Connect with us

China

“အိပ်မက်တွေရှိပြီး ကြိုးစားနေသရွေ့ ကျွန်မတို့ကို အားလုံးမြင်လာကြလိမ့်မယ်”ဟု “ငါးပျံ” ကျန်ယွိရန့်က ပြောကြား

ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပသော မသန်စွမ်းအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည့် တရုတ်နိုင်ငံ လက်ရွေးစင် ကျန်ယွိရန့်အား ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပဲရစ်၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)
ဩဂုတ် ၂၉ ရက် ညပိုင်းတွင် ပဲရစ်မြို့ရှိ La Défense Arena အားကစားကွင်း၌ ကြွေးကြော်အားပေးသံများ ပွက်ပွက်ညံလျက်ရှိခဲ့ကြသည်။ ခြေလက်တစ်ဖက်တည်းဖြင့်သာ ရေကူးနေသည့် “ငါးပျံ” ကျန်ယွိရန့်သည် ရေကူးကန်နံရံကို အမြန်ထိလိုက်ပြီး ပွဲအပြီးတွင် အဆင့် ၂ နေရာ၌ ရှိသော အမေရိကန်အသင်း “ပြိုင်ဘက်ဟောင်း” နှင့် ရင်းနှီးစွာ ပွေ့ဖက်နှုတ်ဆက်လိုက်သော်လည်း ၎င်းသည် အဝေးမှုန် ပါဝါ ၆၀၀ ရှိခြင်းကြောင့် ဖန်သားပြင်ကြီးမှ ပြိုင်ပွဲဝင်ရလဒ်အဆင့်များကို ရှင်းလင်းစွာ မမြင်ရပေ။
“ကင်မရာက ကျွန်မကို တည့်တည့်ရိုက်နေပြီး အားကစားကွင်းထဲက ကြွေးကြော်အားပေးသံတွေကြောင့် ကျွန်မ အဆင့် ၁ ရလို့ပဲ ဖြစ်မယ်ဆိုပြီး သဘောပေါက်သွားတယ်။ ပြင်သစ်ပရိသတ်တွေက အရမ်းနွေးထွေးပြီးစိတ်အားထက်သန်ကြတယ်” ဟု အသက် ၁၉ နှစ်အရွယ် ကျန်ယွိရန့်က ပြောကြားခဲ့သည်။
ထိုနေ့တွင် ကျဲ့ကျန်းပြည်နယ် ရှောက်ရှင်းမြို့မှ ”၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားသော” ဤလူငယ်လက်ရွေးစင်သည် ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ အမျိုးသမီး မီတာ ၅၀ အလွတ်ကူး S6 အဆင့် ရွှေတံဆိပ်ကို ရရှိခဲ့ပြီး တရုတ်ရေကူးအသင်းအတွက် ပထမဆုံး ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့သည်။ နံနက်ပိုင်း အကြိုပြိုင်ပွဲများတွင် မသန်စွမ်းအိုလံပစ်စံချိန်ချိုးခဲ့ပြီး ညနေပိုင်း ဖိုင်နယ်ပွဲတွင် ကြာချိန် ၃၂.၅၉ စက္ကန့်ဖြင့် ရေကူးပြိုင်ပွဲ စံချိန်သစ်တင်ခဲ့သည်။
ပရိသတ်အားလုံး၏ စောင့်ကြည့်မှုတွင် ကြယ်ငါးပွင့်အနီရောင်အလံ တလူလူလွှင့်တင်သည့်အခါ ကျန်းယွိရန့်၏ မျက်ဝန်းများ တောက်ပလာခဲ့သည်။
ပြိုင်ပွဲအပြီး အင်တာဗျူးတစ်ခုတွင် ကျန်ယွိရန့်သည် မျက်မှန်ပြန်တပ်လိုက်ပြီး ခြေလက်တုများကိုဝတ်ဆင်လိုက်သည်။ ၎င်းသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူ ဖော်ရွေစွာစကားပြောတတ်သူဖြစ်ရာ ပွဲမစမီ ၎င်းလုပ်ခဲ့သော လက်သည်းအလှများကို သတင်းထောက်များအား ပြသခဲ့ပေသေးသည်။ တစ်ရက်တည်းတွင် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ စံချိန်ကို နှစ်ကြိမ်ချိုးနိုင်ခဲ့သည်မှာ ၎င်းကိုယ်တိုင် အလွန်အံ့အားသင့်ခဲ့ကြောင်း၊ ပြိုင်ပွဲမစမီ ရက်ပိုင်းအလိုတွင် ၎င်းသည် အလွန်စိတ်လှုပ်ရှားနေပြီး တိုကျိုမသန်စွမ်းအိုလံပစ်ပြိုင်ပွဲထက်ပင် စိတ်ဖိအားပိုများကြောင်း ပွင့်လင်းစွာ ပြောကြားခဲ့သည်။
ကျန်ယွိရန့်က ၎င်းသည် “အစပိုင်းတွင် ခပ်အေးအေးဖြင့် ဖြည်းဖြည်းချင်း အားသွန်ခွန်စိုက်လုပ်တတ်သော” ကစားသမားဖြစ်ကြောင်း ပြောကြားခဲ့သည်။ တိုကျိုမသန်စွမ်းအိုလံပစ်ပြိုင်ပွဲ၌ ၎င်းသည် ပထမနေ့ပြိုင်ပွဲ အားကစားတွင် ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရာ ယခုတစ်ကြိမ်တွင်မူ ထိုဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့ကြောင်း၊ “ဒီမနက် အစမ်းပြိုင်ပွဲကို ဖိုင်နယ်ပွဲအဖြစ် သဘောထားပြီး အစွမ်းကုန်ကြိုးစားပြီး ရေကူးခဲ့တယ်။ စံချိန်ချိုးနိုင်မယ်လို့တောင် မမျှော်လင့်ထားဘူး၊ ဒါကြောင့် ညနေပိုင်းမှာ ပိုပြီးတော့ ယုံကြည်မှု ရှိလာတယ်၊ အနေအထားလည်း ပိုကောင်းလာတယ်၊ ရွှေတံဆိပ်ရတဲ့အတွက် အရမ်းပျော်တယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
အသက်အရွယ်အားဖြင့် မကြီးသေးသော်လည်း ကျန်ယွိရန့်သည် “ရွှေတံဆိပ်ဆု ရိတ်သိမ်းစက်” ဟူ၍ အများကအသိအမှတ်ပြုထားကြပြီးဖြစ်သည်။ တိုကျိုမသန်စွမ်းအိုလံပစ်ပြိုင်ပွဲ၏ “နှစ်ထပ်ကွမ်းချန်ပီယံ”၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့မသန်စွမ်းရေကူးချန်ပီယံရှစ်ပြိုင်ပွဲ ရွှေတံဆိပ်လေးခု ဆုရှင်၊ ဟန်ကျိုးအာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်နှင့် ဆုတံဆိပ် အများဆုံးလက်ရွေးစင် စသည်ဖြင့် ဆုတံဆိပ်များစွာရရှိခဲ့သူ ဖြစ်ခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း ပိုမိုသိပ္ပံနည်းကျ ထိရောက်သော လေ့ကျင့်မှုများကြောင့် ၎င်း၏ ယှဉ်ပြိုင်မှုအဆင့်ကို အဆင့်သစ်တစ်ခုသို့ ခုန်တက်သွားခဲ့ရာ အတော်အသင့် အားနည်းသော တာတိုပြိုပွဲများတွင် အောင်မြင်မှုများ ရရှိကာ ပြိုင်ပွဲများကို ထိန်းချုပ်နိုင်သော စွမ်းဆောင်ရည်နှင့် ယုံကြည်မှု ပိုရှိလာကြောင်း သိရသည်။
သို့သော် ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲတွင်မူ ဤ “ဝါရင့်အားကစားသမား” သည် ၎င်း၏အနေအထားမကောင်း၍ စွမ်းဆောင်သင့်သလောက် မစွမ်းဆောင်နိုင်မည်ကို စိုးရိမ်လျက်ရှိသည်။ ၎င်း၏ စိတ်ဖိစီးမှုမှ အခြားသူများကြောင့်မဟုတ်ဘဲ ၎င်းကိုယ်တိုင်ကြောင့်ပင်ဖြစ်သည်။ အတိအကျပြောရလျှင် “အလွန်အမင် တာဝန်သိစိတ်”ကြောင့် ဖြစ်သည်။
တစ်ဖက်တွင် တိုင်းပြည်ဂုဏ်ကျက်သရေအတွက် တာဝန်ယူချင်သောစိတ်ဖြစ်သည်။ “ကျွန်မက အဖွဲ့လိုက် တာဝန်သိစိတ် ပြည့်ဝတဲ့သူတစ်ယောက်ပါ၊ တစ်ဦးချင်းပြိုင်ပွဲထက် လက်ဆင့်ကမ်းပြိုင်ပွဲမှာ အမြဲတမ်းလို ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ နိုင်ငံကိုယ်စားပြုအနေနဲ့ ပြိုင်ပွဲဝင်တာဆိုတော့ ကိုယ့်ရဲ့အမြင့်ဆုံးအရည်အချင်းထုတ်ပြီး စွမ်းဆောင်ရမှာဖြစ်တယ်၊ နိုင်ငံအတွက် ရွှေတံဆိပ်၊ ဆုတံဆိပ် တစ်ခုပိုရမယ်ဆိုရင် ဘာပဲဖြစ်ဖြစ်ကောင်းတယ်လို့ ကျွန်မထင်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
အခြားတစ်ဖက်မှာမူ ၎င်း၏နောက်ကွယ်က ကမ္ဘာတစ်ဝန်းရှိ မသန်စွမ်းသူ ၁.၃ ဘီလီယံအတွက်ဖြစ်သည်ဟု ဆိုသည်။“ကျွန်မ မသန်စွမ်းအားကစားပြိုင်ပွဲတွေမှာ ပါဝင်ပြီး ဒီလိုကြီးကျယ်ခမ်းနားတဲ့ စင်မြင့်ပေါ်ကို ရောက်တဲ့အခါ တကယ်တော့ မသန်စွမ်းသူတွေ အများကြီးကလည်း အဲဒါကို မြင်တွေ့နိုင်မှာပါ။ ကျွန်မ ဒီနေရာမှာ ရပ်ပြီး အားလုံးကို ပြောပြချင်တာက ကျွန်မတို့မှာ အိပ်မက်ရှိမယ်၊ ဦးတည်ချက်ရှိမယ်၊ အမြဲတမ်းကြိုးစားသရွေ့ တော့ ကျွန်မတို့ကိုအားလုံးက မြင်လာကြလိမ့်မယ်၊ ကျွန်မတို့ အားလုံး အလင်းရောင် တစ်ဖိတ်ဖိတ်တောက်ပလာလိမ့်မယ် ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
“飞鱼”蒋裕燕:只要有梦想、去努力,我们都会被看见
新华社巴黎8月29日电 29日晚,巴黎拉德芳斯体育馆内欢呼震天。单手划水、单腿打水,“飞鱼”蒋裕燕迅速触壁,赛后与排名第二的美国队“老对手”亲密相拥,但600度的近视让她无法看清大屏幕上的排名。
“直到摄像机对着我,场馆内一片欢呼,我才意识到自己应该是第一。法国观众太热情了!”19岁的蒋裕燕说。
当日,这名来自浙江绍兴的“00后”小将斩获巴黎残奥会女子50米自由泳S6级金牌,为中国游泳队拿下首金。在上午的预赛中,她打破残奥会纪录;下午的决赛中,她游出32秒59,再次刷新赛会纪录。
在全场观众的注视下,五星红旗冉冉升起,蒋裕燕眸中光芒闪烁。
赛后接受采访时,蒋裕燕戴回眼镜,一侧穿戴着义肢。她自信善谈,还给记者展示了自己赛前做的美甲。她坦言,一天两度打破残奥会纪录,自己也很意外,因为赛前几天她非常紧张,压力比在东京残奥会时还要大。
蒋裕燕说,自己是“慢热型”选手。东京残奥会时,她在第一个比赛日的项目上憾失奖牌,这次终于弥补了遗憾。“今天上午的预赛我就当成决赛,全力以赴去游,没想到能打破赛会纪录,所以下午就更有信心了,状态也更好。拿下金牌还是非常开心的。”
虽然年纪不大,但蒋裕燕已是公认的“金牌收割机”:东京残奥会“双冠王”、2023年世界残疾人游泳锦标赛四金得主、杭州亚残运会获得金牌和奖牌最多的运动员……近两年,更加科学高效的训练让她的竞技水平跃上新台阶,在相对薄弱的短距离项目上也取得突破,有了更多驾驭大赛的实力和底气。
然而,面对巴黎残奥会,这名“老将”担心自己因状态不好而发挥不出应有的水平。她的压力源并非别人,而是自己。确切地说,是“爆棚的使命感”。
一方面,是为国争光的使命感。“我是个团队使命感很足的人,接力赛每次发挥得都比单项要好。我就觉得,代表国家参赛就一定要发挥出自己最高的水平,能为国家多拿一块金牌、奖牌都是好的。”
另一方面,也是为了她身后全世界13亿残障人士。“我参加残疾人体育赛事、来到这么大的舞台,其实很多残障人士都能看见。我站在这里,想告诉大家,只要有梦想、有方向、一直去努力,我们都会被看到,我们都会闪闪发光。”
图说:8月29日,中国选手蒋裕燕在比赛中。