Connect with us

North America

“ဘစ်ကွိုင်အရှိန်အဟုန်မြင့် မြင့်တက်နေခြင်း”၏ နောက်ကွယ်က အမေရိကန် ဘဏ္ဍာရေး ဂေဟစနစ်နှင့် အန္တရာယ်များ

အမေရိကန်နိုင်ငံ Milwaukee မြို့တွင် ရီပufဘလစ်ကန် အမျိုးသားညီလာခံ၌ မိန့်ခွန်းပြောကြားနေသော ထရမ့်ကို ဇူလိုင်လ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ဘစ်ကွိုင် (Bitcoin) စျေးနှုန်းသည် ဒီဇင်ဘာ ၅ ရက်၌ ပထမဆုံးအကြိမ် ကန်ဒေါ်လာ ၁ သိန်းကျော်သွားခဲ့ပြီး ခရစ်ပ်တိုငွေကြေး (Cryptocurrency) ဖွံ့ဖြိုးတိုးတက်မှုသမိုင်းတွင်အရေးကြီးသော အမှတ်အသား တစ်ခုဖြစ်လာခဲ့သည်။ လွန်ခဲ့သောတစ်လမှစ၍ အမေရိကန် ရီပက်ဘလစ်ကန်ပါတီအဖွဲ့ဝင် သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ လူသိရှင်ကြား ထုတ်ပြန်ချက်များနှင့် “ဘစ်ကွိုင် လိုလားသူများ” အမည်စာရင်းတင်သွင်းခြင်း၏ သက်ရောက်မှုများကြောင့် ဘစ်ကွိုင်သည် တစ်ဖန် အရှိန်အဟုန်မြင့် ကျယ်ပြန့်လာပြီး ရာခိုင်နှုန်း ၄၀ ကျော် တိုးမြင့်ကာ ကမ္ဘာ့အရင်းအနှီးဈေးကွက်၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

ဘစ်ကွိုင် အရှိန်အဟုန်မြင့်တက်နေခြင်းသည် အမေရိကန်နိုင်ငံ၏ လာမည့် နိုင်ငံရေးကာလစက်ဝန်း မူဝါဒ လမ်းကြောင်းကို အတိုင်းအတာတစ်ခုအထိ ထင်ဟပ်နေပြီး ယင်းမှာ ကြီးကြပ်စီမံမှုနှင့် အရင်းရှင်များကြား ရေရှည် အားပြိုင်မှုနှင့် သက်ဆိုင်သလို အမေရိကန် စီးပွားရေး “လက်တွေ့နှင့်သွေဖယ်၍ အယောင်အဆောင်ဆီသို့ လှမ်းချီခြင်း” အနေဖြင့် ဆက်လက်သွားမည်၊ မသွားမည်နှင့် သက်ဆိုင်နေပေသည်။ ကြီးကြပ်စီမံမှုများကို ဖြေလျှော့ကာ အရင်းရှင်တို့နှင့်အတူ ပျော်ပွဲဆင်နွှဲမည်လော သို့မဟုတ် အများအကျိုး ဖြစ်ထွန်းစေသည့် ဘဏ္ဍာရေး တိုးတက်ကောင်းမွန်အောင် ပြုပြင်မည်လော ဟူသော လွယ်ကူရိုးရှင်းသည့် ရွေးချယ်မှုဟု ထင်ရသည့် နောက်ကွယ်တွင် နက်ရှိုင်းသော သက်ရောက်မှုများ ကိန်းအောင်း ပါဝင်နေပေသည်။

နိုင်ငံရေးအပေါ် ထင်ဟပ်နေသော ပုံရိပ်

“ဘစ်ကွိုင် ဒါမှမဟုတ် အခြား ခရစ်ပ်တိုငွေကြေးတွေ ကျွန်တော် မကြိုက်ဘူး။ သူတို့က ငွေကြေး မဟုတ်ဘူး။ အဲဒီအရာတွေရဲ့ တန်ဖိုးက မရေမရာနဲ့ အလွန်တရာ တည်ငြိမ်မှု မရှိဘူး။ ကြီးကြပ်စီမံမှု မရှိတဲ့ ခရစ်ပ်တိုငွေကြေးတွေက တရားမဝင် လုပ်ဆောင်မှုတွေ ဖြစ်ပွားစေဖို့ အထောက်အကူပြုတယ်။ ဥပမာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာ ဒါမှမဟုတ် အခြား ရာဇ၀တ်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေမှာပေါ့”

“အမေရိကန်နိုင်ငံကို ကမ္ဘာ့အကြီးဆုံး ခရစ်ပ်တိုငွေကြေးမြို့နဲ့ ကမ္ဘာ့အကြီးဆုံး ဘစ်ကွိုင်စူပါနိုင်ငံကြီး ဖြစ်ဖို့ ကျွန်တော် စီမံကိန်းတစ်ခု ရေးဆွဲနေပါတယ်”

ဤလုံးဝကွဲပြားသော ထုတ်ဖော်ပြောကြားချက်နှစ်ခုလုံးမှာ ထရမ့် ဆီက ဖြစ်သည်။ ရှေ့တစ်ခုထုတ်ပြန်ချက်မှာ ၂၀၁၉ ခုနှစ်တွင် ဆိုရှယ်မီဒီယာပေါ်၌ ၎င်း၏ပြောဆိုမှုဖြစ်ပြီး နောက်ကထုတ်ပြန်ချက်မှာ ယခုနှစ် တင်နက်ဆီပြည်နယ်၌ ကျင်းပသည့် ဘစ်ကွိုင်ညီလာခံ၌ ၎င်းပြောကြားသည့် မိန့်ခွန်းမှ ဖြစ်သည်။ လက်ရှိတွင် ဘစ်ကွိုင် အရှိန်အဟုန်မြင့်တက်နေခြင်းသည် ဈေးကွက်က ထရမ့်အနေဖြင့် ခရစ်ပ်တိုငွေကြေး ကြီးကြပ်စီမံမှုများကို ဖြေလျှော့ပေးလိမ့်မည်ဟု မျှော်လင့်ချက်များ၏ တွန်းအားများကြောင့် ဖြစ်သည်။

အချိန် ၅ နှစ်ကြာပြီးနောက် ထရမ့်၏ ခရစ်ပ်တိုငွေကြေးအပေါ် သဘောထား အဘယ်ကြောင့် ပြောင်းလဲသွားသနည်း။ ယင်းသည် ဘစ်ကွိုင်စသည့် ခရစ်ပ်တိုငွေကြေးအရောင်းအ၀ယ် အဖွဲ့အစည်းများတွင် အမေရိကန်နိုင်ငံ ပါဝင်ဆောင်ရွက်မှု သို့မဟုတ် ထောက်ပံ့ပေးမှု နှင့် အရင်းရှင် နိုင်ငံရေးဩဇာလွှမ်းမိုးမှု မြင့်တက်လျက်ရှိကြောင်း ထင်ဟပ်နေသည်ဟု လေ့လာသူအချို့က ယူဆကြသည်။

ယခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် ဘစ်ကွိုင်ညီလာခံတွင် ထရမ့်က ၎င်းသည် အမေရိကန်သမိုင်းတွင် ပထမဆုံး ဘစ်ကွိုင်နှင့် ခရစ်ပ်တိုငွေကြေးတို့ဖြင့် အလှူငွေများကို လက်ခံခဲ့သော အဓိကနိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် “အမျိုးသားမဟာဗျူဟာမြောက် ဘစ်ကွိုင်အရန်ငွေ” ထူထောင်ရန် အဆိုပြုကြောင်း အရင်က ပြောကြားခဲ့ဖူးသည်။ ရွေးကောက်ပွဲတွင် ထရမ့် အနိုင်ရပြီးနောက် အမည်စာရင်းတင်သွင်းရန် စီစဉ်ထားသော အစိုးရအဖွဲ့ဝင်အများအပြားသည် ဘစ်ကွိုင် “ထောက်ခံအားပေးသူများ” ဖြစ်ကြသည်။ အထူးသဖြင့် နောက်ဆုံးအမည်စာရင်းတင်သွင်းခဲ့သော ခရစ်တိုငွေကြေး ထောက်ခံသူ Paul S. Atkins သည် ကြီးကြပ်စီမံရေးဌာနဖြစ်သည့် အမေရိကန်နိုင်ငံ အမေရိကန် ငွေချေးသက်သေခံလက်မှတ်နှင့် စတော့အိတ်ချိန်း ကော်မရှင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး “ဘစ်ကွိုင်” ဈေးကွက်ကို တိုက်ရိုက် အရှိန်အဟုန်မြှင့်တင်ခဲ့သည်။

၎င်းသည် ဘစ်ကွိုင်နှင့် ခရစ်ပ်တိုငွေကြေး ကိုင်ဆောင်ထားသော သို့မဟုတ် ပါ၀င်လုပ်ဆောင်နေသည့် အရောင်းအ၀ယ် အဖွဲ့အစည်းများက အမေရိကန်နိုင်ငံရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း တစ်ဖက်တွင် ပြသနေသည်။ အမှန်တကယ်မှာ အဖွဲ့ဝင်များကို ကြီးမားသော ခရစ်ပ်တိုငွေကြေး လုပ်ငန်းအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးလှုပ်ရှားမှုကော်မတီများသည် ခရစ်ပ်တိုငွေကြေးကို ထောက်ခံသော အမတ်လောင်းများ အမျိုးသားလွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ရေးကို ကူညီရန် ပေါ်ပေါ်တင်တင် အရင်းအနှီးစိုက်ထုတ် ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြသည်။

နိုင်ငံရေးလှုပ်ရှားမှုကော်မတီများသည် အကျိုးစီးပွားအုပ်စုက အမေရိကန်နိုင်ငံ ရွေးကောက်ပွဲအဆင့်ဆင့်တွင် ရန်ပုံငွေစုဆောင်းပြီး အထူးသတ်မှတ်ထားသော ကိုယ်စားလှယ်လောင်းများအား ထောက်ပံ့သော အဖွဲ့အစည်းဖြစ်သည်။ ခရစ်ပ်တိုငွေကြေးလုပ်ငန်းဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုကော်မတီ၏ “မျှတသောဆက်ဆံမှု” အဖွဲ့သည် ဖွဲ့စည်းထားသည်မှာ ၂ နှစ်ခန့်သာရှိသော်လည်း ၎င်း၏ ရန်ပုံငွေအတိုင်းအတာသည် အခြားလုပ်ငန်းဆိုင်ရာ အကျိုးစီးပွားအုပ်စုများဖွဲ့စည်းထားသည့် နိုင်ငံရေးလှုပ်ရှားမှုကော်မတီများထက် ကျော်လွန်နေပြီး နိုင်ငံရေးသြဇာလွှမ်းမိုးမှုမှာ ပို၍ကြီးထွားလာကြောင်း အမေရိကန်မီဒီယာအများအပြားက သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲဂေဟစနစ်ပြောင်းလဲမှုများသည် လူမှုရေးနှင့် စီးပွားရေးက နိုင်ငံရေးအပေါ် ထင်ဟပ်နေသော ပုံရိပ်ဖြစ်သည်။ Pew Research Center ၏ အစီရင်ခံစာတွင် အမေရိကန်၌ ဖြေဆိုသူများ၏ ၁၇ ရာခိုင်နှုန်းက ဘစ်ကွိုင် သို့မဟုတ် အခြားသော ခရစ်ပ်တိုငွေကြေးများတွင် ရင်းနှီးမြှုပ်နှံမှု၊ ရောင်းဝယ်မှု သို့မဟုတ် အသုံးပြုခဲ့ဖူးကြပြီး ဤအချိုးအစားသည် ဝင်ငွေမြင့်မားသောလူအုပ်စုမှာ ၂၃ ရာခိုင်နှုန်း၊ အသက် ၃၀ နှစ်အောက် အရွယ်ရောက်ပြီးသူမှာ ၄၁ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။ အလားအလာရှိသော မဲဆန္ဒရှင်အခြေခံကို ချဲ့ထွင်ခြင်းသည် အမေရိကန် နိုင်ငံရေးအင်အားစုများကို ဘစ်ကွိုင်နှင့် ပတ်သက်၍ ဆန့်ကျင်မှု မပြုရန်၊ ကြိုဆိုရန် သို့မဟုတ် ပံ့ပိုးပေးရန် ပို၍ ဆန္ဒရှိစေသည်ဟု သုံးသပ်သူအချို့က ပြောကြားခဲ့သည်။

မတတ်နိုင်တော့သည့် ရွေးချယ်မှု

ဘစ်ကွိုင်အသုံးပြုရသည့် အတွေ့အကြုံနှင့် ပတ်သက်၍ “ဒါဟာ စျေးကြီးပြီး နှေးကွေးလှတယ်၊ အရောင်းအဝယ်လုပ်ဖို့ အလားအလာရှိတဲ့ ကြားခံအရာတစ်ခုတော့ မဟုတ်ပါဘူး။ ဘစ်ကွိုင်က စွန့်စားရင်းနှီးမြှုပ်နှံရတဲ့ ဘဏ္ဍာရေးထုတ်ကုန်တစ်မျိုးသက်သက်တာ ဖြစ်လာပါတယ်” ဟု အမေရိကန် Cornell University စီးပွားရေး ပညာရှင်၊ Brookings Institution မှ သုတေသီ Eswar Prasad က ပြောကြားခဲ့သည်။
ဤ စီးပွားရေး ပညာရှင်သည် အရင်က ဘစ်ကွိုင် အသုံးပြု၍ ကော်ဖီ ဝယ်ရန် ကြိုးစားကြည့်ခဲ့ဖူးသော်လည်း ဘစ်ကွိုင် စိစစ်ခြင်းလုပ်ငန်းစဉ် မပြီးဆုံးခင် ကော်ဖီအေးသွားခဲ့သည်ကို ကြုံတွေ့ဖူးသူ ဖြစ်သည်။

ခရစ်ပ်စတိုငွေကြေးများ အသုံးပြုသည့် အတွေ့အကြုံက ကွဲပြားနိုင်စေကာမူ Blockchain နည်းပညာကို အခြေခံသည့် ဘစ်ကွိုင် စသည့် ခရစ်ပ်တိုငွေကြေးများသည် တန်ဖိုးတည်ငြိမ်မှု မရှိခြင်းကြောင့် အရောင်းအဝယ်ပြုလုပ်ရန် ကျေနပ်ဖွယ် ကြားခံအရာ မဟုတ်ကြောင်း Eswar Prasad က ပြောကြားခဲ့သည်။

Pew Research Center ၏ စစ်တမ်းများတွင် ဘစ်ကွိုင်အပေါ်တွင် ထားသည့် အမေရိကန်နိုင်ငံသားများ၏ သဘောထားက အဆီအငေါ်မတည့်ကြောင်း ဖော်ပြထားသည်။ ခရစ်ပ်တိုငွေကြေး ရင်းနှီးမြှုပ်နှံမှု၊ အရောင်းအဝယ်တွင် ပါဝင်ကြသည့် အမေရိကန်နိုင်ငံသားများ၏ အချိုးအစားက မနည်းလှသော်လည်း အများစုက ခရစ်ပ်တိုငွေကြေး၏ လုံခြုံမှုနှင့် ယုံကြည်မှုအပေါ် “လုံးဝ အယုံအကြည် မရှိ” သို့မဟုတ် “ယုံကြည်မှု သိပ်မရှိ” ကြဘဲ ၅ ရာခိုင်နှုန်းလောက်ကသာ “အလွန်ယုံကြည်ကြောင်း” ဖော်ပြထားသည်။

ဘစ်ကွိုင်ကို ယုံကြည်မှု မရှိသော်လည်း အဘယ်ကြောင့် စမ်း၍သုံးကြသနည်း။ ယင်းမှာ အမေရိကန် ဘဏ္ဍာရေးစနစ်အောက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ လောဘနှင့် မောဟကို ပေါ်လွင်စေခဲ့သည်။

တစ်ဖက်တွင် ဘစ်ကွိုင်စသည့် ခရစ်ပ်တိုငွေကြေး၏ အကြီးမားဆုံး ထူးခြားချက်မှာ မငြိမ်သက်မှုများခြင်း၊ အရင်းရှင်ကြီးများ၏ အလွယ်တကူ ထိန်းချုပ်ကြိုးကိုင်မှုကို ခံရခြင်း ဖြစ်သည်။ စီးဆင်းမှုနှင့် အသုံးပြုမှု တန်ဖိုး နည်းပါးခြင်းကြောင့် ဘစ်ကွိုင်သည် ဈေးကွက်၏သဘောထား၊ စောင့်ကြပ်စီမံချိန်ညှိမှု၊ ဟက်ကာတိုက်ခိုက်မှု၊ ဒိုင်၏ကြိုးကိုင်မှု စသည့် သက်ရောက်မှုများကို လွယ်လင့်တကူခံရပြီး အတက်အကျကြမ်းလေ့ရှိသည်။ အရင်းရှင်ကြီးများနှင့် ဌာနများက စောင့်ကြပ်စီမံမှု လျော့ရဲသည့်ပတ်ဝန်းကျင်တွင် ခရစ်ပ်တိုငွေကြေးကို အသုံးချ၍ ငွေပင်ငွေရင်းနည်းသည့် တစ်သီးပုဂ္ဂလလူပုဂ္ဂိုလ်များကို “ရေပေါ်ဆီခပ်” ကာ အမြတ်ကြီးစားရန် ပို၍ လွယ်ကူပေသည်။ ထို့ကြောင့်ပင် အရင်းရှင်ကြီး အများစုက “အမေရိကန်အစိုးရက ဆန်းသစ်ဖန်တီးမှုကို ကန့်သတ်ခြင်း”၊ “ဘစ်ကွိုင် ချမ်းသာကြွယ်ဝရေးကို ဖန်တီးမှု ဒဏ္ဍာရီ” စသည့် ပြောဆိုမှုများကို မကြာခဏ အသုံးပြုလေ့ရှိကြသည်။

အခြားတစ်ဖက်တွင်လည်း အမေရိကန် ဖက်ဒရယ် အစိုးရက ယခုနှစ်များ၌ ဈေးကွက်သို့ ငွေကြေးများ ဆက်တိုက်ကြဲပြီး ကုန်ဈေးနှုန်းမြင့်မားအောင် တွန်းတင်ခြင်း၊ သာမန် အမေရိကန်နိုင်ငံသားများ၏ ပိုက်ဆံအိတ်မှ အမှန်တကယ် ဝယ်ယူနိုင်စွမ်းကို လျှော့ချခြင်းသည် လူများကို စည်းစိမ်ဥစ္စာ တန်ဖိုးထိန်းထားနိုင်စေမည့် နည်းလမ်းအား မဖြစ်မနေ ရှာဖွေစေသော ဖိအား ဖြစ်စေသည်။ သမားရိုးကျ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေး စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ငွေကြေးတန်ဖိုးတိုးစေမည့် အခွင့်အလမ်းများပို၍ နည်းပါးလာခြင်းကြောင့် အမေရိကန်နိုင်ငံသားအများစုမှာ ရင်းနှီးကျွမ်းဝင်မှုမရှိသော “ဘဏ္ဍာရေး ဆန်းသစ်ဖန်တီးမှု” ဘက်သို့ မလွှဲသာဘဲ မြှားဦးလှည့်ကာ စမ်းသပ်ရပေတော့သည်။

အမေရိကန်တက္ကသိုလ် ဝါရှင်တန် ဥပဒေရေးရာ ကောလိပ် ပါမောက္ခ Hilary Allen က အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ဝက်ဘ်ဆိုက်အတွက် ရေးသားသည့် ဆောင်းပါးတွင် ဘစ်ကွိုင် အရှိန်အဟုန်မြင့် ရေပန်းစားလာခြင်းမှာ အသုံးပြုရန် လွယ်ကူခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု အလားအလာ ဧရာမကြီးမားခြင်းကြောင့် မဟုတ်ဘဲ အမေရိကန် ဘဏ္ဍာရေး စနစ်တွင် တည်ရှိနေသည့် ပြဿနာဆိုးကျိုးကြောင့် ဖြစ်ကြောင်း၊ သာမန်ဘဏ္ဍာရေးသုံးစွဲသူများကို ဝန်ဆောင်မှုပေးရာတွင် အလွန်ဆိုးရွားရာ အထူးသဖြင့် အများအကျိုးဖြစ်ထွန်းနိုင်သော ဘဏ္ဍာရေးထုတ်ကုန်ပစ္စည်းနှင့် အားကောင်းသည့် ဘဏ္ဍာရေးကြီးကြပ်မှု လိုအပ်ချက်ရှိခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အန္တရာယ်များ ဆက်တိုက် စုပြုံလာ

လောဘကြီးသည့် အရင်းရှင်များနှင့် မျက်စိမှိတ် ရင်းနှီးမြှုပ်နှံသူများ တစ်ချိန်တည်း ပေါ်ထွက်လာချိန်တွင် ကြီးမားသည့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားပြီး သာမန်ပြည်သူများကို သေစေလောက်သည့် ထိခိုက်မှု ဖြစ်ပွားစေတတ်ကြောင်းကို သမိုင်းက တစ်ကြိမ်ပြီး တစ်ကြိမ် သက်သေပြပြီး ဖြစ်သည်။
၂၀၂၃ ခုနှစ်က ခရစ်ပ်တိုငွေလိမ်လှုပ်ရှားမှုများကြောင့် အမေရိကန်နိုင်ငံသားများကို ကန်ဒေါ်လာ ၅.၆ ဘီလီယံ ကျော် နစ်နာဆုံးရှုံးစေခဲ့ကြောင်း၊ ၎င်းမှာ ကာလတူထက် ၄၅ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ဘစ်ကွိုင် စသည့် ခရစ်ပ်တိုငွေကြေးများမှ ဖြစ်ပွားသည့် အန္တရာယ်ကို အလေးထားအာရုံစိုက်ရန် အမေရိကန်နိုင်ငံ အမြတ်အစွန်းအတွက် မရည်ရွယ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Better Markets Association က အမေရိကန်အစိုးရကို ကာလကြာရှည် နှိုးဆော်တိုက်တွန်းခဲ့သည်။ ဘစ်ကွိုင် အရှိန်အဟုန်မြင့်တက်နေခြင်းသည် သာမန်ရင်းနှီးမြှုပ်နှံသူများကို မျက်စိမှိတ်လိုက်ပြီး ရင်းနှီးမြှုပ်နှံစရာနေရာဖြစ်စေရာ နောက်ဆုံးတွင် ငွေကြေးလိမ်လည်မှုဒဏ်ကို ခံရသူ ဖြစ်စေနိုင်ကြောင်း ယင်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် Dennis Kelleher က ပြောကြားခဲ့သည်။

Dennis Kelleher က ခရစ်ပ်တိုငွေကြေးမှ အမြတ်ရသည့် ဘီလီယံနာများက “လောင်းကစားပုံစံ ဈေးကစားအမြတ်ထုတ်မှု” ကို တွေ့ကြုံခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် ခရစ်ပ်တိုငွေကြေးကို အသုံးချပြီး ငွေကြေးခဝါချသည့် ရာဇဝတ်မှု ကျူးလွန်မှုများရှိကြောင်း၊ “(သူတို့ ရတဲ့) ငွေတွေက ဘစ်ကွိုင်ဟာ ဘဏ္ဍာရေးထုတ်ကုန်အသစ်ဖြစ်တယ်လို့ ယူဆတဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီက ဖြစ်တယ်။ ဒါပေမဲ့ တကယ်တော့ သူတို့ဟာ ဒီလို ဈေးကစားအမြတ်ထုတ်တဲ့ ကိရိယာရဲ့ လိမ်ညာမှုကို ခံလိုက်ရတာပါပဲ” ဟု ပြောကြားခဲ့သည်။

အမေရိကန် ငွေကြေးအရင်းအနှီးဈေးကွက်က လက်တွေ့စီးပွားရေး ငွေကြေးစီးဆင်းမှုကို အထောက်အပံ့ပေးသည့် မူလရည်ရွယ်ချက်နှင့် သွေဖယ်သွားပြီဖြစ်ပြီး အရင်းရှင်ကြီးများနှင့် ငွေကြေးချမ်းသာသူများ၏ အကျိုးစီးပွားကို ဝန်ဆောင်မှုပေးနေကြောင်း သုတေသနများတွင် ဖော်ပြထားသည်။ ကိန်းဂဏန်များတွင် အမေရိကန်အလုပ်သမားဝင်ငွေ၏ Gini coefficient မှာ ၀.၅ ဖြစ်ပြီး ချမ်းသာကြွယ်ဝမှု၏ Gini coefficient မှာ ၀.၈ ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းမှာ အရင်းအနှီး ဈေးကွက်၌ လူချမ်းသာများ၏ “ငွေပေါ် ငွေထပ်ပွားစေခြင်း” မက်သယူး အကျိုးသက်ရောက်မှု (Matthew Effect) ရှိသည့် အနက်အဓိပ္ပါယ်ဆောင်ခြင်း ဖြစ်ရာ ၎င်း ငွေကြေးဈေးကွက်သည် အရင်းရှင်ကြီးများ၏ အကျိုးစီးပွားကို ဝန်ဆောင်မှုပေးခြင်း ဖြစ်ပြီး အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ရင်းနှီးငွေကို အကူအညီမဖြစ်သည့်အပြင် ဆင်းရဲ၊ ချမ်းသာ ကွာဟမှုကို ပို၍ကြီးမားစေပေသည်။

Hilary Allen က အမေရိကန် မူဝါဒရေးဆွဲသူများအနေဖြင့် အကယ်၍ ကြီးကြပ်စီမံမှုများကို ဆက်လက် ပေါ့ပေါ့လျော့လျော့ ဆောက်ရွက်နေမည် ဆိုလျှင် ဘစ်ကွိုင်မှာ တစ်ကြိမ်ပြီး တစ်ကြိမ် “တစ်ဟုန်တိုး ခုန်တက်ခြင်း” ကို တွန်းအားဖြစ်စေပြီး ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ကို ကောင်းမွန်ပြည့်စုံအောင် မပြုပြင်နိုင်သည့်အပြင် အမေရိကန်စီးပွားရေး ဘဏ္ဍာရေးအသွင်၊ လိုဏ်ခေါင်းအသွင် ပြောင်းသည့် နာတာရှည်ရောဂါကို ပို၍ ပြင်းထန်စေမည် ဖြစ်ကြောင်း၊ သာမန်ရင်းနှီးမြှုပ်နှံသူများကို နစ်နာစေရုံသာမက လက်တွေ့ကုန်ထုတ်လုပ်ငန်းသို့ ငွေကြေးစီးဆင်းရန် ခက်ခဲစေမည် ဖြစ်ပြီး ထို့ကြောင့် အမေရိကန် လက်တွေ့စီးပွားရေး၏ “အတားအဆီး အစိုင်အခဲ” ကို ပို၍ ဆိုးရွားစေကြောင်း ယူဆသည်။

ကမ္ဘာ့ ပထမအကြီးဆုံး စီးပွားရေးနိုင်ငံနှင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးလှုပ်ရှားမှု၏ အဓိကပါဝင်သူအနေဖြင့် အမေရိကန်အစိုးရသည် တာဝန်ယူမှုရှိသည့်သဘောထားဖြင့် ဘဏ္ဍာရေးကဏ္ဍကို ကြပ်မတ်စီမံနိုင်ခြင်း မရှိပါက အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို ဒုက္ခရောက်စေရုံသာမက ကမ္ဘာစီးပွားရေးအတွက် ကြီးမားသည့် အနုတ်လက္ခဏာသက်ရောက်မှု ပို၍ ဖြစ်စေကြောင်း သုံးသပ်သူအများအပြားက ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ နယူးယောက်စတော့အိတ်ချိန်းခန်းမတွင် အလုပ်လုပ်နေသော အရောင်းအဝယ်ဝန်ထမ်းတစ်ဦးကို နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ နယူးယောက်စတော့အိတ်ချိန်းခန်းမကို ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

 

…………………………
(Chinese Version)
国际观察|“比特币狂飙”背后的美国金融生态与风险
新华社北京12月6日电(记者宿亮)比特币价格5日首次突破10万美元,成为加密货币发展史上的重要节点。最近一个月以来,受美国共和党籍当选总统唐纳德·特朗普公开表态和“亲比特币”提名影响,比特币再度走出狂飙行情,涨幅超过40%,备受全球资本市场关注。
比特币狂飙,一定程度体现美国下一政治周期政策走向,关乎监管与资本的长期博弈,关乎美国经济是否持续“脱实向虚”。究竟是放松监管加入资本狂欢,还是改善治理发展普惠金融,看似简单的抉择背后蕴藏着深远的影响。
投射在政治上的影子
“我不喜欢比特币或其他加密货币。它们不是货币。这些东西的价值虚无缥缈,极不稳定。不受监管的加密货币助长非法活动滋生,比如毒品交易或其他犯罪活动。”
“我正在制订计划,确保美国成为全球的加密货币之都和世界的比特币超级大国。”
两种截然不同的表态,均来自特朗普。前一表态来自他2019年发表在社交媒体上的言论,后一表态来自他今年在田纳西州参加比特币大会时的演讲。当下的比特币狂飙正受到市场对特朗普放松加密货币监管的预期所推动。
时隔5年,特朗普对加密货币的态度为何发生如此变化?有观察人士认为,这反映美国从事或支持比特币等加密货币交易的机构和资本政治影响力正在提升。
在今年7月举行的比特币大会上,特朗普曾表示,他是美国历史上首位接受比特币和加密货币捐款的主要政党候选人,主张美国建立“国家战略比特币储备”。特朗普胜选后拟提名的多名内阁成员都是比特币“拥趸”,特别是最新提名加密货币支持者保罗·阿特金斯担任监管机构美国证券交易委员会主席,直接“引爆”比特币行情。
这从侧面显示,持有或从事比特币和加密货币交易的机构正在美国政治中发挥重要作用。事实上,成员由大型加密货币行业机构组成的政治行动委员会已旗帜鲜明地出资,帮助支持加密货币的候选人竞选国会议员。
政治行动委员会是利益集团在美国各级选举中筹款并支持特定候选人的机构。多家美国媒体报道,加密货币行业政治行动委员会“公平对待”组织虽成立只有两年左右,其筹款规模却已超过其他行业性利益集团组成的政治行动委员会,政治影响力越来越大。
美国选举生态变化是社会经济投射在政治上的影子。皮尤研究中心报告显示,17%的美国受访者曾投资、交易或使用过比特币或其他加密货币,这一比例在高收入群体中为23%,在30岁以下的成年人中为41%。有分析人士表示,潜在选民基础的扩大让美国政治势力更愿意对比特币采取不反对、迎合或支持的态度。
无可奈何的选择
“它既昂贵又缓慢,不是一种可行的交易媒介。比特币已成为一种纯粹的投机性金融资产。”谈到使用比特币的体验,美国康奈尔大学经济学家、布鲁金斯学会研究员埃斯瓦尔·普拉萨德这样说。
这位经济学家曾尝试用比特币买咖啡,但比特币验证流程还没结束,咖啡就已经凉了。
普拉萨德表示,尽管不同加密货币体验可能不同,但基于区块链技术的比特币等加密货币都存在着价值不稳定的问题,不是进行交易的理想媒介。
皮尤研究中心调查显示,美国人对于比特币态度矛盾。尽管参与加密货币投资、交易的美国人比例不低,但大多数人对加密货币安全性和可靠性“完全不信任”或“不太信任”;只有5%的人表示“非常信任”。
为什么不信任比特币还去尝试?这体现了美国金融体系下投资者的贪婪和无知。
一方面,比特币等加密货币最大特点是波动性强,容易受大资本控制。由于缺乏流动性和使用价值,比特币极易受市场情绪、监管调整、黑客攻击、庄家操盘等影响,经常暴涨暴跌。大资本和机构更容易在监管松懈环境下凭借加密货币收割散户“韭菜”,牟取暴利。正因如此,不少大资本频频使用“美国政府限制创新”“比特币造富神话”等舆论造势。
另一方面,美国联邦政府近年来持续向市场“撒钱”,推高通货膨胀,降低普通美国人钱包的实际购买力,迫使人们寻找财富保值的方法。由于传统投资理财渠道获取资本增值的机会越来越低,更多美国人不得不尝试转向并不熟悉的“金融创新”。
美利坚大学华盛顿法学院教授希拉里·艾伦在为国际货币基金组织网站撰写的文章中说,比特币热度持续升高,并非使用方便或投资潜力巨大,而是因为美国金融体系存在弊病,在服务普通金融消费者的过程中表现很糟糕,特别是缺乏普惠金融产品和有力的金融监管。
持续累积的风险
历史一次次证明,贪婪的资本和盲目的投资者同时出现时,往往导致巨大金融骗局,给普通人带来致命伤害。美国联邦调查局公布的数据显示,2023年涉及加密货币的诈骗活动给美国人造成的损失超过56亿美元,同比增加45%。
美国非营利组织改善市场协会长期以来呼吁政府关注比特币等加密货币带来的风险。该组织首席执行官丹尼斯·凯莱赫表示,比特币飙涨可能会引发普通投资者盲目跟风投资,最终成为金融骗局的受害者。
凯莱赫说,通过加密货币赚到钱的亿万富豪,往往经历了“赌博式的投机”,其中还不乏有人利用加密货币从事洗钱等犯罪活动。“(他们赚的)钱都来自那些认为比特币是新型金融产品的投资者,但实际上他们被这种投机工具骗了。”
研究显示,美国金融资本市场早已脱离了帮助实体经济融通资金的初心,服务于大资本和富人的利益。数据显示,美国劳动收入的基尼系数是0.5,而财富基尼系数高达0.8。这意味着资本市场存在富人“钱能生钱”的马太效应,其金融市场服务于大资本的利益,不仅不能帮助中小企业获得发展所需资金,还助长了贫富分化。
艾伦认为,美国政策制定者如果继续放松监管,推动比特币一次又一次“狂飙”,不仅不能改善金融治理体系,反而会加重美国经济金融化、空心化的沉疴宿疾,不仅普通投资者可能受到伤害,而且资金难以流向实体产业,因此加剧美国实体经济“梗阻”。
不少分析人士表示,作为世界第一大经济体和全球金融活动主要参与方,美国政府如果不能以负责任的态度对待金融监管,不仅会伤害美国投资者,更会给世界经济造成重大负面影响。
1. 7月18日,特朗普在密尔沃基的共和党全国代表大会上发表演讲。新华社记者李睿摄
2. 11月6日,一名交易员在美国纽约证券交易所交易大厅内工作。新华社记者刘亚南摄
3. 这是8月12日在美国纽约拍摄的纽约证券交易所交易大厅。新华社记者刘亚南摄