Connect with us

China

အတူတကွ ချမ်းသာကြွယ်ဝမှုကို မြှင့်တင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီရေးအား အခိုင်အမာ ဆောင်ရွက်_____တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အောင်နိုင်ခြင်း၏ ကမ္ဘာ့ အနက်အဓိပ္ပါယ် (အပိုင်း-၄)

ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

မကြာသေးမီက ကျင်းပခဲ့သည့် G20 ခေါင်းဆောင်များ ရီယိုဒီဂျနေရိုး ထိပ်သီးအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေး အတွေ့အကြုံများအား ကမ္ဘာသို့ မိတ်ဆက်ပေးခဲ့ပါသည်။ ၎င်းတို့အနက် “အတူတကွ ချမ်းသာကြွယ်ဝမှုကို မြှင့်တင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီရေးအား အခိုင်အမာ ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးပြီးဒေသများနှင့် ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများ ‘အစုံလိုက် အတွဲလိုက်’ အပြန်အလှန် ဖေးမကူညီမှုအား တွန်းအားပေးခြင်း” ၏ အောင်မြင်မှု အတွေ့အကြုံများက နိုင်ငံအသီးသီး လူပုဂ္ဂိုလ်များအတွက် စွဲမြဲစွာ အမှတ်ရစေခဲ့ပေသည်။ တရုတ်နိုင်ငံသည် စုပေါင်းအင်အားဖြင့် ကြီးမားသည့်ကိစ္စရပ်များကို ဆောင်ရွက်သော နိုင်ငံရေးအားသာချက်သည် ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေး ခိုင်မာသော တိုက်ပွဲ၏ ဘုံရည်မှန်းချက်၊ အတူတကွ လှုပ်ရှားဖော်ဆောင်မှု ဖြစ်တည်စေခဲ့သည်။ ဆင်းရဲနွမ်းပါး၊ အခက်အခဲရှိသူများအား ကူညီဖေးမသော တရုတ်လူမျိုးတို့၏ ကောင်းမွန်သည့် စာရိတ္တ အစဉ်အလာကို ဆက်ခံ၍ ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေးတိုက်ပွဲကို အတိုင်းအဆမရှိသော အင်အားများ စုစည်းကာ အင်တိုက်အားတိုက် အနိုင်တိုက်နိုင်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု ပြဿနာ ဖြေရှင်းရေးအတွက် အကျိုးဖြစ်ထွန်းစေသည့် လေ့လာစရာ အထောက်အပံ့ဖြစ်စေခဲ့ပေသည်။

အတူတကွ ချမ်းသာကြွယ်ဝမှုကို မြှင့်တင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီရေးအား အခိုင်အမာ ဆောင်ရွက်ခြင်းသည် တရုတ်လူမျိုးများ၏ ဆင်းရဲနွမ်းပါး၊ အခက်အခဲရှိသူများအား ကူညီဖေးမပေးသော အစဉ်အလာကောင်း၏ နှစ်ပေါင်းထောင်ကျော် ဆက်ခံမှု ဖြစ်သည်။ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဆင်းရဲနွမ်းပါးမှု ဖေးမကူညီပေးရေး လုပ်ငန်း၌ လူမှုအသိုက်အဝန်း အကူအညီပေးမှု၏ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်မှုကို အထူးအလေးထားရာ တရုတ်လူမျိုးတို့၏ အပြန်အလှန်ရိုင်းပင်းကူညီခြင်း၊ အခက်အခဲများကို စိတ်တူကိုယ်တူ ကျော်လွှားခြင်း၊ ဆင်းရဲနွမ်းပါး အခက်အခဲရှိသူများအား ကူညီပေးခြင်း၏ ကောင်းမွန်သည့် အစဉ်အလာကောင်းကို ဆက်ခံရန် အလေးထားပြောကြားခဲ့ပေသည်။ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ အဆိုပြု၊ တွန်းအားပေးမှုအောက်တွင် တရုတ်နိုင်ငံသည် လူမှုအသိုက်အဝန်း အကူအညီပေးမှုပုံစံများ စဉ်ဆက်မပြတ် ဆန်းသစ် ဖန်တီးခဲ့ရာ လူတိုင်းပါဝင်ဆောင်ရွက်လိုခြင်း၊ လူတိုင်းဆောင်ရွက်၍ ရခြင်း၊ လူတိုင်းဆောင်ရွက်နိုင်ခြင်း ဟူသော လူမှုအသိုက်အဝန်း အကူအညီပေးသည့် အခင်းအကျင်း ဖြစ်ပေါ်လာပါသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လက်တွေ့ဆောင်ရွက်မှုတွင် တရုတ်နိုင်ငံသည် မွန်မြတ်သည့်ရိုးရာယဉ်ကျေးမှုမှ စဉ်ဆက်မပြတ် ရယူကာ လူမှုအသိုက်အဝန်းတစ်ခုလုံး ဆင်းရဲနွမ်းပါး၊ ခက်ခဲသူများအား ကူညီဖေးမပေးသော ပတ်ဝန်းကျင်ကို အပြည့်အဝ တည်ဆောက်ခဲ့ပေသည်။ စင်စစ်တွင်မူ ကမ္ဘာ့မတူညီသော ယဉ်ကျေးမှုများတွင် အပြန်အလှန် ရိုင်းပင်းကူညီခြင်း၊ စိတ်တူကိုယ်တူ အခက်အခဲများကို ကျော်လွှားခြင်း၊ ဆင်းရဲနွမ်းပါး အခက်အခဲရှိသူများအား ကူညီပေးခြင်း စသည့် တန်ဖိုး၏အတွေးအခေါ်နှင့် မွန်မြတ်သည့် စာရိတ္တများ စီးဆင်းလျက်ရှိပေသည်။ ဥပမာဆိုရသော် အာဖရိက ဆိုရိုးစကားတွင် “တစ်ဦးတည်း ခရီးနှင်က လျင်မြန်ပြီး စုပေါင်းခရီးနှင်က ခရီးဝေးသို့ လျှောက်လှမ်းနိုင်၏” ဟူ၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း အင်အားကို အလေးထားဖော်ပြထားပါသည်။ တောင်အာဖရိက လူသားချင်းစာနာထောက်ထားမှု (Ubuntu) အတွေးအခေါ်တွင်လည်း “ကရုဏာ မေတ္တာ၊ အတူမျှဝေမှု” ကို ရှေ့ဆောင်ပြုထားသလို “တစ်လောကလုံး အကျိုးရှိမှသာ မိမိနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်သည်” ဟူသော လက်တင်အမေရိက၏ ဒဿနအဆိုတွင်လည်း အပြန်အလှန် မှီခိုခြင်း၊ အပြန်အလှန် မြှင့်တင်ခြင်းကို အလေးထားပေသည်။

မွန်မြတ်ကောင်းမွန်သည့်ရိုးရာယဉ်ကျေးမှုသည် ခေတ်ကာလနှင့်ပေါင်းစည်းနိုင်ပြီး လက်တွေ့အနက်အဓိပ္ပါယ် ပိုမိုကြီးမားကြောင်း ပေါ်လွင်စေသည်ကို တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွေ့အကြုံက ပြသပြီး ဖြစ်ပေသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကူညီဖေးမရေးတွင် စိတ်တူကိုယ်တူ စုပေါင်းအင်အားလိုအပ်ရာ နိုင်ငံအသီးသီးအနေဖြင့် မိမိတို့၏ ကောင်းမွန်သည့် ရိုးရာယဉ်ကျေးမှုကို အပြည့်အဝ ရှာဖွေမြှင့်တင်ခြင်းသည် ပြည်သူ့ဆန္ဒနှင့် အင်အားကို စုစည်းခြင်းအတွက် အကျိုးဖြစ်ထွန်းစေပြီး လူမှုအသိုက်အဝန်းတစ်ခုလုံး တိုးတက်လိုမှု၊ ကောင်းမွန်လိုမှုကို တက်လှမ်းစေသည့် အပြုသဘောစွမ်းအင် ဖြစ်ထွန်းစေသလို မိမိနိုင်ငံ ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေး ရည်မှန်းချက်ကို နောက်ဆုံးတွင် အကောင်အထည်ဖော်နိုင်သည့် အထောက်အပံ့ ဖြစ်စေသည်။

အတူတကွ ချမ်းသာကြွယ်ဝမှုကို မြှင့်တင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီရေးအား အခိုင်အမာ ဆောင်ရွက်ခြင်းသည် ဘက်ပေါင်းစုံ၏ အင်အားကို စုစည်းခြင်းက ကြီးမားသော စုပေါင်းအင်အားရှိသည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလမ်းကြောင်း ဖြစ်စေကြောင်းကို အနက်ဖွင့်ဆိုခဲ့ပြီးဖြစ်ပေသည်။ ဆင်းရဲနွမ်းပါးမှု ကူညီရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသည် ခက်ခဲကြီးမားရှုပ်ထွေးလှသည့်စနစ် စီမံကိန်း ဖြစ်ရာ ဘက်ပေါင်းစုံမှ တက်ကြွစွာ ပါဝင်လာစေရေး နှိုးဆော်ပေးရန် လိုအပ်သည်။

ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေး ခိုင်မာသော တိုက်ပွဲအတွက် တရုတ်နိုင်ငံသည် “တစ်ပြည်လုံး ကျားကွက်ချ” အခိုင်အမာ ဆောင်ရွက်ခဲ့ရာ ကျယ်ပြန့်၊ ထိရောက်သည့် စည်းရုံးမှုနှင့် ဘက်ပေါင်းစုံ၏ အင်အား စုစည်းမှု၊ အစိုးရ-လူမှုအသိုက်အဝန်း-ဈေးကွက်ကို ဟန်ချက်ညီညီ ရှေ့တွန်းဆောင်ရွက်ကာ ဆင်းရဲနွမ်းပါးမှု သီးသန့် အကူအညီပေးခြင်း၊ လုပ်ငန်းဖြင့် ဆင်းရဲနွမ်းပါးမှု အကူအညီပေးခြင်း၊ လူမှုအသိုက်အဝန်းမှ ဆင်းရဲနွမ်းပါးမှု အကူအညီပေးခြင်း ဟူ၍ အပြန်အလှန် ဖြည့်စွက်မှု ရှိသော ဆင်းရဲနွမ်းပါးမှု ကူညီဖေးမခြင်း အခင်းအကျင်းကြီးကို တည်ဆောက်ကာ ဒေသဖြတ်ကျော်၊ ဌာနဖြတ်ကျော်၊ ရုံးအဖွဲ့အစည်းဖြတ်ကျော်၍ လူမှုအသိုက်အဝန်း တစ်ရပ်လုံး အတူတကွ ပါဝင်ကြသည့် ဘက်ပေါင်းစုံ လူမှုအသိုက်အဝန်း ဆင်းရဲနွမ်းပါးမှု ကူညီဖေးမရေးစနစ် ဖြစ်တည်လာပါသည်။ အရှေ့-အနောက် ချိတ်ဆက်၍ ဆင်းရဲနွမ်းပါးမှု ပူးပေါင်းကူညီခြင်းနှင့် တွဲဖက်ကူညီခြင်းဖြင့် ပြည်နယ်ဒေသ၊ မြို့၊ ခရိုင် အလွှာအသီးသီး အကူအညီပေးရေးကို တွန်းအားပေးခဲ့သလို လူရည်ချွန်၊ ရင်းနှီးငွေ၊ နည်းပညာများ ဆင်းရဲနွမ်းပါးဒေသများသို့ စီးဆင်းစေရန် မြှင့်တင်ခဲ့ရာ အားသာချက် အပြန်အလှန်ဖြည့်စွက်မှုကို ဖော်ဆောင်နိုင်ခဲ့ပြီး ဒေသများ၏ ကွာဟချက်ကို နည်းပါးအောင် ဆောင်ရွက်ခဲ့ပေသည်။

အီဂျစ်ရင်းနှီးမြှုပ်နှံသူများအသင်းအဖွဲ့ချုပ်၏ စီးပွားရေးအကြံပေး Mutassim Rashid က ဆင်းရဲနွမ်းပါးမှု အကူအညီပေးရေး၊ မြို့ပြနှင့် ကျေးလက် ဟန်ချက်ညီညီတိုးတက်ရေး စသည့်ကဏ္ဍများတွင် တရုတ်နိုင်ငံအနေဖြင့် ကြီးမားသည့် အောင်မြင်မှု ရရှိခြင်းမှာ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူ့အခြေပြုမှုကို အခိုင်အမာ လက်ကိုင်ထားကာ ဌာနများအကြား အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ပြီး နိုင်ငံအတွက် အတူတကွ ဝန်ဆောင်မှုပေးခြင်း၏ အကျိုးရလဒ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဥဇဘက်ကစ္စတန် သိပ္ပံအကယ်ဒမီ နိုင်ငံနှင့် ဥပဒေရးရာ သုတေသနဌာန အဆင့်မြင့် သုတေသီ Ravshan Nazarov က တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အောင်မြင်မှုက ကဏ္ဍစုံ၊ စနစ်ကျသည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးပုံစံတစ်မျိုးကို ပြသခဲ့ရာ အခြားနိုင်ငံများအတွက် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် လက်တွေ့သာဓက ဖြစ်သည်ဟု ယူဆပေသည်။

အတူတကွ ချမ်းသာကြွယ်ဝမှုကို မြှင့်တင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီရေးအား အခိုင်အမာ ဆောင်ရွက်ခြင်းသည် စနစ်တစ်ခုလုံး အမြင်ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နိယာမကို ကိုင်တွယ်ဆောင်ရွက်သည့် ဓမ္မဓိဋ္ဌာန်ကျသော ရွေးချယ်မှု ဖြစ်သည်။ မည်သည့်နိုင်ငံအတွက်မဆို ဆင်းရဲနွမ်းပါးမှုဟူသော “အားနည်းချက်” ရှိနေဦးမည်ဆိုလျှင် စည်ပင်ဝပြောမှုသည်လည်း ခိုင်မာတည်ငြိမ်သည့် အခြေခံအုတ်မြစ် လိုအပ်ချက်ရှိနေမည် ဖြစ်ပေသည်။ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖော်ဆောင်မှုသည် ဘုံချမ်းသာကြွယ်ဝမှုကို ဦးတည်ခြင်း၊ တိကျမှန်ကန်သည့် နည်းလမ်းကို အားထားဆောင်ရွက်ခြင်း ဖြစ်သည်။ အစိုးရ၊ ဈေးကွက်နှင့် လူမှုအသိုက်အဝန်း အတူတကွ အားထုတ်ကြသည့် “ဆင်းရဲနွမ်းပါးသူများအတွက် အကျိုးဖြစ်ထွန်းစေသော ဈေးကွက်” ယန္တရားကို တည်ဆောက်ခြင်း ဖြစ်ရာ ဆင်းရဲခက်ခဲသူများ၏ ကုန်ထုတ်စွမ်းအားကို လွတ်လပ်ခွင့်ပေးခြင်းက ၎င်းတို့ကို ခွဲဝေစီမံမှု၏ အကျိုးရသူဖြစ်စေရုံသာမက တိုးတက်မှုအတွက် အကျိုးပြုသူ ဖြစ်စေခဲ့ပြီး လူမှုအသိုက်အဝန်းတစ်ခုလုံး ပို၍ ဟန်ချက်ညီ၊ ပို၍ တရားမျှတမှုရှိသော ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် တွန်းအားဖြစ်စေပါသည်။
တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လက်တွေ့ဖော်ဆောင်ခြင်းက တရားမျှတမှုနှင့် ထိရောက်မှု ယုတ္တိနှစ်ရပ်လုံး သက်ဝင်ထင်ရှားစွာ ပေါင်းစည်းနိုင်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု ကူညီဖေးမရေး၊ လျှော့ချရေးသည် အပြုသဘော အပြန်အလှန်အားပြု ဆောင်ရွက်နိုင်ခြင်းကို ပြသသည့် အားကောင်းသော သက်သေပင်ဖြစ်ပေသည်။

ကမ္ဘာတစ်ဝန်းကို ခြုံငုံကြည့်မည်ဆိုလျှင် ကမ္ဘာ့စည်ပင်ဝပြောရေးနှင့် တည်ငြိမ်ရေးမှာ ဆင်းရဲသူများ ဆင်းရဲတွင်းနက်ပြီး ချမ်းသာသူများ ပိုမို ချမ်းသာလာသည့်အပေါ်တွင် အခြေခံ၍ မရပေ။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် နီးကပ်စွာ အပြန်အလှန် ချိတ်ဆက်နေရာ ဆင်းရဲနွမ်းပါးမှုပြဿနာကို နက်နက်နဲနဲ ခံစားနေရသည့် ကမ္ဘာတွင် မည်သည့်နိုင်ငံမဆို ဖွံ့ဖြိုးတိုးတက်မှု စွမ်းအားနှင့် စီးပွားရေးအလားအလာများမှာ ထို့ကြောင့် အကန့်အသတ်ခံရမည်ဖြစ်ပေသည်။ ဆင်းရဲ၊ ချမ်းသာ အလွန်အမင်း ကွာဟမှု၊ တောင်-မြောက် ကွာဟမှုနှင့် ဆင်းရဲနွမ်းပါးမှုကြောင့် ဖြစ်ပေါ်သည့် ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယဖြစ်ပွားမှု၊ လူမှုရေးပဋိပက္ခ ဖြစ်ပွားမှုများမှာ ဆင်းရဲနွမ်းပါးနိုင်ငံနှင့် ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး အတားအဆီး ဖြစ်စေရုံသာမကာ ရေရှည်ကြည့်လျှင် ယင်းမှပြင်ပသို့ ယိုလျှံလာသည့် သက်ရောက်မှုများက လူသားမျိုးနွယ်အသိုက်အဝန်းတစ်ခုလုံး၏ တိုးတက်မှုအပေါ် ဆိုးကျိုးများ ပို၍ သက်ရောက်စေမည် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တိုက်ပွဲသည် ဆင်းရဲနွမ်းပါးသည့် တစ်သီးပုဂ္ဂလ၊ ဒေသ သို့မဟုတ် နိုင်ငံတို့၏ တစ်ယောက်တည်းတိုက်ပွဲ မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီး တစ်လှေတည်းစီး တစ်ခရီးတည်းသွား တက်ညီလက်ညီဆောင်ရွက်သင့်သည့်အရာ ဖြစ်ပေသည်။ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လက်တွေ့ဖော်ဆောင်မှုတွင် ညွှန်ပြထားသကဲ့သို့ပင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဆင်းရဲနွမ်းပါးသည့်နိုင်ငံနှင့် ဒေသများကို တစ်စိတ်တစ်ဝမ်းတည်း လက်ကမ်းကူညီကြမည်ဆိုလျှင် ဆင်းရဲနွမ်းပါးသော လူဦးရေ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်မည် ဖြစ်သလို ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းသော လူဦးရေ၏ ကုန်ထုတ်လုပ်မှုနှင့် စားသုံးနိုင်စွမ်းမှာလည်း လူသားမျိုးနွယ် လူမှုအသိုက်အဝန်း တစ်ခုလုံး၏ အကျိုးစီးပွားကို မြှင့်တင်နိုင်မည် ဖြစ်သည်။

လက်ရှိတွင် “ကမ္ဘာတစ်ဝန်းလုံး ဆင်းရဲနွမ်းပါးမှုပုံစံမှန်သမျှ ပပျောက်ရေး” ဟူသော ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ ပထမရည်မှန်းချက်မှာ တာဝန်ကြီး၍ အလှမ်းဝေးနေဆဲ ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ဆင်းရဲနွမ်းပါးမှု ပြဿနာကို ဖြေရှင်းမည်ဆိုလျှင် ကမ္ဘာကြီး စဉ်ဆက်မပြတ် စည်ပင်ဝပြောရေးအတွက် ခိုင်မာသော အခြေခံ တည်ဆောက်ရမည် ဖြစ်ရာ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းအသိကို ထူထောင်ရန် လိုအပ်ပေသည်။ အပြန်အလှန် ဖေးမကူညီမှု၊ စိတ်တူကိုယ်တူ အခက်အခဲများကို ကျော်လွှားမှု၊ ပို၍ အားလုံးပါဝင်သော၊ ပို၍ အများအကျိုး ဖြစ်ထွန်းသော၊ ပို၍ခံနိုင်ရည်ရှိသော ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမှုကသာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရည်မှန်းချက်ကို ဖော်ဆောင်နိုင်မည် ဖြစ်ပြီး လူသားမျိုးနွယ် ဘုံစည်ပင်ဝပြောမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိသော သာယာလှပသည့် မျှော်မှန်းချက်ကို လက်တွေ့အဖြစ် ပြောင်းလဲနိုင်မည် ဖြစ်ပါတော့သည်။ (Xinhua)


………………………………..
(Chinese Version)
新华时评丨坚持在促进共同富裕中扶贫——“解码中国打赢脱贫攻坚战的世界意义”系列评论之四
在近日举行的二十国集团领导人里约热内卢峰会上,习近平主席向世界宣介中国脱贫经验。其中,“坚持在促进共同富裕中扶贫,推动发达地区同欠发达地区‘结对子’互助”的成功经验令各国人士印象深刻。中国发挥集中力量办大事的政治优势,形成脱贫攻坚的共同意志、共同行动,传承中华民族扶贫济困的传统美德,汇聚起排山倒海的磅礴力量,打赢了脱贫攻坚战,为解决全球贫困问题提供有益借鉴。
坚持在促进共同富裕中扶贫,是对中华民族扶贫济困优良传统的千年传承。习近平总书记十分重视社会帮扶在扶贫工作中的重要作用,强调要传承中华民族守望相助、和衷共济、扶贫济困的传统美德。在习近平总书记的倡导、推动下,中国不断创新社会帮扶方式,形成了人人愿为、人人可为、人人能为的社会帮扶格局。
在减贫实践中,中国不断从优秀传统文化中汲取力量,营造出全社会扶贫济困的浓厚氛围。事实上,世界不同文明中都流淌着守望相助、和衷共济、扶贫济困等价值理念和美德元素,比如非洲谚语“独行快,众行远”强调团结合作的力量,南非乌班图思想倡导“仁爱、共享”,拉美哲言“唯有益天下,方可惠本国”强调相互依存、相互促进……中国的减贫经验表明,优秀传统文化能够与时代相结合,彰显更大的现实意义。减贫扶贫需要众志成城的力量,各国充分挖掘并弘扬自身优秀传统文化,有利于凝聚人心、汇聚民力,激发全社会向上向善的正能量,助力本国脱贫目标最终实现。
坚持在促进共同富裕中扶贫,诠释了汇聚各方力量形成强大合力的减贫路径。扶贫减贫是艰巨复杂的系统工程,需要调动各方积极参与。为打赢脱贫攻坚战,中国坚持“全国一盘棋”,广泛有效动员和凝聚各方力量,构建政府、社会、市场协同推进,专项扶贫、行业扶贫、社会扶贫互为补充的大扶贫格局,形成跨地区、跨部门、跨单位、全社会共同参与的多元主体的社会扶贫体系。东西部扶贫协作和对口支援,推动省市县各层面帮扶,促进人才、资金、技术向贫困地区流动,实现优势互补,缩小区域差距。
埃及投资者协会联合会经济顾问穆塔西姆·拉希德表示,中国在扶贫、城乡协调发展等方面取得巨大成就,得益于中国的经济发展坚持以人为本,不同部门相互协调,共同为国家服务。乌兹别克斯坦科学院国家与法律研究所高级研究员拉夫尚·纳扎罗夫认为,中国的减贫成就展现了一种多样化、系统性的减贫模式,为其他国家消除贫困提供了实践范例。   坚持在促进共同富裕中扶贫,是以整体系统的观点把握经济发展规律的理性选择。对于任何国家而言,只要贫困的“短板”依然存在,繁荣就缺乏坚固稳定的根基。中国的减贫实践锚定共同富裕目标、依托精准手段,构建政府、市场和社会协同发力的“益贫市场”机制,解放贫困者的生产力,使他们不仅成为分配的受益者,也成为增长的贡献者,推动实现整个社会更加均衡、更加公平发展。中国的减贫实践有力证明,公平和效率两大逻辑能够有机统一,经济发展和扶贫减贫可以良性互动。
放眼全球,世界繁荣稳定不可能建立在贫者愈贫、富者愈富的基础之上。全球经济紧密相连,在深受贫困问题困扰的世界中,任何国家的发展潜力和经济前景都会因此受限。贫富悬殊、南北差距以及由贫困衍生的饥饿、疾病、社会冲突不仅阻碍贫困国家和地区发展,从长远看,其外溢效应更会对人类社会的整体进步产生不利影响。因此,全球反贫困斗争不应是贫困个体、区域或者国家的单打独斗,而应当是世界各国的同舟共济。正如中国减贫实践所昭示的,国际社会团结一心,向贫困国家和地区施以援手,不仅将提升贫困人口福祉,贫困人口脱贫释放的生产和消费能力也将促进人类社会整体福祉。
当前,实现“在全世界消除一切形式的贫困”这一联合国2030年可持续发展议程的首要目标依然任重道远。要在世界范围内解决贫困问题,为全球持续繁荣打下坚实基础,需要树立人类命运共同体意识。唯有守望相助、和衷共济,推动更加包容、更加普惠、更有韧性的全球发展,全球减贫目标才能得以实现,人类共同繁荣和可持续发展的美好愿景才会变为现实。(完)