Connect with us

International Organizations

ကုလသမဂ္ဂ အနေဖြင့် ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို အထူးအာရုံစိုက်ရန် တရုတ်နိုင်ငံက တိုက်တွန်း

ကုလသမဂ္ဂ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစည်းအဝေးတွင် တရုတ်နိုင်ငံက ကုလသမဂ္ဂအနေဖြင့် အရင်းအမြစ်များ ခွဲဝေပေးရေးကို အလေးထားရန်၊ အထူးသဖြင့် ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ကာလရှည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို အာရုံစိုက်ဆောင်ရွက်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှု၏ လွှမ်းခြုံနိုင်အားနှင့် တန်းတူညီမျှ ဟန်ချက်ညီစေရေး ကြိုးစားလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တန်းတူညီမျှမှုအတွေးအခေါ်ကို ဖော်ဆောင်ရန်၊ ကမ္ဘာတစ်ဝန်း ဒေသအသီးသီးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို မျှတစွာ ဖြည့်ဆည်းပေးရန် ကိန်းစွမ်က တိုက်တွန်းခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် တစ်ကမ္ဘာလုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တောင်းဆိုမှု၏ ရန်ပုံငွေ ကွာဟမှုမှာ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံနီးပါး ရှိနေပြီး အချို့သော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများတွင် ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အလှူရှင်များအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများအတွက် တုံ့ပြန်မှုအားတိုးမြှင့်ရန်နှင့် ရန်ပုံငွေကွာဟချက်ကို ထိထိရောက်ရောက် ဖြည့်ဆည်းရန် တရုတ်နိုင်ငံက တိုက်တွန်းထားသည်။ (Xinhua)

………………………………………….
(Chinese Version)
中方呼吁联合国重点关注供资严重不足的人道主义危机
新华社联合国6月27日电(记者王建刚)中国常驻联合国副代表耿爽27日在联合国经济及社会理事会2024年人道主义会议上表示,中方希望联合国注重资源分配,尤其关注供资严重不足的人道主义危机和长期人道主义危机,在人道主义援助的覆盖面和公平性方面努力实现平衡。
耿爽呼吁国际社会体现公平理念,平衡满足全球各地的人道主义需求。他说,2023年,全球人道主义呼吁的资金缺口接近350亿美元,部分人道主义危机获得的资金严重不足。中方呼吁捐助方加大对人道主义危机的响应力度,切实弥补资金缺口。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.