Connect with us

Africa & Middle East

အရေးပေါ် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုအတွက် ဇင်ဘာဘွေနိုင်ငံ သမ္မတက တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြား

ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရာရီ၌ ကျင်းပသော တရုတ်နိုင်ငံအစိုးရမှ ကူညီထောက်ပံ့သည့် အရေးပေါ် စားနပ်ရိက္ခာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော ဇင်ဘာဘွေနိုင်ငံ သမ္မတ Mnangagwa (ဝဲ) အား ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာရာရီ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)
ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa က အရေးပေါ် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ဩဂုတ် ၂၂ ရက်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအစိုးရမှ ဇင်ဘာဘွေနိုင်ငံထံ ကူညီထောက်ပံ့သော အရေးပေါ် စားနပ်ရိက္ခာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ထိုနေ့တွင် ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရာရီ၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံမှ ယခုအကြိမ် ကူညီထောက်ပံ့သော စားနပ်ရိက္ခာများကို မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် မသန်စွမ်းအဖွဲ့အစည်း စသည်တို့ထံ ခွဲဝေပေးသွားမည်ဟု အခမ်းအနားတွင် Mnangagwa က ပြောကြားခဲ့သည်။ (Xinhua)


……………………………………………..
(Chinese Version)
津巴布韦总统感谢中国提供紧急粮食援助
哈拉雷,2024年8月24日
津巴布韦总统姆南加古瓦22日对中国提供紧急粮食援助表示感谢。中国政府向津巴布韦提供紧急粮食援助交接仪式当天在津首都哈拉雷举行。姆南加古瓦在仪式上表示,此次中国援助的粮食将分发给孤儿院、敬老院和残障人士组织等。
图说:8月22日,津巴布韦总统姆南加古瓦(左)在首都哈拉雷出席中国政府向津巴布韦提供紧急粮食援助交接仪式。新华社发(塔法拉·穆瓜拉摄)