Connect with us

China

ပါလက်စတိုင်းပြည်သူများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို လက်တွေ့ အာမခံပေးရန် လူ့အခွင့်အရေးကောင်စီတွင် တရုတ်နိုင်ငံ ကိုယ်စားလှယ် တိုက်တွန်း

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ပါလက်စတိုင်း-အစ္စရေးအရေး အရေးပေါ်တံခါးဖွင့်အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ပါလက်စတိုင်းအရေးအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြားနိုင်ငံတကာအဖွဲ့အစည်းများ ကိုယ်စားလှယ် သံအမတ်ကြီး ချန်ရွှိက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၇ ကြိမ်မြောက် အစည်းအဝေး ပါလက်စတိုင်းနှင့် အခြား သိမ်းပိုက်ခံထားရသော အာရေဗျ နယ်မြေ လူ့အခွင့်အရေးအခြေအနေ စိစစ်သုံးသပ်မှုဆိုင်ရာ ပုံမှန် အချေအတင်ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

ပါလက်စတိုင်းပြဿနာသည် နှစ်ပေါင်း ၇၀ ကျော် ကြာသည့်တိုင်မပြီးနိုင် ဖြစ်နေရာ ပါလက်စတိုင်းပြည်သူများအတွက် ကြီးမားသော ဒဏ်ရာ ဖြစ်စေပါကြောင်း ချန်ရွှိက ပြောကြားခဲ့သည်။
ဂါဇာပဋိပက္ခ ပေါက်ကွဲဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ပြည့်တော့မည် ဖြစ်သော်လည်း တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သလို လက်ဘနွန်စစ်မီးကလည်း စတင်တောက်လောင်လာရာ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ၏ ဖော်ဆောင်မှုမှာ ပို၍ခဲယဉ်းလာကြောင်း၊ တရုတ်နိုင်ငံသည် ပါလက်စတိုင်းနှင့် အခြား သိမ်းပိုက်ခံထားရသော အာရေဗျ နယ်မြေ၏ လူ့အခွင့်အရေး အခြေအနေကို အထူး ဂရုပြုရာ ပါလက်စတိုင်းပြည်သူများ အမျိုးသားတရားဝင်အခွင့်အရေး၏ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ရန် အစဉ် ခိုင်မာစွာ ထောက်ခံသလို အပြစ်မဲ့ အရပ်သားပြည်သူများ အထူးသဖြင့် အမျိုးသမီး၊ ကလေးငယ်များအား ထိခိုက်ဒဏ်ရာရစေသည့် လုပ်ဆောင်မှုမှန်သမျှကို ဆန့်ကျင်၊ အပြစ်တင် ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရေရှည် အပစ်ရပ်ရေးကို ချက်ချင်း အကောင်အထည်ဖော်ရန်၊ ပဋိပက္ခများ ပြင်းထန်ကာ ဒေသတွင်း တင်းမာမှုအခြေအနေ အရှိန်အဟုန် မြင့်တက်အောင် လုပ်ဆောင်မှု မှန်သမျှကို ရပ်တန့်ရန်၊ ဂါဇာလူသားချင်းစာနာမှု ကပ်ဘေးပြေလျော့အောင် လက်တွေ့ဖော်ဆောင်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ၏ ပါလက်စတိုင်းပြည်သူများ၏အခွင့်အရေးအား ကာကွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ သက်ဆိုင်ရာအကြံပြုချက်များကို လက်တွေ့ ဖော်ဆောင်ကာ ပါလက်စတိုင်းပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို လက်တွေ့အာမခံပေးသင့်ပါကြောင်း၊ ကုလသမဂ္ဂ ဦးဆောင်မှုနှင့် ဦးစီးမှုအောက်တွင် ပို၍ ကျယ်ပြန့်သော၊ ပို၍ ဩဇာအရှိန်အဝါ ရှိသော၊ ပို၍ လက်တွေ့ကျထိရောက်မှုရှိသော နိုင်ငံတကာ ငြိမ်းချမ်းရေး အစည်းအဝေးများကို အမြန်ဆုံးကျင်းပကာ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ၏ အသေးစိတ် အချိန်ဇယားနှင့် လမ်းပြမြေပုံကို ရေးဆွဲဖော်ဆောင်ပြီး ပါလက်စတိုင်းအရေး ဘက်စုံထောင့်စုံ၊ သမာသမတ်ကျ၊ ရေရှည်ဖြေရှင်းမှုကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့အတွက် တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ချန်ရွှိက အလေးထားပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
中国代表在人权理事会呼吁切实保障巴勒斯坦人民合法权益
新华社日内瓦10月2日电 中国常驻联合国日内瓦办事处和瑞士其他国际组织代表陈旭大使2日在联合国人权理事会第57届会议审议巴勒斯坦和其他阿拉伯被占领土人权状况一般性辩论上发言,阐述中方关于巴勒斯坦问题主张。
陈旭指出,巴勒斯坦问题延宕70多年,给巴勒斯坦人民带来巨大创伤。加沙冲突爆发即将满一年,但战事仍在持续,黎巴嫩战火又起,“两国方案”的实现更加困难。中方高度关注巴勒斯坦及其他阿拉伯被占领土人权状况,一贯坚定支持巴勒斯坦人民争取恢复民族合法权利的正义事业,反对和谴责一切伤及无辜平民特别是妇女、儿童的行动。中方呼吁立即实现持久停火,停止任何激化矛盾导致地区局势升级的举动,切实缓解加沙人道主义灾难。
陈旭强调,国际社会应切实执行联合国大会和人权理事会关于保护巴勒斯坦人民权利的决议及国际法院有关咨询意见,切实保障巴勒斯坦人民合法权益,并在联合国主导和组织下,尽快召开更大规模、更具权威、更有实效的国际和平会议,制定落实“两国方案”的具体时间表和路线图,推动巴勒斯坦问题全面、公正、持久解决。中方愿同国际社会一道为此作出不懈努力。(完)
1. 这是9月4日在位于纽约的联合国总部拍摄的安理会巴以问题紧急公开会现场。