Connect with us

Economy

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ အစိမ်းရောင်အသွင်ကူးပြောင်းခြင်းက ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး ပံ့ပိုးကူညီမှုများအပေါ် အလေးထားဆွေးနွေး

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော ဆွေးနွေးပွဲ၌ အမှာစကားပြောကြားနေသော တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဟောင်းနှင့် WTO ဒုတိယညွှန်ကြားရေးမှူးချုပ်ဟောင်း ရိရှောင်ကျွင်အား စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၂၀၂၄ ခုနှစ် လူထုဖိုရမ်အတွင်း Center for China and Globalization (CCG) သည် “ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို နှေးကွေးစေရေး တရုတ်နိုင်ငံ၏ အစိမ်းရောင်အသွင်ကူးပြောင်းခြင်းကို အသုံးပြုခြင်း- ရှုထောင့်များ၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် စက်တင်ဘာ ၁၀ ရက်က ကျင်းပခဲ့ရာ ကုန်သွယ်ရေးမူဝါဒနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းရေးနှင့် တရုတ်နိုင်ငံ၏ ၎င်းကဏ္ဍတွင် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများအပေါ် အလေးထားဆွေးနွေးခဲ့သည်။အဆိုပါ ဆွေးနွေးပွဲကို CCG ဥက္ကဋ္ဌ ဝမ်းဟွေးရောက်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး တရုတ်၊ အမေရိကန်၊ ဥရောပနှင့် အာဖရိကတို့မှ ကိုယ်စားလှယ်များသည် ခေါင်းစဉ်များနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသည် တုံ့ပြန်မှုအလွန်ကောင်းမွန်၍ WTO အဖွဲ့ဝင်များ၊ မီဒီယာများနှင့် Think tank မှ ကိုယ်စားလှယ် ၁၀၀ ကျော်ကို ဆွဲဆောင်ခဲ့သည်။

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်စက်မှုလုပ်ငန်းက ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးတွင် အပြုသဘောဆောင်သော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ လေစွမ်းအင်နှင့် နေစွမ်းအင် ထုတ်ကုန်များက အခြားနိုင်ငံများအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တန်ချိန် ၅၇၃ သန်းခန့် လျှော့ချရာတွင် ပံ့ပိုးကူညီပေး၍ နိုင်ငံအသီးသီးရှိ ဝယ်ယူသူများအား ပိုမိုလက်ခံနိုင်သော စွမ်းအင်သစ်ထုတ်ကုန်များ ပေးအပ်ကာ သက်ဆိုင်ရာနိုင်ငံများ၏ ငွေကြေးဖောင်းပွမှု ဖိအားများကို ဖြေလျှော့ပေးရာတွင်လည်း အထောက်အကူပြုကြောင်း တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဟောင်းနှင့် WTO ဒုတိယညွှန်ကြားရေးမှူးချုပ်ဟောင်း ရိရှောင်ကျွင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် အစိုးရ၏ ထောက်ပံ့ငွေအပေါ် အားကိုးခြင်းမဟုတ်ကြောင်း၊ ထောက်ပံ့ငွေက ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရေး စက်မှုလုပ်ငန်းကို ဘယ်သောအခါမှ ဖန်တီးနိုင်မည် မဟုတ်ကြောင်း ရိရှောင်ကျွင်က ထောက်ပြခဲ့သည်။ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်စက်မှုလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြင်းထန်သောစျေးကွက်ပြိုင်ဆိုင်မှု၊ လျင်မြန်သောနည်းပညာဆိုင်ရာ စဉ်ဆက်မပြတ် ပြင်ဆင်/အဆင့်မြှင့်တင်မှုနှင့် စျေးကွက်အရွယ်အစားကို စဉ်ဆက်မပြတ်ချဲ့ထွင်မှုတို့ကြောင့် ဖြစ်ကြောင်း၊ အစိုးရ၏မူဝါဒများသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံများတည်ဆောက်ခြင်းနှင့် ဝယ်ယူသူစျေးကွက်ကို ပြုစုပျိုးထောင်ခြင်းစသည်တို့ကို အားပေးရာတွင် “အချက်ပြမီး” အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အချို့သောနိုင်ငံများသည် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒများ ချမှတ်ခဲ့ရာ ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေးတွင် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအား ဆိုးရွားသော အပျက်သဘော သက်ရောက်မှုဖြစ်စေကြောင်း ၎င်းက ထောက်ပြခဲ့သည်။

အာဖရိကနိုင်ငံများ၏ အစိမ်းရောင်အသွင်ကူးပြောင်းခြင်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ အခြေခံအဆောက်အအုံ၊ သတ္တုလုပ်ငန်းစသည့်ကဏ္ဍများမှ အခွင့်အလမ်းများစွာ ဆောင်ကြဉ်းပေးမည်ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာများကို ဆွဲဆောင်ရန်နှင့် ဒေသတွင်း ထုတ်လုပ်မှုစွမ်းရည်ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်းသည် လွန်စွာအရေးကြီးကာ ထောက်ပံ့ကြေးစစ်ပွဲများနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများက အာဖရိကအတွက် စိန်ခေါ်မှုများ ဆောင်ကြဉ်းပေးလိမ့်မည်ဟု ကင်ညာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း Amina Jane Mohammed က အလေးအနက် ပြောကြားခဲ့သည်။
ဥရောပနှင့် တရုတ်နိုင်ငံတို့ကြား လျှပ်စစ်ကားများနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း စွမ်းအင်သစ်စက်မှုလုပ်ငန်းကွင်းဆက်တွင် တရုတ်နိုင်ငံသည် ငြင်းမရနိုင်သော ဦးဆောင်မှုနေရာ၌ရှိနေပြီး ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းထားကာ တရုတ်ကုမ္ပဏီလုပ်ငန်းများအား ဥရောပတွင် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ပြီး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို မျှဝေရန် လိုအပ်ကြောင်း နာမည်ကျော် ဥရောပသမဂ္ဂ ရာသီဥတုမူဝါဒဆိုင်ရာ ပညာရှင် Hervère Fabry က ပြောကြားခဲ့သည်။

ဥရောပနှင့် တရုတ်တို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် စံနှုန်းမြင့် နှစ်နိုင်ငံ သဘောတူညီချက်များ ရရှိရန် အမေရိကန်နိုင်ငံ Peterson Institute for International Economics (PIIE) ၏ ဒါရိုက်တာ Adam Posen က တောင်းဆိုခဲ့သည်။
နိုင်ငံအသီးသီးအနေဖြင့် ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေးနှင့် အစိမ်းရောင်အသွင်ကူးပြောင်းခြင်းကို မြှင့်တင်သော မူဝါဒများသည် ဘက်စုံစည်းမျဉ်းများကို မချိုးဖောက်သင့်ကြောင်း၊ WTO အနေဖြင့် အပြုသဘောဆောင်သော ကုန်သွယ်မှုအစည်းအဝေး အစီအစဉ်ကို ချမှတ်ခြင်း၊ ကုန်သွယ်မှု အားကောင်းစေခြင်းနှင့် အခြားသော မူဝါဒညှိနှိုင်းမှုများတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသူများက တစ်ခဲနက်ထင်မြင်ကြသည်။

ထိုလူထုဖိုရမ်သည် WTO လက်အောက်က အထင်ကရ လူထုသံတမန်ရေးရာ အခမ်းအနားတစ်ခုဖြစ်ပြီး ယခုနှစ်ဖိုရမ် ခေါင်းစဉ်မှာ “ကမ္ဘာလုံးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး – ပိုမိုကောင်းမွန်သော ကုန်သွယ်ရေး၊ ပိုမိုကောင်းမွန်သောကမ္ဘာကြီးကိုဖန်တီးခြင်း” ဖြစ်ပြီး ဆွေးနွေးပွဲပေါင်း ၁၃၀ ကျော် ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံမှ ယခုအကြိမ်ဆွေးနွေးပွဲကို ကျင်းပရခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်နှင့် ဘက်စုံမူဘောင်အောက်တွင် ကမ္ဘာ့စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဘက်ပေါင်းစုံအား တွန်းအားပေးသည့် နောက်ထပ် အပြုသဘောဆောင်သော ကြိုးပမ်းမှုဖြစ်သည်။ (Xinhua)
……………………………………….
(Chinese Version)
世贸组织研讨会聚焦中国绿色转型对应对气候变化的贡献
新华社日内瓦9月10日电(记者陈斌杰)在世界贸易组织2024年公共论坛期间,全球化智库10日在瑞士日内瓦举办题为“利用中国绿色转型减缓全球气候变化:视角、机遇与挑战”的研讨会,聚焦贸易政策与气候变化应对以及中国在该领域的积极贡献。
研讨会由全球化智库理事长王辉耀主持,中、美、欧和非洲代表就议题展开讨论。研讨会反响热烈,吸引来自世贸组织成员、媒体和智库的100多名代表参加。
中国商务部原副部长、世贸组织原副总干事易小准在研讨会上表示,中国新能源产业为全球减排作出积极贡献,2022年中国风电和光伏产品帮助其他国家减少二氧化碳排放约5.73亿吨,为各国消费者提供了更可负担的新能源产品,有助于相关国家缓解通胀压力。
易小准指出,中国新能源产业发展并非依靠政府补贴,补贴永远无法创造出健康发展的产业。中国新能源产业发展更多由激烈的市场竞争、快速的技术迭代和不断扩大的市场规模所驱动,政府政策在鼓励研发、建设基础设施和培育消费市场等方面发挥了“信号灯”作用。同时,一些国家采取保护主义政策,给应对气候变化的全球努力带来严重负面影响。
肯尼亚前外长阿明娜·穆罕默德强调,非洲国家绿色转型将在可再生能源、基础设施、金属加工等方面带来巨大机遇,但需要吸引外国投资和技术并实现本地生产能力,加强国际合作至关重要,而补贴大战和保护主义将给非洲带来挑战。
欧盟知名气候政策专家埃尔维蕾·法布里表示,尽管欧中之间存在电动汽车摩擦,但中国在新能源产业链上拥有不可否认的领导地位,欧盟需要与中国保持接触,吸引中国企业在欧洲投资,共享绿色发展机遇。
美国彼得森国际经济研究所所长亚当·波森呼吁欧中加强合作,达成高标准的双边协议。
与会嘉宾一致认为,各国应对气候变化和推动绿色转型的政策不应违反多边规则,世贸组织应该在制定积极贸易议程、加强贸易与其他政策协调上发挥重要作用。
公共论坛是世贸组织的旗舰公共外交活动,今年论坛主题为“再全球化:更好的贸易,创造更好的世界”,共举办130多场研讨会。中方举办此次研讨会,是积极参与全球治理体系变革、推动各方在多边框架下应对全球挑战的又一次积极尝试。(完)
图说:9月10日,在瑞士日内瓦,中国商务部原副部长、世贸组织原副总干事易小准在研讨会上发言。