Connect with us

International Organizations

လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ မူလနေရာတွင် ခေတ္တဆက်လက်တပ်စွဲရန် စီစဉ်ထား

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် လေကြောင်းတိုက်ခိုက်မှုပြီးနောက် အဆောက်အအုံအပျက်အစီးများအတွင်း ကျန်ရှိနေသည့် မီးစများကို အောက်တိုဘာ ၃ ရက်က အမျိုးသားတစ်ဦး ညွှန်ပြနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂက စေလွှတ်ထားသော လက်ဘနွန်နိုင်ငံတောင်ပိုင်းနယ်စပ်ဒေသရှိ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များသည် မူလနေရာ၌ ခေတ္တဆက်လက်တပ်စွဲထားရန် ဆုံးဖြတ်ထားကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလှုပ်ရှားရေးအဖွဲ့တာဝန်ရှိသူက အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ ယင်းမတိုင်မီ အစ္စရေးက လက်ဘနွန် ဟစ်ဇ်ဘိုလာ ပစ်မှတ်များကို မြေပြင်စစ်ဆင်ရေးများ ပြုလုပ်တော့မည်ဟု ပြောကြားခဲ့ပြီး လက်ဘနွန်တောင်ပိုင်းရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖွဲ့ဝင်များကို အမြန်ဆုံး ဆုတ်ခွာရန် တောင်းဆိုခဲ့သည်။
လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) ကို ဆက်လက်စခန်းချထားရှိခြင်းသည် ဘက်စုံ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးပြီးနောက် ပြုလုပ်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုရေးရာ လက်ထောက် အထွေထွေ အတွင်းရေးမှူး Jean-Pierre Lacroix က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ UNIFIL သည် အစ္စရေးနှင့် လက်ဘနွန် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များနှင့် အမြဲ အဆက်အသွယ် ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။ “လက်ရှိ အလွန်ကြမ်းတမ်းခက်ထန်တဲ့ အခြေအနေတွေအောက်မှာ UNIFIL က လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ အစွမ်းကုန် လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
၁၉၇၈ ခုနှစ်တွင် အစ္စရေးသည် လက်ဘနွန်ကို ပထမဆုံးအကြိမ် ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် မကြာမီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၄၂၅ ကို အတည်ပြုခဲ့ကာ အစ္စရေး၏ ဆုတ်ခွာမှုကို ကြီးကြပ်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပြန်လည်ထူထောင်ရန် UNIFIL ကို တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ လက်ဘနွန်အစိုးရ၏ တောင်းဆိုချက်နှင့် လက်ဘနွန်တောင်ပိုင်းဒေသ အခြေအနေများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် UNIFIL စခန်းချထားမည့်ကာလကို ဆက်လက် သက်တမ်းတိုးခဲ့သည်။
၂၀၀၆ ခုနှစ် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့ နှင့် အစ္စရေး အကြား အပြန်အလှန် ပစ်ခတ်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ထိုနှစ် သြဂုတ်လတွင် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် ၁၇၀၁ ကို အတည်ပြုခဲ့ရာ လက်ဘနွန်နှင့် အစ္စရေး နှစ်ဖက်စလုံးကို ရန်လိုလှုပ်ရှားမှုများ ရပ်တန့်ရန်၊ လစ်တာနီမြစ်မှ လက်ဘနွန်-အစ္စရေးယာယီနယ်စပ်၏ “အပြာရောင်စည်း” ကြား လက်ဘနွန် အစိုးရတပ်နှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့မှလွဲ၍ မည်သည့်အခြားလက်နက်ကိုင်တပ်ဖွဲ့များ မရှိရန် တောင်းဆိုခဲ့သည်။ ဆုံးဖြတ်ချက်သည် UNIFIL ၏ မစ်ရှင်လုပ်ပိုင်ခွင့်ကိုလည်း တိုးချဲ့ခဲ့ပြီး လက်ဘနွန်တောင်ပိုင်းဒေသ လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် တပ်ဖွဲ့ဝင်အင်အားများ တိုးမြှင့်ချထားခဲ့သည်။ ယခုနှစ်ဧပြီလအထိ UNIFIL သည် နိုင်ငံအများအပြားမှ စစ်သားနှင့် အရပ်ဘက်အမှုထမ်း ၁၀,၀၀၀ ဖြင့် ဖွဲ့စည်းထားကြောင်း UNIFIL ၏ တရားဝင်ဝက်ဘ်ဆိုက် ဖော်ပြချက်အရ သိရသည်။
ယခုသီတင်းပတ်အစောပိုင်းတွင် အစ္စရေးစစ်တပ်သည် UNIFIL တပ်ဖွဲ့များကို “အပြာရောင်စည်း” မှ ၅ ကီလိုမီတာအကွာရှိ နေရာများသို့ ဆုတ်ခွာရန်၊” ခင်ဗျားတို့ရဲ့ (UNIFIL ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့ဝင်များ) လုံခြုံမှု သေချာစေဖို့ မြန်လေကောင်းလေ” ဟု တောင်းဆိုထားကြောင်း ရိုက်တာ သတင်းဌာန၏အဆိုအရ သိရသည်။
UNIFIL ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့ဝင်အားလုံးသည် လက်ရှိတွင် မူလနေရာ၌ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အစ္စရေးနှင့် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့ တို့သည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့ဝင်၏ ဘေးကင်းရေးကို ကာကွယ်ရန် တာဝန်ရှိသည်ဟု Lacroix က ပြောကြားခဲ့သည်။
လက်ဘနွန်နယ်နိမိတ်အတွင်း “အကန့်အသတ်နဲ့ ပစ်မှတ်ထားတိုက်ခိုက်တဲ့ မြေပြင်စစ်ဆင်ရေးတွေ” ဖြစ်လာနိုင်သည်ဟု UNIFL က ကြိုတင်မျှော်မှန်းထားပြီး ဖြစ်နိုင်သည့်အခြေအနေအမျိုးမျိုးအတွက် အရေးပေါ်အစီအစဉ်များကို ရေးဆွဲထားကြောင်း Lacroix က ထုတ်ဖော်ပြခဲ့သည်။ UNIFIL သည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့ဝင်များ၏ ဘေးကင်းမှု သေချာစေရန် အခြေအနေ ဖြစ်ပေါ်နေမှုကို ဆက်လက် အကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ လလယ်က လက်ဘနွန်တွင် ဆက်သွယ်ရေး ကိရိယာ ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ပွားပြီးနောက် လက်ဘနွန်နှင့် အစ္စရေးတို့ကြား ပဋိပက္ခသည် ရုတ်တရက် ပြင်းထန်လာသည်။ အစ္စရေးသည် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် Hassan Nasrallah အပါအဝင် ဟစ်ဇ်ဘိုလာအဖွဲ့မှ အကြီးတန်းပုဂ္ဂိုလ်အများအပြားကို “ပစ်မှတ်ထား ရှင်းလင်းခြင်းများ” ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ လက်ဘနွန်တောင်ပိုင်းနယ်စပ်ဒေသရှိ ဟဇ်ဘိုလာပစ်မှတ်များကို “အကန့်အသတ်ဖြင့် မြေပြင်စစ်ဆင်ရေးများ” စတင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာ ၁ ရက် နံနက်အစောပိုင်းတွင် ကြေညာခဲ့ပြီး နောက်ပိုင်း၌ လေကြောင်းအကူအညီဖြင့် လက်ဘနွန်ကို မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
လွန်ခဲ့သောနှစ်အတွင်း အစ္စရေးက လက်ဘနွန်အပေါ် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းကြောင့် လက်ဘနွန်တွင် လူပေါင်း ၁.၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး လူပေါင်း ၂,၀၀၀ နီးပါး သေဆုံးခဲ့ရာ ၎င်းအနက် အများစုမှာ လွန်ခဲ့သည့် နှစ်ပတ်အတွင်း အစုလိုက်အပြုံလိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လက်ဘနွန်အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ (Xinhua)

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် လေကြောင်းတိုက်ခိုက်မှုပြီးနောက် အဆောက်အအုံအပျက်အစီးများကို အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ Khiam မြို့တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ ကားတစ်စီးကို ဇန်နဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………..
(Chinese Version)
联合国驻黎巴嫩临时部队暂定继续原地驻扎
新华社北京10月4日电 联合国维和行动负责人3日表示,联合国派驻黎巴嫩南部边境地区的维和部队决定暂时继续驻扎原地。此前,以色列称即将对黎真主党目标展开地面行动,要求黎南部维和人员尽快撤离。
联合国负责维和事务的副秘书长让-皮埃尔·拉克鲁瓦在纽约联合国总部告诉媒体记者,联合国驻黎巴嫩临时部队(联黎部队)继续驻扎是经全面深入讨论后作出的决定。他说,联黎部队与以色列和黎巴嫩的军事力量方面一直保持联系。“在当前极度艰难的形势下,联黎部队正尽最大努力继续执行安理会决议。”
1978年,以色列首次入侵黎巴嫩,联合国安全理事会随后通过第425号决议,设立联黎部队,以监督以色列撤军,恢复地区和平与安全。此后,应黎政府要求以及黎南部地区局势的需要,联黎部队的驻扎期一再延长。
2006年,黎真主党和以色列爆发大规模交火,安理会同年8月通过1701号决议,要求黎以双方停止敌对行动,在利塔尼河至黎以临时边界“蓝线”之间除黎政府军和联合国维和部队,不得存在任何其他武装。决议还扩大对联黎部队的任务授权,增加兵力配备,以维护黎巴嫩南部地区的安全。据联合国官网介绍,截至今年4月,联黎部队由来自多国的1万多名军人及文职人员组成。
据路透社报道,本周早些时候,以军要求联黎部队撤往距“蓝线”5公里以外地区,“越快越好,以确保你们(联黎部队维和人员)的安全”。
拉克鲁瓦说,所有联黎部队维和人员暂时都将坚守原地,以色列和黎巴嫩真主党有义务保护维和人员安全。
拉克鲁瓦透露,联黎部队预期黎巴嫩境内将发生“有限而有针对性的地面行动”,已就各种可能状况制定应急预案。联黎部队将持续评估形势发展,以确保维和人员安全。
黎巴嫩9月中旬发生大规模通信设备爆炸事件后,黎以冲突陡然升级。以色列连续“定点清除”包括黎巴嫩真主党领导人赛义德·哈桑·纳斯鲁拉在内的多名真主党高层人物。以军10月1日凌晨宣布,已开始在黎巴嫩南部边境地区对黎真主党目标进行“有限地面行动”,此后在空中支持下对黎巴嫩实施地面打击。
据黎政府数据,以色列过去一年对黎巴嫩的持续袭击导致黎方超过120万人流离失所,近2000人丧生,其中大部分集中在过去两周。(孙硕)
图说:10月3日,在黎巴嫩首都贝鲁特,男子指向空袭过后废墟中的余火。新华社发(比拉尔·贾维希摄)
图说:这是10月3日在黎巴嫩首都贝鲁特拍摄的空袭过后的废墟。新华社发(比拉尔·贾维希摄)
图说:这是1月4日在黎巴嫩希亚姆拍摄的联合国维和部队车辆。新华社发(塔希尔·阿布·哈姆丹摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.