Connect with us

Africa & Middle East

Hot Q & A |ဆီးရီးယားအသွင်ကူးပြောင်းရေးအစိုးရအနေဖြင့် မည်သို့ အသွင်ကူးပြောင်းရန် စီစဉ်သနည်း

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုပြီးနောက် မီးခိုးငွေ့များ ထွက်ပေါ်လာသည်ကို ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
ဆီးရီးယား အာဆတ်အစိုးရ ဖြုတ်ချခံရခြင်း၊ အသွင်ကူးပြောင်းရေးအစိုးရ တရားဝင် အာဏာလွှဲပြောင်းရယူခြင်းသည် ရက်သတ္တပတ် သုံးပတ်ကြာ ရှိပြီဖြစ်သည်။
ဆီးရီးယား အသွင်ကူးပြောင်းရေးအစိုးရအနေဖြင့် အခြေအနေတည်ငြိမ်ရေးအတွက် မည်သည့် အစီအမံများ ဆောင်ရွက်ထားသနည်း။ မည်သည့် နိုင်ငံများ၏ကိုယ်စားလှယ်အဖွဲ့များကို အကြိမ်ကြိမ်တွေ့ဆုံခဲ့သနည်း။ ပိတ်ဆို့ဒဏ်ခတ်မှုဒဏ်နှင့် ပဋိပက္ခဒဏ်များ အလူးအလိမ့်ခံနေရသော လူဦးရေ ၂၃ သန်းရှိသော ဤနိုင်ငံကို မည်သို့စီမံခန့်ခွဲမည်နည်း။

ဆီးရီးယားပြည်တွင်းအခြေအနေ တည်ငြိမ်စေရန် မည်သို့ဆောင်ရွက်မည်နည်း
ဒီဇင်ဘာ ၈ ရက်တွင် “ဆီးရီးယား လွတ်မြောက်ရေးလက်နက်ကိုင် (Tahrir al-Sham)” စသည့် လက်နက်ကိုင်အဖွဲ့များက အာဆတ်အစိုးရကို ဖြုတ်ချပြီးနောက် Mohammed al-Bashir အိမ်စောင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူသော ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရသည် ဒီဇင်ဘာ ၁၀ ရက်တွင် တရားဝင် အာဏာ လွှဲပြောင်းယူခဲ့သည်။ ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရက ပြည်တွင်း အခြေအနေကို တတ်နိုင်သမျှ အမြန်ဆုံး တည်ငြိမ်စေရန် မည်သို့ လုပ်ဆောင်မည့်အပေါ် အတော်အာရုံစိုက်ခံရပေသည်။

လွန်ခဲ့သည့် ရက်သတ္တပတ် သုံးပတ်အတွင်း မြို့တော် ဒမတ်စကပ်စ် လုံခြုံရေး အခြေအနေ အတန်အသင့် ပြန်လည်ကောင်းမွန်လာကြောင်း၊ လူထုအချို့သည် Umayyin ရင်ပြင်စသည့်နေရာများတွင် အောင်ပွဲအခမ်းအနားများ ကျင်းပကြပြီး အချို့သောသူများသည် အနာဂတ်အခြေအနေကို သတိထားသော သဘောထားဖြင့် နေကြကြောင်း ဆင်ဟွာသတင်းထောက်များ လက်တွေ့ကွင်းဆင်းလေ့လာစဉ် တွေ့ရှိခဲ့သည်။

တစ်ဖက်တွင် “ဆီးရီးယား လွတ်မြောက်ရေးလက်နက်ကိုင် (Tahrir al-Sham)” တပ်ဖွဲ့ခေါင်းဆောင် Ahmad al-Chareh နှင့် ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရအရာရှိများက အခမ်းအနားအမျိုးမျိုးတွင် ဂိုဏ်းဂဏစွဲဝါဒကို ဆန့်ကျင်ကြောင်း၊ မတူညီသော အုပ်စုများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထောက်ခံအားပေးကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။ Chareh ကိုယ်တိုင်က Abu Mohammad al-Julani နာမည်ကို စွန့်လွှတ်ပြီး တိုက်ခိုက်ရေးယူနီဖောင်းမှ အနောက်တိုင်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့သည်။ လစာတိုးမြှင့်ရေး၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းရေး၊ ပြန်လည်ထူထောင်မှု တွန်းအားပေးရေး၊ အိုးမဲ့အိမ်မဲ့ ပြည်သူများအား ပြန်လည်နေရာချထားရေး စသည်တို့ အပါအဝင် အလုံးစုံသော စီးပွားရေးနှင့် လုံခြုံရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဒီဇင်ဘာ ၁၅ ရက် ဆီးရီးယား ရုပ်မြင်သံကြား၏ တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းကကြေညာခဲ့သည်။

သို့သော်လည်း ဆီးရီးယား တိုင်းရင်းသားဖွဲ့စည်းပုံမှာ ရှုပ်ထွေးပြီး ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်သည် လွယ်ကူချောမွေ့သောကိစ္စမဟုတ်ပေ။ ဒီဇင်ဘာ ၂၅ ရက်က ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Halab ပြည်နယ်ရှိ Alawite ဂိုဏ်း မြင့်မြတ်သောနေရာတစ်ခုကို တိုက်ခိုက်ခဲ့သည့် ဗီဒီယိုကြောင့် ဆီးရီးယားနိုင်ငံရှိ နေရာအများအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ သေဆုံး၊ ဒဏ်ရာရမှုများလည်းဖြစ်ပွားခဲ့သည်။ ထိုနေ့တွင်ပင် ဆီးရီးယားပြည်ထဲရေးဝန်ကြီးဌာန၏ ကင်းလှည့်အဖွဲ့သည် Lattakia ပြည်နယ် ကျေးလက်ဒေသတွင် “ယခင်အစိုးရ၏ အင်အားအကြွင်းအကျန်များ” ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရကာ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်း ၁၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

မကြာသေးမီက ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရသည် ပြည်နယ်အများအပြားတွင်“ယခင်အစိုးရ၏ အင်အားအကြွင်းအကျန်များ”ကို ပစ်မှတ်ထားသော အကြီးစား လုံခြုံရေး စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့သည်။ ရက်သတ္တပတ် တစ်ပတ်ပင်မရှိသော ကာလအတွင်း ယခင်အစိုးရ၏ အရာရှိများအပါအဝင် လူ ၃၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း ဗြိတိန်အခြေစိုက်ဖြစ်သော “ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့” က ဒီဇင်ဘာ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

သံတမန်ရေး လှုပ်ရှားမှုများကို မည်သို့ ခပ်စိတ်စိတ် ဆောင်ရွက်မည်နည်း

ဆီးရီးယားနိုင်ငံရေးအခြေအနေ အကြီးအမားပြောင်းလဲလာပြီးနောက် အာဆတ်အစိုးရအား ကာလရှည်ကြာ ဆန့်ကျင်ပိတ်ဆို့ထားခဲ့သော အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီနှင့် ဥရောပသမဂ္ဂတို့က ဆီးရီးယား ခေါင်းဆောင်သစ်နှင့် ဆက်ဆံရန် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခဲ့သည်။ ဥရောပသမဂ္ဂသံတမန်များသည် ဆီးရီးယားခေါင်းဆောင်အလွှာအသစ်နှင့် အခြားအဖွဲ့ခွဲများကို ဒီဇင်ဘာ ၁၆ ရက်က “အပြုသဘောဆောင်သော ကနဦး ဆက်ဆံမှုများ” ရရှိခဲ့ကြောင်းနှင့် ဆီးရီးယားနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံတမန်အဖွဲ့အနေဖြင့် လုပ်ငန်း အပြည့်အဝ ပြန်လည်စတင်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Kaja Kallas က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် အဆင့်မြင့် သံတမန် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်က ဒမတ်စကပ်စ်တွင် Ahmad al-Chareh နှင့် တွေ့ဆုံခဲ့ပြီး မကြာမီ Chareh အား ဖမ်းဆီးရန် ယခင်က ကမ်းလှမ်းထားသည့် ဆုကြေး ဒေါ်လာ ၁၀ သန်းကို ပယ်ဖျက်ကြောင်း အမေရိကန်က ကြေညာခဲ့သည်။ Chareh က အဆိုပါနေ့ တွေ့ဆုံဆွေးနွေးပွဲအတွင်း “လက်တွေ့ကျသော” သဘောထားကို ပြသခဲ့ပြီး ၎င်း၏ လုပ်ဆောင်ချက်များအပေါ် မူတည်၍ အမေရိကန်က နောက်တစ်ဆင့်အစီအမံများကို ဆုံးဖြတ်မည်ဖြစ်ကြောင်း အမေရိကန် အရာရှိများက ပြောကြားခဲ့သည်။

ဒေသတွင်းအဆင့်တွင် တူကီယဲ၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ အီရတ်၊ လစ်ဗျားစသည့် နိုင်ငံများကလည်း လတ်တလောရက်များတွင် ဆီးရီးယားခေါင်းဆောင်အလွှာအသစ်နှင့် ဆက်ဆံရန် ကိုယ်စားလှယ်များကို စေလွှတ်ခဲ့သည်။ ဆီးရီးယား၏ ခေါင်းဆောင်သစ်များနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် တူကီယဲနှင့် ကာတာတို့သည် ဆယ်စုနှစ်ကျော်ကြာ ပိတ်ထားသော ဆီးရီးယားရှိ ၎င်းတို့၏ သံရုံးများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

တူကီယဲနိုင်ငံခြားရေးဝန်ကြီး Hakan Fidan သည် မကြာသေးမီက ဆီးရီးယားသို့ အလည်အပတ်သွားရောက်ခဲ့သည်။ ကာ့ဒ်လက်နက်ကိုင်များ၏ “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ” နှင့်ပတ်သက်၍ ဆီးရီးယားခေါင်းဆောင်သစ်များနှင့် ဆွေးနွေးခဲ့ကြောင်း Fidan က ပြောကြားခဲ့သည်။ ကာတာစသည့် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များသည်လည်း ၎င်းတို့ကိုယ်စီ စိုးရိမ်နေကြသော ကိစ္စရပ်များကို ဆီးရီးယားနိုင်ငံနှင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တိုင်းပြည်ကို မည်သို့ စီမံခန့်ခွဲရန် ပြင်ဆင်ထားပါသနည်း
ဒီဇင်ဘာ ၂၉ ရက် ဆော်ဒီအာရေဗျ မီဒီယာ၏ သီးသန့်မေးမြန်းခန်း၌ ဖြေကြားရာတွင် Chareh က ဆီးရီးယားနိုင်ငံ အနာဂတ်နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ လက်ရှိအဆင့်သည် သက်တမ်း ပိုမိုကြာရှည်မည့် ယာယီအစိုးရအတွက် ပြင်ဆင်ရေး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ လက်ရှိတွင် ဆီးရီးယားသည် တရားဥပဒေ ပြန်လည်တည်ဆောက်ရေး အဆင့်တွင် ရှိနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရန်မှာ သုံးနှစ်အထိ ကြာနိုင်ပြီး “ဒါက ဧရာမကြီးမားခက်ခဲတဲ့ အလုပ်တစ်ခုပါ” ဟုလည်း ၎င်းက ပြောခဲ့သည်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ဆီးရီးယား ကာ့ဒ်လက်နက်ကိုင်များ ဦးဆောင်သော “ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့များ” (Syrian Democratic Forces) နှင့် တူကီယဲ ပံ့ပိုးထောက်ခံသော “ဆီးရီးယားအမျိုးသားတပ်မတော်” (Syrian National Army) တို့ကြား ပြင်းထန်သော အပြန်အလှန် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ အမေရိကန်၏ ထောက်ပံ့မှု ရရှိထားသော “ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့များ”သည် ဆီးရီးယား၏ ရေနံနှင့် စပါး အဓိကထွက်ရှိရာ ဒေသများကို ထိန်းချုပ်ထားရာ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့များ၏ ပြဿနာကို မည်သို့ဖြေရှင်းမည်မှာ ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရ ရင်ဆိုင်နေရသော အဓိက စိန်ခေါ်မှုဖြစ်သည်။

ဆီးရီးယားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၂၅၄ ၏ အဓိက အကြောင်းအရာကို လိုက်နာသော်လည်း အချို့သော ပြဋ္ဌာန်းချက်များမှာ ပြန်လည် စစ်ဆေးရန် လိုအပ်သည်ဟု Chareh က ပြောကြားခဲ့သည်။ ဆီးရီးယားသည် မည်သည့်ပုံစံဖြင့် နိုင်ငံမှ ခွဲထွက်ခြင်းကိုမဆို ဆန့်ကျင်ပြီး “ဖက်ဒရယ်စနစ်”ကို လက်မခံကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကာ့ဒ်များသည် ဆီးရီးယားလူ့အဖွဲ့အစည်း၏ ခွဲခြားမရသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဆီးရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့များကို နိုင်ငံစာရင်းတွင် ထည့်သွင်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ညီလာခံတွင် “ဆီးရီးယား လွတ်မြောက်ရေးလက်နက်ကိုင် (Tahrir al-Sham)” ကို ဖျက်သိမ်းကြောင်း ကြေညာမည်ဟု Chareh က ပြောကြားခဲ့သည်။ နိုင်ငံလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ညီလာခံသည် လူ့အဖွဲ့အစည်း အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ စုစည်းပြီး
အချို့သော အထူးကော်မတီများ ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ ညီလာခံတက်ရောက်သူများက အသွင်ကူးပြောင်းရေး ကာလ အတွင်း အရေးကြီးသော၊ ထိလွယ်ရှလွယ်သော ကိစ္စရပ်များကို မဲခွဲဆုံးဖြတ်ပေးကြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Chareh သည် အမေရိကန်၊ ဆော်ဒီအာရေဗျ၊ အီရန်၊ ရုရှားစသည့်နိုင်ငံများနှင့် ဆီးရီးယား၏ ဆက်ဆံရေးအကြောင်းလည်း ဆွေးနွေးခဲ့သည်။ ဆီးရီးယားနှင့် ရုရှားတို့သည် တူညီသော မဟာဗျူဟာမြောက် အကျိုးစီးပွားများ ရှိကြောင်းနှင့် တစ်ချိန်တည်းမှာပင် အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်အား တာဝန်ထမ်းဆောင်ပြီးနောက် ဆီးရီးယားအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။ (Xinhua)

ဆီးရီးယားမြို့တော် ဒမတ်စကပ်စ်ရှိ လမ်းမကြီးကို ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂိုလန်ကုန်းမြင့်အရှေ့ဘက်ခြမ်းရှိ စစ်ရေးကြားခံဇုန် ခြံစည်းရိုးအနီးတစ်ဝိုက်တွင် အစ္စရေးစစ်တပ်များ ဖြန့်ကြက်ထားသည်ကို ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………………
(Chinese Version)
热点问答|叙利亚过渡政府打算如何过渡
新华社大马士革12月30日电 热点问答|叙利亚过渡政府打算如何过渡   新华社记者程帅朋 冀泽
叙利亚阿萨德政权被推翻、过渡政府正式接管权力已过去三周时间。叙利亚过渡政府为平稳局势采取了哪些措施?频繁会见哪些外国代表团?接下来将如何治理这个拥有2300万人口、饱受制裁和冲突蹂躏的国家?
如何平稳叙国内局势
阿萨德政权12月8日被“叙利亚沙姆解放武装”等武装组织推翻后,以穆罕默德·巴希尔为看守总理的叙利亚过渡政府于10日正式接管权力。叙过渡政府如何尽快平稳国内局势备受关注。
新华社记者实地观察发现,三周来,首都大马士革安全形势有所好转,有民众在倭马亚广场等地举行庆祝活动,也有民众对未来局势持谨慎态度。
一方面,“叙利亚沙姆解放武装”领导人艾哈迈德·沙拉和叙过渡政府官员在不同场合多次表示反对宗派主义,主张不同群体和平共处。沙拉本人放弃阿布·穆罕默德·朱拉尼这一化名,将战斗服换成了西服。12月15日,他在接受叙利亚电视台采访时,公布了一项全面的经济和安全改革计划,包括提高工资、解除所有武装派别的武装、推动重建、安置流离失所者等。
不过,叙民族构成复杂,建立信任的过程并非坦途。12月25日,叙北部阿勒颇省一个阿拉维派圣地遭袭击视频在叙多地引发抗议,造成人员伤亡。同日,叙内政部巡逻队在拉塔基亚省农村地区遭“前政权残余势力”伏击,内政部人员14人丧生、10人受伤。
近来,叙过渡政府在多个省份发起针对“前政权残余势力”的大规模安全行动。总部设在英国的“叙利亚人权观察组织”29日称,在不到一周的时间里就有包括前政权军官在内的约300人被捕。
外交行动如何密集展开
叙利亚政局剧变后,长期反对、制裁阿萨德政权的美国、法国、英国、德国、意大利和欧盟纷纷派团与叙新领导层接触。欧盟外交与安全政策高级代表卡娅·卡拉斯12月17日说,欧盟外交官16日与叙利亚新领导层和其他派别进行了“建设性地初步接触”,欧盟驻叙利亚外交使团将全面恢复工作。
美国高级别外交代表团20日在大马士革会见了沙拉,随后美国宣布取消此前为捉拿沙拉开出的1000万美元悬赏金。美国官员表示,沙拉在当天的会谈中展现了“务实”态度,美方将根据他的行动决定下一步举措。
地区层面,土耳其、约旦、卡塔尔、沙特、巴林、伊拉克、利比亚等国近日也派团与叙新领导层接触。与叙新领导层关系密切的土耳其和卡塔尔已重开关闭十余年的驻叙大使馆。
土耳其外长费丹不久前访叙。费丹表示,他与叙新领导人讨论了库尔德武装“人民保护部队”事宜。卡塔尔等国代表团也就各自关心的问题与叙方进行了讨论。
接下来准备怎么治理国家
沙拉12月29日接受沙特阿拉伯媒体专访时谈及叙未来政治进程。他说,当前阶段是在为一个任期更长的临时政府做筹备。叙利亚当前正处于重建法律的阶段,制定一部新宪法可能需要3年时间,“这是一项艰巨的工作”。
在叙北部,叙库尔德武装主导的“叙利亚民主力量”和土耳其支持的“叙利亚国民军”持续发生激烈交火。受美国支持的库尔德武装占据叙主要产油和产粮区,如何解决库尔德武装问题将是叙过渡政府面临的一大挑战。
沙拉说,叙利亚遵守联合国安理会2254号决议的核心内容,但一些条款“需重新审视”。他说,叙反对以任何形式分裂国家,也不接受“联邦制”。库尔德人是叙利亚社会不可分割的组成部分,叙国防部将把库尔德武装纳入其序列。
此外,沙拉表示将在全国对话会议上宣布解散“叙利亚沙姆解放武装”。全国对话会议将汇集社会各阶层人士,组建一些专门委员会,与会者将就过渡阶段的重要和敏感问题进行投票。
沙拉还谈及叙利亚与美国、沙特、伊朗和俄罗斯等国关系。他表示,叙利亚与俄罗斯有共同的战略利益,同时呼吁美国当选总统特朗普上任后解除美方对叙利亚的制裁。(完)
图说1:这是2024年12月12日在叙利亚大马士革市郊拍摄的以军空袭后冒出的浓烟。新华社发(阿马尔·萨法尔贾拉尼摄)
图说2:这是2024年12月10日拍摄的叙利亚大马士革街头。新华社发(阿马尔·萨法尔贾拉尼摄)
图说3:2024年12月10日,以军部队被部署在戈兰高地东侧的军事缓冲区围栏附近。(新华社记者陈君清摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.