Latin America
ဘုံသဘောတူညီမှုများကို စုစည်းပြီး “ကမ္ဘာ့တောင်ဘက်ခြမ်းအသံ” အား အတူတကွ သီဆိုဟစ်ကြွေးခြင်း၊ “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲက ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်အသစ်ကို ဖွင့်လှစ်ပေး
ဆော်ပေါ်လို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
“ကမ္ဘာ့တောင်ဘက်ခြမ်းအသံ” ကိုသီဆိုဟစ်ကြွေးကာ “ကမ္ဘာ့တောင်ဘက်ခြမ်း၏ တာဝန်ယူမှု” ကိုပြသမည်။ “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုတွင် ကျင်းပခဲ့သည်။
အဆိုပါဖိုရမ်ကို တက်ရောက်လာကြသည့် ပညာရှင်အများအပြားက ယခုအကြိမ်ဖိုရမ်သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက် ခေတ်မီအသွင်ပြောင်းသော၊ ပိုမိုသာယာကောင်းမွန်သော ကမ္ဘာကြီး တည်ဆောက်ရေးကို အတူတကွ လျှောက်လှမ်းနိုင်ရန် စိတ်ဓာတ်နှင့် ခွန်အားများ စုစည်းကာ လမ်းညွှန်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှာဖွေကြ
ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် လက်တွေ့ကျ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များနှင့် လုပ်ဆောင်ချက်များဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဘုံသာယာဝပြောရေးကို မြှင့်တင်လျက်ရှိပြီး “ကမ္ဘာ့တောင်ဘက်ခြမ်း” ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရှင်သန်စွမ်းအားများ ပံ့ပိုးပေးသည်ဟု နိုင်ငံအများအပြားမှ ပညာရှင်များက ပြောကြားခဲ့သည်။
ယခုအကြိမ် ဖိုရမ်သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်၊ ပြည်သူများ နားလည်မှုကို မြှင့်တင်ရန်နှင့် သတင်းအချက်အလက် လမ်းကြောင်းများ ချဲ့ထွင်ရန် အခွင့်အလမ်းများ ပေးဆောင်ကြောင်း ဘရာဇီးဆက်သွယ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ Jean Lima က ဖိုရမ်တွင် ပြောကြားခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု၏ အရေးကြီးသော အုတ်မြစ်များအနက် တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဘုံရည်မှန်းချက်များ အထူးသဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု (AI) စီမံခန့်ခွဲမှုနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု စသည့် ထွန်းသစ်စ နယ်ပယ်များတွင် ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရန် တွန်းအားပေးသင့်ကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂရုံး (UNOSSC) ညွှန်ကြားရေးမှူး Dima Al-Khatib က အလေးထား ပြောကြားခဲ့သည်။
ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများရှိ မီဒီယာများသည် ဤလုပ်ငန်းစဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ အပြန်အလှန်နားလည်မှု တိုးတက်စေရန်၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံများကို မျှဝေရန်နှင့် စည်းလုံးညီညွတ်မှုရှိသောအသိုက်အဝန်း တည်ဆောက်ရန်အတွက် အဖိုးတန်သောပလက်ဖောင်း ပေးပိုးပေးခဲ့သည်ဟု Al-Khatib က ပြောကြားခဲ့သည်။
ဗဟုအသွင် အခင်းအကျင်းသစ်အတွက် အပြန်အလှန်ပံ့ပိုးမှု
လက်ရှိတွင် ကမ္ဘာကြီးသည် မတည်ငြိမ်သော အပြောင်းအလဲကာလသစ်တစ်ခုကို ရောက်ရှိနေသည်။ ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်မှုသို့ ဦးတည်သည့် နိုင်ငံတကာစနစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်းသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပခုံးထက်က မြင့်မြတ်သော သမိုင်းဝင် တာဝန်ဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံရှိ မီဒီယာ၊ တတ်သိပညာရှင်များ ရင်ဆိုင်နေရသော ခေတ်၏ ဘုံပြဿနာလည်း ဖြစ်သည်။
BRICS နိုင်ငံများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် ကဏ္ဍများစွာတွင် ရပ်တည်ချက် တသမတ်တည်ရှိကြရာ မီဒီယာများသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအကြား နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အဆိုပါအသံများကို မားမားမတ်မတ် ဆက်လက်ဖော်ပြသင့်သည်ဟု ရုရှားနိုင်ငံ TASS သတင်းဌာန၏ ပထမ ဒုတိယဥက္ကဋ္ဌ Mikhail Gusman က ပြောကြားခဲ့သည်။
အားလုံးပါဝင်နိုင်သောသဘောထားဖြင့် ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို တွန်းအားပေးရန် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” နှင့် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ကြောင့်ဖြစ်ပေါ်လာသည့် နက်ရှိုင်းသော ပြဿနာများကို အတူတကွဖြေရှင်းရန် လိုအပ်သည်ဟု တူကီယဲနိုင်ငံ အာရှ-ပစိဖိတ် သုတေသနစင်တာ၏ ညွှန်ကြားရေးမှူး Selcuk Colakoglu က ယူဆသည်။
တရုတ်နိုင်ငံသည် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” ၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက် တောင်းဆိုမှုများကို အမြဲထောက်ခံခဲ့ပြီး နိုင်ငံတကာရေးရာများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တက်ကြွစွာ ထုတ်ဖော်ပြောဆိုပေးခဲ့ကြောင်း ကမ္ဘောဒီးယားတော်ဝင် သိပ္ပံအကယ်ဒမီ၏ နိုင်ငံတကာဆက်ဆံရေးအင်စတီကျုမှ ဒါရိုက်တာ Kin Phea က ပြောကြားခဲ့သည်။ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများတွင် မီဒီယာများနှင့် တတ်သိပညာရှင်များအကြား ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုတန်းတူညီမျှသော၊ စည်းစနစ်ကျသော ဗဟုအသွင်ပြောင်းကမ္ဘာကြီး တည်ဆောက်ရေးကို တွန်းအားပေးရာတွင် အထောက်အကူဖြစ်စေသည်ဟု ၎င်းက ယူဆသည်။
ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွဖြေရှင်း
လက်ရှိတွင် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” ၏ အရှိန်အဟုန်မှာ အားကောင်းကြီးမားလာပြီး လူသားမျိုးနွယ် တိုးတက်ရေးလုပ်ငန်းတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ယခုအကြိမ်ဖိုရမ်သည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် တွန်းအားအသစ်များ ပေးဆောင်ခဲ့သည်ဟု နိုင်ငံအများအပြားမှ ပညာရှင်များက ပြောကြားခဲ့သည်။
ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများတွင် သဘာဝသယံဇာတများ ပေါကြွယ်ဝမှုနှင့် လူဦးရေထူထပ်မှုများရှိပြီး ယင်းတို့သည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ဧရာမကြီးမားသော အလားအလာများ ပေးစွမ်းနိုင်သော်လည်း ၎င်းနိုင်ငံများတွင် စီးပွားရေးမညီမျှမှုနှင့် ရာသီဥတုဖောက်ပြန်မှု ဆိုးရွားလာခြင်းစသည့် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု သီရိလင်္ကာနိုင်ငံ နာမည်ကျော် နိုင်ငံတကာရေးရာ ကျွမ်းကျင်ပညာရှင်၊ သီရိလင်္ကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဖွဲ့အစည်း တည်ထောင်သူ ဒါရိုက်တာ Yasiru Ranarajah က ပြောကြားခဲ့သည်။ “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” သည် ဘုံအကျိုးစီးပွားကို အခြေခံ၍ အတူကြိုးပမ်း ဖြေရှင်းရန်၊ အစိမ်းရောင်နှင့် အားလုံးပါဝင်နိုင်သော တိုးတက်မှုကို တက်ကြွစွာ တွန်းအားပေးရန်၊ လေးစားမှု၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့မှုတို့ကို အခြေခံသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ထူထောင်ရန် လိုအပ်ကြောင်း ၎င်းက ယူဆသည်။
ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားအား အပြန်အလှန်လေးစားမှုကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှုကို စတင်ကာ ဗိုလ်ကျစိုးမိုးမှု မရှိသော၊ သဟဇာတဖြစ်သော ကမ္ဘာကြီးကို တည်ဆောက်သွားရန် ကြိုးပမ်းအားထုတ်သင့်ကြောင်း ရုရှားသိပ္ပံအကယ်ဒမီမှ တရုတ်နှင့် ခေတ်သစ် အာရှရေးရာ သုတေသနဌာန ဒါရိုက်တာ Kirill Babaev က ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(Chinese Version)
凝聚共识唱响“南方声音”——“全球南方”媒体智库高端论坛开启发展振兴新征程
新华社圣保罗11月12日电
唱响“南方声音”,展现“南方担当”。11月11日至12日,“全球南方”媒体智库高端论坛在巴西圣保罗举行。多位与会专家表示,此次论坛为全球南方国家共同迈向现代化、建设更美好世界凝心聚力、指引方向。
南南合作谋发展
多国专家表示,南南合作正以实实在在的合作方案和行动促进全球南方国家共同繁荣,为推动“全球南方”可持续发展提供活力。
巴西通讯公司总裁让·利马在论坛上表示,此次论坛为全球南方国家提供了加强合作、促进人民理解和拓宽信息渠道的机会。
联合国南南合作办公室主任迪玛·哈提卜强调,南南合作是全球团结的重要基石之一,全球南方国家应通过紧密合作推动实现共同目标,尤其是在数字经济、人工智能治理和科技创新等新兴领域实现协同发展。
哈提卜说,全球南方国家媒体在这一过程中扮演着关键角色,为增进彼此理解、分享发展经验和构建团结的社区提供了宝贵平台。
多极格局互支持
当前,世界进入新的动荡变革期。推动国际秩序朝着更加公正合理的方向发展,是全球南方国家肩负的神圣历史使命,也是全球南方媒体智库面临的共同时代课题。
俄罗斯塔斯社第一副社长米哈伊尔·古斯曼表示,金砖国家和全球南方国家在多个领域保持一致立场,媒体应继续坚定传递这些声音,以促进全球南方国家间的深度合作。
土耳其亚太研究中心主任塞尔丘克·乔拉克奥卢认为,“全球南方”和发达国家需要共同解决经济全球化带来的深层次问题,以包容态度推动全球共赢。
柬埔寨皇家科学院国际关系研究所所长金平表示,中国始终支持“全球南方”的发展诉求,并在国际事务中积极为发展中国家发声。他认为,全球南方国家的媒体与智库间的交流合作,有助于推动构建更加平等、有序的多极化世界。
全球挑战共应对
当前,“全球南方”声势卓然壮大,在人类进步事业中发挥着越来越重要的作用。多国专家表示,此次论坛为解决全球性挑战提供了新动力。
斯里兰卡知名国际问题专家、斯里兰卡“一带一路”组织创始董事亚西鲁·拉纳拉贾表示,全球南方国家拥有丰富的自然资源和庞大人口,这为其实现可持续发展提供了巨大潜力,但这些国家同时还面临经济不平等、气候变化加剧等严峻挑战。他认为,“全球南方”需要在共同利益基础上协力应对,积极推动绿色和包容性增长,建立基于尊重、公平与可持续性的合作关系。
俄罗斯科学院中国与现代亚洲研究所所长基里尔·巴巴耶夫说,全球南方国家在尊重彼此主权和国家利益的基础上展开合作,致力于建设一个不存在霸权的和谐世界。(完)
图说:11月11日,在巴西圣保罗,与会者参加首届“全球南方”媒体智库高端论坛。新华社记者 王天聪 摄