Connect with us

China

ဤအခိုက်အတန့်များသည် နက္ခတ်တာရာကြယ်ပင်လယ်များဆီသို့ အခေါက်ခေါက်အခါခါ ရှေ့ရှုချီတက်နေခြင်း၏ သက်သေများဖြစ်

ရှန်ကျိုး-၁၇ အာကာသယာဉ်မှူး ထန်းဟုန်ပေါ အာကာသစခန်း ပူးတွဲခန်းအပြင်ဘက်တွင် အလုပ်လုပ်နေသည်ကို ပေကျင်းအာကာသပျံသန်းနည်းပညာထိန်းချုပ်ရေးစင်တာမှ ၂၀၂၄ ခုနှစ် မတ်လ ၂ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ်တွင် “ShenZhou” အာကာသယာဉ် အောင်မြင်စွာလွှတ်တင်ခြင်း၊ “BeiDou” ဂြိုဟ်တုကွန်ရက် ပြီးစီးခြင်း၊ “Chang’e” လကမ္ဘာစူးစမ်းလေ့လာရေးနှင့် “Tianyan” အာကာသကင်းလှည့်ခြင်း… တို့သည် တရုတ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာလုပ်သားများက ကြယ်များဖြင့် တန်ဆာဆင်ထားသော ကောင်းကင်ယံကို မော့ကြည့်ရင်း အသစ်မောင်းနှင်သော “တရုတ်အမှတ်တံဆိပ်” သိပ္ပံနှင့်နည်းပညာ  အင်အားကြီးနိုင်ငံ ရည်မှန်းချက်ကို ဦးတည်၍ မဆုတ်မနစ် သတ္တိရှိရှိ ရှေ့သို့လှမ်းချီခဲ့ကြသည်။

ကောင်းကင်ယံအထက်ကိုးဘုံကို တက်လှမ်းမည်၊ သမုဒ္ဒရာငါးစင်း ရေပြင်အောက်သို့ ဆင်းသက်မည်ဟူသော စိတ်ဓာတ်ဖြင့် ယခုနှစ်တွင် “ကျောင်းလုံ” ရေငုပ်သင်္ဘော ပင်လယ်တွင်းသို့ စူးစမ်းလေ့လာခြင်း၊ “နဂါးနှစ်ကောင်” ဝင်ရိုးစွန်း စူးစမ်းလေ့လာရေးခရီးထွက်ခဲ့ခြင်း၊ “အိပ်မက်” သင်္ဘော ရွက်လွှင့်ခဲ့ခြင်း… တို့သည် တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာလုပ်သားများ၏ အဝေးသို့ခရီးနှင်မည့် ခိုင်မာမြဲမြံသည့် သန္နိဋ္ဌာန်နှင့် လှိုင်းကြမ်းလေဒဏ်ကို ကျော်လွှား၍ ထပ်မံ တာထွက်ခဲ့ခြင်း ဖြစ်သည်။

အခေါက်ခေါက်အခါခါ ရှေ့ရှုချီတက်နေခြင်းမှာ တရုတ်နိုင်ငံ၏ရည်မှန်းချက်
သည် နက္ခတ်တာရာကြယ်ပင်လယ်များဆီသို့ဖြစ်ပြီး ထိုသို့ကြိုးပမ်းမှုမှာ မည်သည့်အခါကမျှ ရပ်တန့်ခြင်းမရှိခဲ့ပေ။ (Xinhua)

ရှန်ကျိုး-၁၈ လူတင်အာကာသယာဉ် သယ်ဆောင်ထားသည့် Long March 2F Yao 18 ဂြိုဟ်တု သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်တွင် ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်စဉ် (ဆင်ဟွာ)

ရှန်ကျိုး-၁၉ လူတင်ပျံသန်းရေး မစ်ရှင် အာကာသယာဉ်မှူးများအဖွဲ့ ထွက်ခွာခြင်းအခမ်းအနားကို ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာရှိ Wentian Pavilion Dream Garden Square တွင် ကျင်းပခဲ့ရာ အာကာသယာဉ်မှူး ချိုက်ရွှိကျယ် (ဝဲ)၊ စုန့်လင့်တုန်း(အလယ်)နှင့် ဝမ်ဟောက်ကျယ်တို့ကို အခမ်းအနား၌ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

 

……………………
(Chinese Version)
年终报道·逐梦2024丨这些时刻,见证对星辰大海的一次次奔赴
北京,2024年12月23日
2024年,“神舟”飞天、“北斗”组网、“嫦娥”探月、“天眼”巡空……中国的科技工作者们仰望星空,创新驱动的“中国号”向着科技强国的目标奋勇前进。
可上九天揽月,可下五洋捉鳖。这一年里,“蛟龙”入海、“双龙”探极、“梦想”扬帆……中国的科技工作者们矢志远航,乘风破浪再出发。
一次次奔赴,我们的目标是星辰大海,从未止步!
图说1:2024年3月2日在北京航天飞行控制中心拍摄的神舟十七号航天员汤洪波在空间站组合体舱外作业画面。新华社记者 李贺 摄
图说2:2024年4月25日,搭载神舟十八号载人飞船的长征二号F遥十八运载火箭在酒泉卫星发射中心点火发射。新华社记者 连振 摄
图说3:2024年10月30日,神舟十九号载人飞行任务航天员乘组出征仪式在酒泉卫星发射中心问天阁圆梦园广场举行。这是航天员蔡旭哲(右)、宋令东(中)、王浩泽在出征仪式上。