲတွင် တက်ကြွစွာ ပါဝင်ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံ ကိုယ်စားလှယ်က တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၈၀ အတွက် ပူးတွဲဆွေးနွေးပြောကြားရာတွင် ရှင်းကျန်း၊ ရှီးဇန့် စသည့် အရေးကိစ္စများသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ဖြစ်ပြီး လူ့အခွင့်အရေး နိုင်ငံရေးအသွင်ပြောင်းမှုနှင့် စံနှုန်းနှစ်မျိုး ထားရှိမှုကို ဆန့်ကျင်သလို လူအခွင့်အရေး အကြောင်းပြသည့် အခြားနိုင်ငံပြည်တွင်းရေးစွက်ဖက်မှုကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

ကာတာနိုင်ငံက ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) အဖွဲ့ဝင်များ ကိုယ်စား ပူးတွဲဆွေးနွေး ပြောကြားရာတွင် တရုတ်နိုင်ငံကို ထောက်ခံကြောင်း၊ လူအခွင့်အရေးပြဿနာတွင် ဓမ္မဓိဋ္ဌာန်ကျစွာ ရှုမြင်မှု၊ အပြုသဘောဆောင်မှု၊ နိုင်ငံရေးအသွင် မပြောင်းမှု ဟူသော စည်းမျဉ်းစည်းကမ်းများကို ခိုင်မာစွာ လက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာကို လေးစားကာ ပြည်တွင်းရေးကို မစွက်ဖက်ရန် ပြောကြားခဲ့သည်။ မော်ရီတေးနီးယားနိုင်ငံက အာရပ်နိုင်ငံများ ကိုယ်စား ပူးတွဲ ဆွေးနွေးပြောကြားရာတွင် တရုတ်နိုင်ငံကို ထောက်ခံကြောင်း၊ အနောက်နိုင်ငံများ၏ လူ့အခွင့်အရေး နိုင်ငံရေးအသွင်ပြောင်းသည့် လုပ်ရပ်ကို ပြစ်တင်ရှုတ်ချကြောင်း၊ နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာနှင့် သမိုင်းယဉ်ကျေးမှုကို လေးစားရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံက “ကုလသမဂ္ဂပဋိညာဉ်စာတမ်း ကာကွယ်ရေး မိတ်ဆွေများအဖွဲ့” အဖွဲ့ဝင်များ ကိုယ်စား ပူးတွဲဆွေးနွေးပြောကြားရာတွင် လူ့အခွင့်အရေး နိုင်ငံရေးအသွင်ပြောင်းခြင်း၊ ခွဲထွက်မှု ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်အောင် လုပ်ဆောင်ခြင်းအား ဆန့်ကျင်ကြောင်း၊ အနောက်နိုင်ငံများ၏ လူ့အခွင့်အရေးကို အကြောင်းပြု၍ အခြားနိုင်ငံပြည်တွင်းရေးအား စွက်ဖက်နေခြင်းများအား ထုတ်ဖော်ဝေဖန် ပြောကြားခဲ့သည်။
သီးခြားပါဝင်ဆွေးနွေးပြောကြားမှုများတွင် နိုင်ငံအများစုက တရုတ်နိုင်ငံအပေါ် နားလည်ကြောင်းနှင့် ထောက်ခံကြောင်း ပြောကြားခဲ့သလို တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးကဏ္ဍ အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အပြုသဘော သုံးသပ်ပြောကြားခဲ့ပြီး နိုင်ငံအားလုံးအနေဖြင့် တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယအကြိမ်မြောက် ကော်မတီ သည် လူ့အခွင့်အရေး၊ လူမှု ဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးသည့် အဓိက ကော်မတီဖြစ်သည်။ ၂၀၁၉ ခုနှစ်မှစ၍ အမေရိကန် စသည့် အနောက်နိုင်ငံ အနည်းစုက လူ့အခွင့်အရေးကို ကြောင်းပြု၍ တရုတ်နိုင်ငံအား ၆ ကြိမ် ဆက်တိုက် ပုတ်ခတ်ပြောဆိုခဲ့ရာ အများစုသော နိုင်ငံများ၏ ပြတ်ပြတ်သားသား ဆန့်ကျင်မှုကို ခံခဲ့ရပြီး အကြိမ်တိုင်း ရှုံးနိမ့်ခဲ့သည်။ (Xinhua)
………………………
(Chinese Version)
中国代表驳斥美澳人权谎言,100多国支持
新华社联合国10月22日电 第79届联合国大会第三委员会(联大三委)22日举行人权问题一般性辩论。针对澳大利亚、美国等少数西方国家对中国人权状况的不实指责,中国常驻联合国代表傅聪予以严厉驳斥。100多个国家对中方立场表示支持,反对将人权问题政治化。
傅聪表示,澳大利亚、美国等国再次传播谎言,挑起对抗,中方对此表示坚决反对、完全拒绝。中国新疆、西藏保持稳定繁荣,各民族和睦共处,这是全世界都清楚的事实。所谓涉疆“评估”报告充斥谎言欺骗,完全是美国等少数国家对人权高专办进行胁迫的产物。该报告早被联合国人权理事会拒绝,完全非法无效。澳大利亚、美国等炒作此事,只是他们不甘失败的无奈、绝望表现。
傅聪指出,当今最需要联大三委关注的人权局势毫无疑问是加沙。“澳大利亚、美国等少数国家对这个人间炼狱轻描淡写,却继续对和平安宁的中国新疆大肆攻击抹黑,再次刷新世人对双重标准的认知下限,再次表明澳大利亚、美国等少数国家的真实目的,是以人权为幌子,企图干涉中国内政、遏制中国发展,并借此打压坚持独立自主外交政策的发展中国家。”
傅聪表示,如果加沙地带4万多平民死亡、上百万妇女儿童陷入饥荒和流离失所都不能唤醒少数西方国家的良知,反而持续不断输送夺取无数巴勒斯坦平民鲜活生命的武器弹药,那么他们口中所谓“保护穆斯林人权”就是最大的谎言。傅聪还代表28个国家作共同发言,揭批美西方滥施单边强制措施,呼吁立即彻底取消。
广大发展中国家和友好国家在会上积极发言支持中国。巴基斯坦代表包括中国在内的80国作共同发言,强调新疆、西藏等事务是中国内政,反对将人权问题政治化和双重标准,反对以人权为借口干涉别国内政。
卡塔尔代表海湾阿拉伯国家合作委员会成员作共同发言支持中国,表示在人权问题上应坚持客观、建设性、非政治化原则,尊重国家主权,不干涉内政。毛里塔尼亚代表阿拉伯国家作共同发言支持中国,谴责西方国家将人权问题政治化做法,呼吁尊重各国主权和历史文化。
委内瑞拉代表“捍卫《联合国宪章》之友小组”成员作共同发言支持中国,重申反对将人权问题政治化、搞分裂对抗行径,揭批西方国家借人权问题干涉他国内政。很多国家在会上单独发言表示理解和支持中国,积极评价中国人权事业发展成就,呼吁各国通过对话与合作促进和保护人权。
联大三委是讨论人权、社会发展问题的主要委员会。2019年以来,美国等少数西方国家连续六次借人权问题攻击抹黑中国,遭到了绝大多数国家坚决反对,均以失败告终。(完)
1. 9月20日,中国常驻联合国代表傅聪(中)在位于纽约的联合国总部发言。新华社记者 谢锷 摄