Connect with us

China

တရုတ် စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ- အထင်ကရ ပြုပြင်ပြောင်းလဲရေးအစီအမံများ လက်တွေ့ဖော်ဆောင်ခြင်းက စီးပွားရေး စဉ်ဆက်မပြတ်ကောင်းမွန်ရေးအတွက် အားဖြည့်ပေး

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ပြုပြင်ပြောင်းလဲရေးသည် ကဏ္ဍပေါင်းစုံ၏ ရှင်သန်စွမ်းအား၊ တွန်းအားများကို ထုတ်ပေးနိုင်စွမ်းရှိပြီး ဗဟိုအစိုးရမှ အဆိုပြုထားသော အထင်ကရ ပြုပြင်ပြောင်းလဲရေးအစီအမံများကို လက်တွေ့ ထိထိရောက်ရောက် အကောင်အထည်ဖော်မည်ဆိုပါက လာမည့်နှစ်တွင် မူဝါဒ မြှင့်တင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး၏ အားထုတ်မှု နှစ်ဆင့်တွန်းအားဖြစ်ပေါ်စေပြီး စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် မက်ခရိုစီးပွားရေးသုတေသနအကယ်ဒမီ ဒါရိုက်တာ ဟွမ်ဟန့်ချွမ်က ဒီဇင်ဘာ ၁၉ ရက်က ထုတ်လွှင့်သည့် “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” အကြီးစား မီဒီယာတွေ့ဆုံမေးမြန်းမှု အစီအစဉ်တွင် ပြောကြားခဲ့သည်။

မကြာသေးမီရက်က ခေါ်ယူကျင်းပခဲ့သည့် ဗဟိုစီးပွားရေး လုပ်ငန်း အစည်းအဝေးသည် လာမည့်နှစ်လုပ်ငန်းများအား စီမံချက်ရေးဆွဲသည့်အခါတွင် “စီးပွားရေးစနစ်ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်စေပြီး အထင်ကရ ပြုပြင်ပြောင်းလဲရေးအစီအမံများကို လက်တွေ့ဖော်ဆောင်မှု၊ ထိရောက်မှုရှိစေရေးကို တွန်းအားပေးရန်” အဆိုပြုခဲ့သည်။ အထင်ကရပြုပြင်ပြောင်းလဲရေးအစီအမံများသည် ပြုပြင်ပြောင်းလဲရေးအခင်းအကျင်းတစ်ခုလုံးတွင် အရေးကြီးသော မဟာဗျူဟာအနက်အဓိပ္ပာယ်နှင့် အခင်းအကျင်းတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုရှိသော ပြုပြင်ပြောင်းလဲရေးအစီအမံများဖြစ်ကြောင်း၊ ထိုပြုပြင်ပြောင်းလဲရေး အစီအမံများသည် အခြေအနေရင့်ကျက်ရုံသာမက ထိတွေ့မှု၊ လက်လှမ်းမီမှု ရှိနိုင်ကြောင်း၊ စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲမှု၏ ဦးဆောင်အခန်းကဏ္ဍကို အပြည့်အဝပါဝင်ဆောင်ရွက်စေသည့် အရေးပါသော လက်ကိုင်တစ်ခုဖြစ်သည်ဟု ဟွမ်ဟန့်ချွမ်က ထင်မြင်သည်။

၂၀၂၅ ခုနှစ်ကို မျှော်ကြည့်ရာတွင် ဟွမ်ဟန့်ချွမ်အနေဖြင့် လက်ဆင့်ကမ်းရန် မြန်ဆန်သော၊ လက်တွေ့ထိရောက်မှုအားကောင်းသော ပြုပြင်ပြောင်းလဲမှုအစီအမံများကို ဖော်ဆောင်သင့်သည်ဟု ယူဆသည်။

မကြာသေးမီနှစ်များအတွင်း ပုဂ္ဂလိက စီးပွားရေး ဖွံ့ဖြိုးတိုးတက်အားကောင်းလာရေးကို မြှင့်တင်ရန် ဗဟိုက အကြိမ်ကြိမ် အလေးအနက်ပြောကြားခဲ့ကြောင်း၊ တရားဥပဒေစိုးမိုးရေးအာမခံချက်ကို အားကောင်းစေခြင်းသည် အရေးကြီးသော အစီအမံတစ်ရပ်ဖြစ်ကြောင်း၊ “ပုဂ္ဂလိကစီးပွားရေးမြှင့်တင်ရေးဥပဒေ ပြဋ္ဌာန်းရန်” အစည်းအဝေးတွင် အတိအလင်း အဆိုပြုခဲ့ပြီး ဥပဒေပြုရေး ခြေလှမ်းများကို အရှိန်အဟုန်မြှင့် လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း ၊ “ဤပြုပြင်ပြောင်းလဲရေးအစီအမံကို လာမယ့်နှစ်မှာ အရှိန်မြှင့်တွန်းအားပေးပြီး ပုဂ္ဂလိကစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သော တရားဥပဒေစိုးမိုးရေးပတ်ဝန်းကျင် ဖန်တီးသွားမှာဖြစ်ပါတယ်”ဟု ၎င်းက ဥပမာပေး၍ ပြောကြားခဲ့သည်။

အစည်းအဝေးတွင် “တစ်နိုင်ငံလုံး တစ်စုတစ်စည်းတည်းဈေးကွက်ကြီး တည်ဆောက်ရေးလမ်းညွှန်ချက်ရေးဆွဲရန်” အဆိုပြုခဲ့သည်။ ယင်းသည် ဒေသတွင်း ကိုယ်ကျိုးစီးပွားကာကွယ်ရေးနှင့် စျေးကွက်ကွဲထွက်နေမှုများကို ဖြေရှင်းရန် ဒေသန္တရအစိုးရများကို ပိုမိုကောင်းမွန်စွာ လမ်းညွှန်နိုင်မည်ဖြစ်ပြီး အရင်းအမြစ်များ ပိုမိုကောင်းမွန်စွာ ခွဲဝေစီမံရေးကို အကောင်အထည်ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ တရားမျှတစွာ ယှဉ်ပြိုင်မှုကို မြှင့်တင်ပေးပြီး လုပ်ငန်းအဓိကအဖွဲ့အစည်းများ၏ ရှင်သန်စွမ်းအားကို လှုံ့ဆော်ပေးကာ စီးပွားရေး စဉ်ဆက်မပြတ် ကောင်းမွန်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည်ဖြစ်ကြောင်း ဟွမ်ဟန့်ချွမ်က ယူဆသည်။

လက်ရှိ အချို့သော ဒေသန္တရအစိုးရများနှင့် အောက်ခြေဘဏ္ဍာရေးအခက်အခဲများနှင့်ပတ်သက်၍ အစည်းအဝေးတွင် “ဘဏ္ဍာရေးနှင့် အခွန်ကောက်ခံမှုစနစ် ပြုပြင်ပြောင်းလဲရေးတစ်ရပ်လုံးအား တွန်းအားပေးရန်နှင့် ဒေသန္တရ၏ အမှီအခိုကင်းသောဘဏ္ဍာရေးအင်အား တိုးမြှင့်ရန်” အဆိုပြုခဲ့သည်။ ဟွမ်ဟန့်ချွမ်က ဘဏ္ဍာရေးအင်အားနှင့် အခွင့်အာဏာ၏ ကိုက်ညီသော ယန္တရားအား ချိန်ညှိခြင်း၊ ဗဟိုအခွင့်အာဏာများကို သင့်လျော်စွာ အားဖြည့်ပေးခြင်း၊ ဗဟိုအသုံးစရိတ်များ အချိုးအစား တိုးမြှင့်ခြင်း တစ်ချိန်တည်းမှာပင် ဒေသန္တရဘဏ္ဍာရေးအင်အားနှင့် အခွန်အရင်းအမြစ်များကို တိုးမြှင့်ခြင်းသည် လက်ရှိဒေသန္တရဘဏ္ဍာရေးအခက်အခဲများနှင့် ကြွေးမြီအန္တရာယ်ပြဿနာများကို ဖြေရှင်းရာတွင် အကျိုးပြုကာ ဒေသန္တရဘဏ္ဍာရေးသည် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးတွင် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်မှာ သေချာသည်ဟု ယူဆသည်။

လာမည့်နှစ်တွင် နိုင်ငံတော် မက်ခရိုမူဝါဒကို ဆက်လက်အားဖြည့်ဆောင်ရွက်သွားမည့်အပြင် အထင်ကရ ပြုပြင်ပြောင်းလဲရေးအစီအမံများ လက်တွေ့ဖော်ဆောင်မှု၊ ထိရောက်မှုရှိခြင်းက မျှော်လင့်ချက်များကို ထိရောက်စွာ လမ်းညွှန်ပေးကာ လူမှုယုံကြည်မှုကို မြှင့်တင်ပေးပြီး တရုတ်နိုင်ငံ စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာမှုကို တွန်းအားပေးမည်ဖြစ်ကြောင်း ဟွမ်ဟန့်ချွမ်က ပြောကြားခဲ့သည်။ (Xinhua)
…………………………………

(Chinese Version)
中国经济圆桌会|以标志性改革举措落地见效助力经济持续向好
新华社北京12月19日电(记者严赋憬)国家发展改革委宏观经济研究院院长黄汉权在新华社19日推出的“中国经济圆桌会”大型全媒体访谈节目上说,改革可以释放各方面活力动力,把中央提出的标志性改革举措落实到位,明年就能形成政策加力和改革发力双轮驱动,推动经济持续向好。
日前召开的中央经济工作会议在部署明年工作时,提出“发挥经济体制改革牵引作用,推动标志性改革举措落地见效”。在黄汉权看来,标志性改革举措是在改革全局中具有重要战略意义和全局性影响的改革举措。这些改革举措不仅条件成熟,而且可感可及,是充分发挥经济体制改革牵引作用的重要抓手。
展望2025年,黄汉权认为应该推出一批传导快、实效性强的改革举措。
他举例说,近年来中央反复强调促进民营经济发展壮大。强化法治保障是一项重要举措,会议明确提出“出台民营经济促进法”,将加快立法步伐。“这项改革明年加快推进,将为民营经济发展营造良好的法治环境。”
会议提出“制定全国统一大市场建设指引”。黄汉权认为,这将更好引导地方破解地方保护和市场分割,实现资源优化配置,促进公平竞争,激发经营主体活力,推动经济持续健康发展。
针对当前一些地方政府和基层财政困难,会议提出“统筹推进财税体制改革,增加地方自主财力”。黄汉权认为,调整财力和事权的匹配机制,适当加强中央事权,提高中央支出比重,同时增加地方财力和税源,有利于解决当前地方财政困难和债务风险问题,保证地方财政在服务中国式现代化中发挥更大的作用。
黄汉权说,明年除了国家宏观政策持续用力、不断加力外,一系列标志性改革举措的落地见效,将有效引导预期、提振社会信心,推动我国经济持续向上向好。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.