Connect with us

China

ပါလက်စတိုင်း အဖွဲ့အသီးသီး 《ပေကျင်းကြေညာချက်》လက်မှတ်ရေးထိုးမှုနှင့်စပ်လျဉ်းသည့် အခြေအနေများအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်အား ၂၀၂၄ ခုနှစ် ဇူလိုင် ၂၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်ဖြင့် ပါလက်စတိုင်း အဖွဲ့ ၁၄ ဖွဲ့၏ အဆင့်မြင့် ကိုယ်စားလှယ်များသည် ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ ပေကျင်းမြို့တွင် ပြန်လည်သင့်မြတ်ရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တွေ့ဆုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သလို ပါလက်စတိုင်းအဖွဲ့အသီးသီးကလည်း 《ခွဲထွက်မှု အဆုံးသတ်ရေးနှင့် ပါလက်စတိုင်းအမျိုးသားစည်းလုံးညီညွတ်မှု မြှင့်တင်ရေးဆိုင်ရာ ပေကျင်းကြေညာချက်》ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ၎င်းနှင့်စပ်လျဉ်းသည့် အခြေအနေများကို မေးမြန်းချက်များအရ ပြောကြားခဲ့သည်။

ယခုအကြိမ်သည် ပါလက်စတိုင်းအဖွဲ့ ၁၄ ဖွဲ့ ပထမဆုံးအကြိမ် ပေကျင်း၌ ကျင်းပသည့် ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်ပြီး အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်းပြည်သူများအတွက် အဖိုးတန်သော မျှော်လင့်ချက်များ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

ကြေညာချက်တွင် ပါလက်စတိုင်းပြည်သူများ၏ အခွင့်အရေး၊ ခွဲထွက်မှုများ အဆုံးသတ်ရေး၊ ပါလက်စတိုင်း ရပ်တည်ချက် တညီတညွတ်တည်းရှိရေးအတွက် တရုတ်နိုင်ငံ၏ စေတနာအရင်းခံကြိုးပမ်းမှုကို အထူးတန်ဖိုးထားချီးကျူးကြောင်း၊ ကုလသမဂ္ဂ၏ကမကထပြုမှုအောက်တွင် ဒေသတွင်းနှင့် နိုင်ငံတကာ ကျယ်ပြန့်စွာ ပါဝင်မှုရှိသော၊ အခွင့်အာဏာ အပြည့်အဝ ရှိသော နိုင်ငံတကာ အစည်းအဝေးကို ကျင်းပရမည် ဖြစ်ကြောင်း ၊ ပေကျင်းတွေ့ဆုံဆွေးနွေးမှုသည် အပေါင်းလက္ခဏာ အပြုသဘောဆောင်မှု စိတ်ဓာတ်ကို ပြသသည်ဟု ယူဆရာ ပါလက်စတိုင်းအဖွဲ့များသည် ပါလက်စတိုင်း၏တစ်ခုတည်းသော တရားဝင် ကိုယ်စားလှယ် ဟူသည့် မူဘောင်အောက်တွင် ဂိုဏ်းဂဏ အဖွဲ့အသီးသီး၏ အမျိုးသား စည်းလုံးညီညွတ်မှုကြီးကို အကောင်အထည်ဖော်ရန် သဘောတူညီကြောင်း ဖော်ပြထားသည်ဟု မော်နင်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များအရ ဂျေရုဆလမ်အား မြို့တော်အဖြစ်ထားရှိသော လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံ တည်ဆောက်မည်ဖြစ်ပြီး ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း၊ ဂျေရုဆလမ်နှင့် ဂါဇာ ပါဝင်သည့် ပါလက်စတိုင်းနယ်နိမိတ်၏ ပြည့်စုံမှုကို ခိုင်မာစွာ လက်ကိုင်ထားမည် ဖြစ်ကြောင်း ၊ ပါလက်စတိုင်းအဖွဲ့အသီးသီး၏ သဘောတူညီချက်၊ ပါလက်စတိုင်း တည်ဆဲအခြေခံစည်းမျဉ်းဥပဒေများအရ ယာယီအမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ ဖွဲ့စည်းကာ ဂါဇာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်မည် ဖြစ်ပြီး အတည်ပြုသည့် ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲကျင်းပနိုင်ရေး လျင်မြန်စွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အတည်ပြုသည့် ရွေးကောက်ပွဲ ဥပဒေအရ လက်တွေ့နည်းလမ်းများဖြင့် အမျိုးသားကောင်စီ ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ ယာယီ အားလုံးစုစည်းထားသည့် ခေါင်းဆောင်မှုမူဘောင်ကို အသက်သွင်းပြီး ယန္တရားအသွင်လည်ပတ်ရန် ၊ အတူတကွ နိုင်ငံရေး ဆုံးဖြတ်ချက်များ ပြုလုပ်ရန် တစ်ပြေးညီသဘောတူကြောင်း၊ စုပေါင်းယန္တရားကို ထူထောင်ရန်၊ ကြေညာချက်ပါအချက်အလက်များကို ဘက်စုံအကောင်အထည်ဖော်ဆောင်ရန်၊ ကြေညာချက်ကိုဖော်ဆောင်ရေး အချိန်ဇယား သတ်မှတ်ရန် သဘောတူကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်ဟု မော်နင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အမှာစကားတွင် ပြောကြားသလိုပင် ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှု၏ အရေးကြီးဆုံး သဘောတူညီမှုမှာ အဖွဲ့ ၁၄ ဖွဲ့ အားလုံး၏ သင့်မြတ်မှု၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ခြင်း၊ အဓိက ရလဒ်မှာ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO)သည် ပါလက်စတိုင်းပြည်သူများ၏ တစ်ခုတည်းသော တရားဝင် ကိုယ်စားလှယ် ဖြစ်ခြင်း၊ အထင်ရှားဆုံးအချက်မှာ ဂါဇာစစ်ပွဲအပြီး စီမံခန့်ခွဲမှု၊ ယာယီ အမျိုးသားပြန်လည် သင့်မြတ်ရေးအစိုးရ ဖွဲ့စည်းရန် သဘောတူခြင်း၊ အပြင်းထန်ဆုံးသော တိုက်တွန်းမှုမှာ ကုလသမဂ္ဂ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များနှင့်အညီ စစ်မှန်၍ လွတ်လပ်သော ပါလက်စတိုင်း နိုင်ငံတည်ဆောက်ရေးကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

ဝမ်ရိ၏အမှာစကားတွင် လက်ရှိ ဂါဇာအကျပ်အတည်းအတွက် တရုတ်နိုင်ငံ၏ “ခြေလှမ်း သုံးရပ်” ကို အဆိုပြုခဲ့ကြောင်း မော်နင်က ဆိုသည်။ ပထမခြေလှမ်းမှာ ဂါဇာကမ်းမြောင်ဒေသတွင် အမြန်ဆုံး ဘက်စုံ၊ ရေရှည်၊ စဉ်ဆက်မပြတ် အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီနှင့် ကူညီကယ်ဆယ်ရေးများ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးကို တွန်းအားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဒုတိယ ခြေလှမ်းမှာ “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ အုပ်ချုပ်ရေး ” မူကို လက်ကိုင်ထားကာ ဂါဇာစစ်ပွဲအပြီး စီမံခန့်ခွဲမှုကို လက်တွဲအတူ တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ တတိယခြေလှမ်းမှာ ပါလက်စတိုင်းအား ကုလသမဂ္ဂ၏ တရားဝင်အဖွဲ့ဝင်နိုင်ငံအဖြစ် တွန်းအားပေးပြီး “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို အားထားဖော်ဆောင် သွားမည် ဖြစ်ကြောင်း ၊ အဆိုပါ “ခြေလှမ်း သုံးရပ်” သည် ကွင်းဆက်ချင်း ဆက်စပ်နေသလို တစ်ခုမျှ လျော့နည်း၍ မရကြောင်း မော်နင်က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံနဲ့ ပါလက်စတိုင်းနိုင်ငံဟာ အပြန်အလှန် ယုံကြည်ကြတဲ့ ညီအစ်ကိုကောင်း၊ မိတ်ဖက်ကောင်းတွေပါ။ ပါလက်စတိုင်း အဖွဲ့အသီးသီးက ပြည်တွင်း ပြန်လည်သင့်မြတ်မှုအခြေခံပေါ်မှာ ပါလက်စတိုင်း အမျိုးသား သွေးစည်းညီညွတ်ရေးနဲ့ လွတ်လပ်တဲ့နိုင်ငံတည်ဆောက်ရေးကို ဆောလျင်စွာ ဖော်ဆောင်နိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ စေတနာအရင်းခံ မျှော်လင့်ပါတယ်။ ဒီအတွက် ကျွန်မတို့အနေနဲ့လည်း သက်ဆိုင်ရာဘက်ပေါင်းစုံနဲ့တကွ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
外交部发言人介绍巴勒斯坦各派签署《北京宣言》有关情况
应中方邀请,巴勒斯坦14个派别高级别代表于7月21日至23日在北京举行和解对话。23日上午,中共中央政治局委员、外交部长王毅出席和解对话闭幕式并致辞,巴各派签署了《关于结束分裂加强巴勒斯坦民族团结的北京宣言》。外交部发言人毛宁在当日例行记者会上应询介绍有关情况。
毛宁表示,这是巴勒斯坦14个派别首次齐聚北京举行和解对话,为饱受苦难的巴勒斯坦人民带来了宝贵希望。宣言高度赞赏中国为支持巴人民权利、结束分裂、统一巴立场所作真诚努力;强调应在联合国主持下,召开地区和国际广泛参与的、具有充分授权的国际会议;认为北京对话展现了积极和建设性的精神,同意在巴解组织这一巴人民唯一合法代表的框架下实现涵盖所有派别的民族大团结;根据联合国有关决议,建立以耶路撒冷为首都的独立的巴勒斯坦国,坚持包括约旦河西岸、耶路撒冷和加沙在内的巴勒斯坦领土完整;表示将根据巴各派共识,按照巴现行基本法,组建临时民族和解政府,开展加沙重建,并根据通过的选举法尽快筹备并举行大选;强调根据通过的选举法,采取务实举措组建新的全国委员会;一致同意激活临时统一领导框架并机制性运行,共同进行政治决策;同意成立集体性机制,全面落实宣言各项条款,为落实宣言设定时间表。
毛宁说,正如王毅外长在致辞中所说,此次对话最重要的共识就是实现所有14个派别的大和解、大团结,最核心的成果就是明确巴解组织是巴勒斯坦人民唯一合法代表,最突出的亮点就是围绕加沙战后治理、组建临时民族和解政府达成一致,最强烈的呼吁是要根据联合国有关决议实现巴勒斯坦真正的独立建国。
毛宁表示,王毅在致辞中针对当前加沙冲突困境,提出“三步走”中方倡议。第一步是推动加沙地带尽快实现全面、持久、可持续停火,确保人道援助和救援顺畅准入。第二步是秉持“巴人治巴”原则,携手推进加沙战后治理。第三步是推动巴勒斯坦成为联合国正式会员国,并着手落实“两国方案”。“三步走”环环相扣,缺一不可。
“中国同巴勒斯坦是相互信任的好兄弟、好伙伴。中方真诚期待巴勒斯坦各派在内部和解基础上早日实现巴勒斯坦民族团结统一和独立建国。我们将同有关各方一道,继续为此作出不懈努力。”毛宁说。(完)