Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်လူငယ်ဖလှယ်ရေး ကိုယ်စားလှယ်အဖွဲ့အား သတင်းစကားပါး

ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် “လူငယ်လူရွယ်များ လက်တွဲအတူ လျှောက်လှမ်းမည်” အမေရိကန် လူငယ် ကိုယ်စားလှယ်အဖွဲ့အား သတင်းစကားပါးခဲ့သည်။

သမ္မတ ရှီက တရုတ်-အမေရိကန် ဆက်ဆံရေးသည် ပြည်သူတွင် ရှိသလို ပြည်သူတွင်ပင် အခြေတည်ကြောင်း၊ အနာဂတ်သည် လူငယ်များတွင် ရှိသလို တက်ကြွမှုအင်အားသည်လည်း ယင်းနေရာတွင် ရှိကြောင်း ပြောကြားခဲ့သည်။
လူငယ်များ၏ ယခုအကြိမ် အလည်အပတ်ခရီးစဉ်သည် တရုတ်နိုင်ငံအကြောင်း ကိုယ်တိုင်သိရှိနားလည်လာပြီး တရုတ် လူငယ်များနှင့် အပြန်အလှန်ဖလှယ်မှုများ ရှိကာ မိတ်ဖက်ကောင်း၊ သူငယ်ချင်းကောင်း ဖြစ်လာမည် ၊ နှစ်နိုင်ငံပြည်သူများအကြား ပိုမို ရင်းနှီးသိကျွမ်းမှုရှိစေမည့် ပေါင်းကူးတံတားတည်ဆောက်ကာ တရုတ်-အမေရိကန် နှစ်နိုင်ငံ ပြည်သူများ ချစ်ကြည်ရေးအတွက် အကျိုးဆောင်မည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
“လူငယ်လူရွယ်များ လက်တွဲအတူ လျှောက်လှမ်းမည်” အမေရိကန် လူငယ် ကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်နိုင်ငံ ပြည်နယ် ၇ ခုရှိ အလယ်တန်းနှင့် အထက်တန်းစာသင်ကျောင်းများမှ ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ် ၁၉၀ ခန့် ပါဝင်ကြောင်း၊ ယင်းအဖွဲ့အား တရုတ်ပြည်သူ့ ပြည်ပ ချစ်ကြည်ရေးအသင်းက ဖိတ်ကြားကြိုဆိုဧည့်ခံခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)
……………………….
(Chinese Version)
习近平寄语美国青少年“青春同行”交流团
新华社北京7月2日电 7月1日,国家主席习近平寄语美国青少年“青春同行”交流团。
习近平指出,中美关系希望在人民,基础在民间,未来在青年,活力在地方。希望你们通过此次访问,感知中国、体会中国、了解中国,与中国的青少年交流互动,成为好伙伴、好朋友,在两国人民之间架起更多相知相亲的桥梁,为增进中美两国人民友谊作出贡献。
美国青少年“青春同行”交流团由美国7个州共14所中学约190名师生代表组成,中国人民对外友好协会邀请并接待。