Connect with us

China

လိုက်ချင်းသဲ၏ အမိမြေသို့ ထိုင်ဝမ် ပြန်လည်ရောက်ရှိခြင်း သမိုင်းအမှန်တရားကို ပြောဆိုရန် ရှောင်ကြဉ်ခဲ့ခြင်းသည် “သီးခြားရပ်တည်ရေး ရှာဖွေပြီး တရုတ်နိုင်ငံကို ဆန့်ကျင်မည့်” ပင်ကိုယ်စရိုက်ကို ဖော်ပြနေကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံးက ပြောကြား

သတင်းထောက်များ၏ မေးမြန်းခြင်းကို ပြန်လည်ဖြေကြားနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်အား စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က အောက်တိုဘာ ၂၆ ရက်တွင် မေးမြန်းမှုများကို ဖြေကြားခဲ့ရာ အောက်တိုဘာ ၂၅ ရက်သည် ထိုင်ဝမ်ပြန်လည်ထူထောင်ရေး ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ထိုင်ဝမ်ပြန်လည်ထူထောင်ရေးနှင့် အမိမြေသို့ ပြန်လည်ရောက်ရှိခြင်းသည် ထိုင်ဝမ်မွေးချင်းများအပါအဝင် တရုတ်လူမျိုးအားလုံး ဂျပန်ဆန့်ကျင်ရေးအောင်ပွဲ၏ အရေးကြီးသောရလဒ်ဖြစ်ပြီး ရေလက်ကြား နှစ်ဖက်ဒေသ မွေးချင်းများ အတူအမှတ်ရနေသင့်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ ထိုကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် လိုက်ချင်းသဲနှင့် အဖွဲ့သည် အမိမြေသို့ ထိုင်ဝမ် ပြန်လည်ရောက်ရှိခြင်း သမိုင်းအမှန်တရားကို ပြောဆိုရန် တမင်တကာ ရှောင်ကြဉ်ခဲ့ကြပြီး ထိုင်ဝမ်သွေးချင်းများ၏ ခုခံရေးစစ်ပွဲနှင့်ပတ်သက်သော အမှတ်ရစရာများကို တစ်စတစ်စဖျောက်ဖျက်ပစ်ရန် ကြိုးစားခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ ပြည်တွင်းစစ်သမိုင်းကို တမင်တကာ မှားယွင်းဖော်ပြကာ “အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ” ဟု ခေါ်သော အတုအယောင် ဇာတ်ကြောင်းဖြင့် ရေလက်ကြား နှစ်ဖက်ဒေသ ထိပ်တိုက်ရင်ဆိုင်ခဲ့သော အတိတ်ကို လှုံ့ဆော်ပေးခြင်း၊ “ထိုင်ဝမ်သီးခြားရပ်တည်ရေး သမိုင်းအမြင်” ကို ဖြန့်ချိပေးနေသလို လူထု အမြင်ကို စိတ်ရှုပ်ထွေးအောင်၊ ထိုင်ဝမ်ကျွန်းပေါ်ရှိ ပြည်သူလူထုများကို ဖုံးကွယ်လှည့်ဖြားနိုင်အောင် ကြိုးပမ်းခြင်းသည် ၎င်း၏ “သီးခြားရပ်တည်ရေး ရှာဖွေပြီး တရုတ်နိုင်ငံကို ဆန့်ကျင်မည့်” ပင်ကိုယ်စရိုက်နှင့် ပြည်ပအားကိုးသည့်သရုပ်ကို တစ်ဖန် အပြည့်အဝ ဖော်ပြနေကြောင်း ၎င်းက ထောက်ပြခဲ့သည်။
အောက်တိုဘာ ၂၅ ရက်က ထိုင်ဝမ်ကျွန်းပေါ်ရှိ နယ်ပယ်စုံလူပုဂ္ဂိုလ်များ စုစည်း၍ ၇၉ နှစ်မြောက် ထိုင်ဝမ်ပြန်လည်ထူထောင်ရေး အထိမ်းအမှတ် ကျင်းပနေစဉ်တွင် လိုက်ချင်းသဲက ကျင်းမိန်သို့ သွားရောက်ခဲ့ပြီး လွန်ခဲ့သော ၇၅ နှစ်က တိုက်ပွဲတစ်ခု၏ အထိမ်းအမှတ်နှင့် သက်ဆိုင်သောလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ရာ “ထိုင်ဝမ်၏ ဖုန်ဟူး၊ ကျင်းမန်နဲ့ မားကြူတို့ရဲ့ အနာဂတ်ကို ဘယ်ပြင်ပအင်အားကမှ ပြောင်းလဲလို့မရဘူး၊ ပြောင်းလဲခွင့် ပေးမှာလည်းမဟုတ်ဘူး” ဟု ဆိုကာ “ထိပ်တိုက်ရင်ဆိုင်ရေး ခြိမ်းခြောက်မှု” လှုံဆော်ဟစ်ကြွေးခဲ့ကြောင်း၊ ယင်းနှင့် ပတ်သက်၍ မည်သို့မှတ်ချက်ပေးလိုပါသနည်း ဟူသော သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ကျူးဖုန့်လျန်က အထက်ပါအတိုင်း တုံ့ပြန်ဖြေကြားခဲ့သည်။
“ထိုင်ဝမ် သီးခြားရပ်တည်ရေး” ပြုလုပ်ခြင်းက အနာဂတ်မရှိနိုင် ဟု ကျူးဖုန့်လျန်က ပြောကြားခဲ့သည်။ ထိုင်ဝမ်၏ အနာဂတ်သည် အမိမြေနှင့် အပြည့်အဝ ပြန်လည်ပေါင်းစည်းရေးနှင့် တရုတ် အမျိုးသားမဟာဖွံ့ဖြိုးတိုးတက်ရေးအပေါ်တွင် မူတည်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ ထိုင်ဝမ် ပြန်လည်ရောက်ရှိခြင်း သမိုင်းကြောင်းကို မေ့ထား၍မရနိုင်ကြောင်း၊ ရေလက်ကြား နှစ်ဖက်ဒေသ မလွဲမသွေ ပြန်လည်ပေါင်းစည်းမည့် သမိုင်းလမ်းကြောင်းသည်လည်း ဟန့်တား၍မရနိုင်ကြောင်း၊ များလှစွာသော ထိုင်ဝမ်မွေးချင်းတို့အနေဖြင့် သမိုင်းနှင့် အမျိုးသားရေးအပေါ် တာဝန်ယူတတ်သော သဘောထားကို အခြေခံ၍ သမိုင်း၏ ရေစီးကြောင်းနှင့်အညီ သမိုင်း၏ မှန်ကန်သည့်ဖက်တွင် ရပ်တည်ကာ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးနှင့် ပြင်ပဝင်ရောက်စွက်ဖက်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်ဖြစ်သလို မိမိတို့နှင့်အတူ ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းကာကွယ်ပြီး ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်းရေး၏ သာယာသော အနာဂတ်ကို အတူ ရှေးရှုဖော်ဆောင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
国台办: 赖清德避而不谈台湾回归历史事实暴露“谋独抗中”本性
新华社北京10月26日电 国务院台办发言人朱凤莲26日应询指出,10月25日是台湾光复79周年纪念日。台湾光复、回归祖国,是包括台湾同胞在内的全体中华儿女赢得抗日战争胜利的重要成果,理应为两岸同胞所共同铭记。在这样的重要时刻,赖清德之流一方面对台湾回归中国的历史事实有意避而不谈,试图一步步抹除台湾同胞对抗战的记忆;另一方面蓄意歪曲中国内战的历史,以所谓“民主对抗威权”的虚假叙事煽动两岸对抗记忆,兜售“台独史观”,妄图混淆视听、蒙蔽岛内民众,再次充分暴露其“谋独抗中”本性和媚外嘴脸。
有记者问:10月25日,在岛内各界集会纪念台湾光复79周年之时,赖清德却到金门参加相关活动纪念75年前的一场战役,声称“不能也不会让任何外部势力改变台澎金马未来”,鼓噪“对抗威胁”。对此有何评论?朱凤莲作上述回应。
朱凤莲表示,搞“台独”不可能有未来。台湾的未来,在于祖国完全统一,在于中华民族伟大复兴。台湾回归中国的历史不容忘却,两岸必然统一的历史大势不可阻挡。希望广大台湾同胞本着对历史、对民族负责的态度,顺应历史大势,站在历史正确的一边,坚决反对“台独”分裂和外来干涉,与我们一道共同维护台海和平稳定,共同追求和平统一的美好未来。
图说:9月25日,国台办发言人朱凤莲回答记者提问。新华社记者 陈晔华 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.