Connect with us

China

ကိုရီးယားကျွန်းဆွယ် တင်းမာမှု အရှိန်အဟုန်မြင့်တက်စေမည့် အပြုအမူ၊ အပြောအဆိုများကို ဘက်ပေါင်းစုံက ရှောင်ကြဉ်ရန် တရုတ်နိုင်ငံ တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော လုံခြုံရေးကောင်စီ ပင်လယ်နီအရေးဆိုင်ရာ အရေးပေါ် တံခါးဖွင့်အစည်းအဝေးပွဲအား ၂၀၂၄ ခုနှစ် ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ကိုရီးယားကျွန်းဆွယ်နှင့်ပတ်သက်၍ ဘက်ပေါင်းစုံအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းရှိကြရန်၊ အပြုအမူအပြောအဆိုများကို သတိထားကြရန်၊ အပြန်အလှန် နှိုးဆွမှုများနှင့် တင်းမာမှုအရှိန်အဟုန် မြင့်တက်စေမည့် အပြောအဆိုများကို ရှောင်ကြဉ်ကြရန်၊ ကိုရီးယားကျွန်းဆွယ်၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အတူကြိုးပမ်းကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဇွန် ၁၂ ရက် လုံခြုံရေးကောင်စီ မြောက်ကိုရီးယားလူ့အခွင့်အရေးဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲတွင် တိုက်တွန်းပြောကြားခဲ့သည်။

လက်ရှိ ကိုရီးယားကျွန်းဆွယ် အခြေအနေသည် ရှုပ်ထွေး၍ ထိလွယ်ရှလွယ်ဖြစ်နေပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ပို၍ဆိုးရွားလျက်ရှိရာ နိုင်ငံတကာအသိုက်အဝန်းကို စိုးရိမ်မှု ဖြစ်စေသည်ဟု ကိန်းစွမ်က ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် လုံခြုံရေးကောင်စီအနေဖြင့်လည်း အခြေအနေ ဖြေလျှော့ရေး၊ အပြန်အလှန်ယုံကြည်မှုတိုးပွားရေး၊ တွေ့ဆုံဆွေးနွေးမှု မြှင့်တင်ရေးအတွက် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်သင့်ပါကြောင်း၊ လုံခြုံရေးကောင်စီ၏ မြောက်ကိုရီးယား လူ့အခွင့်အရေးအခြေအနေကို စိစစ်ရန် တွန်းအားပေးနေခြင်းမှာ လူ့အခွင့်အရေး နိုင်ငံရေးအသွင်၊ ကိရိယာအသွင် ပြောင်းလဲခြင်း ဖြစ်ရာ အခြေအနေများ ပို၍တင်းမာစေပြီး ပဋိပက္ခများ ပို၍ ပြင်းထန်စေမည်သာ ဖြစ်ရာ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးအတွက် မည်သို့မျှ အကျိုးရှိနိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အကယ်၍ အမေရိကန် စသည့်နိုင်ငံများက ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ မြောက်ကိုရီးယား လူ့အခွင့်အရေးအခြေအနေ၊ မြောက်ကိုရီးယားပြည်သူများ၏အကျိုးစီးပွားကို အမှန်တကယ် ဂရုစိုက်သည်ဆိုလျှင် လက်တွေ့ကျသည့်လှုပ်ရှားမှုများကို ဆောင်ရွက်သင့်ရာ တွေ့ဆုံဆွေးနွေးမှုများကို ပြန်လှယ်စတင်ရန် တွန်းအားပေးသင့်ကြောင်း၊ ရန်စသည့်အပြုအမူများကို စွန့်လွှတ်၍ အခြေအနေ ပြန်လည်ကောင်းမွန်လာအောင် ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီက သက်ဆိုင်ရာ ပိတ်ဆို့အရေးယူမှု အထူးသဖြင့် လူသားချင်းစာနာမှု၊ ပြည်သူ့စားဝတ်နေရေးစသည့်ကဏ္ဍများအပေါ် သတ်မှတ်ချက်များအား ချိန်ညှိမှုကို အားပေးထောက်ခံရမည် ဖြစ်သလို မြောက်ကိုရီးယား လူအခွင့်အရေးအခြေအနေ ပိုမို ဆိုးရွားစေမည့် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ချက်ချင်း ရုပ်သိမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်၏ အိမ်နီးချင်းနှင့် တာဝန်ယူမှုရှိသော နိုင်ငံကြီးအနေဖြင့် တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ထားရှိသွားကာ ကိုးရီးယားကျွန်းဆွယ်အရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ရေရှည်တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ရေးတို့တွင် အပြုသဘော အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)

………………………
(Chinese Version)
中方呼吁各方避免任何可能导致半岛局势紧张升级的言行
新华社联合国6月12日电(记者王建刚)中国常驻联合国副代表耿爽12日在安理会朝鲜人权问题公开会上呼吁所有各方保持冷静克制,谨言慎行,避免相互刺激和任何可能导致半岛局势紧张升级的言行,共同努力维护半岛和平稳定。
耿爽说,当前,朝鲜半岛局势复杂敏感,各方对立对抗加剧,引发国际社会普遍担忧。当前形势下,安理会也应为缓和局势、增进互信、促进对话发挥建设性作用。推动安理会审议朝鲜人权局势,将人权问题政治化、工具化,只会加剧紧张、激化矛盾,对维护半岛和平稳定毫无益处。
耿爽表示,如果美国等国家真的关心地区和平稳定、关心朝鲜人权状况、关心朝鲜人民福祉,就应该采取切实行动、推动重启对话,就应该放弃挑衅行为,争取局势早日转圜,就应该支持安理会调整有关制裁措施特别是人道民生领域规定,同时立即取消加剧朝鲜人道局势恶化的单边强制措施。
耿爽说,作为半岛近邻和负责任大国,中方愿与各方继续保持密切沟通,为推动半岛问题政治解决、早日实现半岛长治久安发挥建设性作用。
1. 这是1月3日在位于纽约的联合国总部拍摄的安理会关于红海局势紧急公开会现场。