Connect with us

Africa & Middle East

လက်ဘနွန်-အစ္စရေး အခြေအနေ ရုတ်ခြည်း အရှိန်အဟုန် မြင့်တက်လာမှုကြောင့် “ဒုတိယ ဂါဇာ” ဖြစ်လာမည်ကို ဘက်ပေါင်းစုံက စိုးရိမ်ကြ

လက်ဘနွန်နိုင်ငံ တောင်ပိုင်း Sidon မြို့တွင် လက်ဘနွန်ဒေသခံများ မော်တော်ယာဉ်များဖြင့် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ ထွက်ပြေးနေကြသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့၏ ပဋိပက္ခသည် စက်တင်ဘာ ၂၄ ရက်တွင် ဆက်လက် ဖြစ်ပွားခဲ့ရာ ပဋိပက္ခများ ဘက်စုံစစ်ပွဲအသွင်ပြောင်းလဲလာမည်ကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်လာကြသည်။ လက်ဘနွန်ကို “ဒုတိယ ဂါဇာ” ထပ်မဖြစ်စေရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့်တကွ အီရန် သမ္မတတို့က တိုက်တွန်းပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် အသက်ရှူခွင့်မပေး

အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့သည် စက်တင်ဘာ ၂၄ ရက်တွင် အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ အစ္စရေးတပ်က လက်ဘနွန်နိုင်ငံနေရာအများပြားကို လေကြောင်းတိုက်ခိုက်ခဲ့သလို ဟစ်ဇ်ဘိုလာတို့ကလည်း အစ္စရေးမြောက်ပိုင်း စစ်ရေးအဆောက်အဦများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ Avichay Adraee က “ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း (အစ္စရေးစစ်တပ်) တိုက်လေယာဉ်တွေက လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ဒုံးပစ်လောင်ချာ၊ စစ်ဘက်ဆိုင်ရာ အဆောက်အဦနဲ့ လက်နက်သိုလှောင်ရုံတွေ အပါအဝင် ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်” ဟု စက်တင်ဘာ ၂၄ ရက်က X လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။

လက်ရှိအခြေအနေက အစ္စရေးစစ်တပ်ကို “စစ်မြေပြင်အားလုံးမှာ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်လုပ်ရမယ့်” အခြေအနေဖြစ်ရာ လက်ဘနွန် ဟစ်ဇ်ဘိုလာတို့အတွက် အသက်ရှူခွင့် ပေး၍မရကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအင်အားကို တိုးချဲ့သွားမည် ဖြစ်ကြောင်း အစ္စရေး စစ်ဦးစီးချုပ် Herzi Halevi က စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအနေဖြင့် အစ္စရေးနိုင်ငံရှိ စစ်ရေးပစ်မှတ်များစွာကို ညလုံးပေါက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ရာတွင် Fadi ဒုံးကျည်ဖြင့် အစ္စရေးနယ်နိမိတ်အတွင်း ၆၀ ကီလိုမီတာအကွာအဝေးရှိ ဒိုင်းနမိုက်စက်ရုံကို တိုက်ခိုက်ခြင်း၊ အစ္စရေးနိုင်ငံမြောက်ပိုင်း Afula မြို့ အနီးရှိ Megiddo လေဆိပ်ကို သုံးကြိမ်တိုက်ခိုက်ခြင်းတို့ ပါဝင်ကြောင်း ဟစ်ဇ်ဘိုလာဘက်က ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် ပေါက်ကွဲဖြစ်ပွားလာပြီးနောက် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ကို ပံ့ပိုးသည့်အနေဖြင့် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့သည် လက်ဘနွန်-အစ္စရေး နယ်စပ်ဒေသတွင် အစ္စရေးတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ အစ္စရေးအနေဖြင့် စစ်ရေး အဓိကအင်အားကို မြောက်ပိုင်းနယ်စပ်သို့ ရွှေ့ပြောင်းမည်ဟု ကြေညာခြင်း၊ ဆက်သွယ်ရေးကိရိယာဖောက်ခွဲမှု သည် အစ္စရေးလက်ချက်ဖြစ်သည်ဟု လက်ဘနွန်က အတည်ပြုပြောဆိုလာခြင်းနှင့်အတူ လက်ဘနွန်-အစ္စရေး တင်းမာမှုအခြေအနေသည် ရုတ်ခြည်း မြင့်တက်လာခဲ့သည်။

လက်ဘနွန်တွင် သေဆုံးဒဏ်ရာရမှုများ များပြားလာ

အစ္စရေးစစ်တပ်၏ စက်တင်ဘာ ၂၃ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်တွင် လူပေါင်း ၅၅၈ ဦး သေဆုံးခဲ့ရာ ကလေးငယ် ၅၀ ဦး၊ အမျိုးသမီး ၉၄ ဦး ပါဝင်ကြောင်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရမှု အခြေအနေများကို စက်တင်ဘာ ၂၄ ရက်တွင် အသစ်ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၃ ရက်မှစ၍ လက်ဘနွန်တွင် ဒဏ်ရာရသူ စုစုပေါင်း ၁,၈၃၅ ဦး ရှိရာ ဒဏ်ရာရသူများကို ဆေးရုံ ၅၄ ခုသို့ ရွှေ့ပြောင်းထားကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီး Firass Abiad က သတင်းမီဒီယာများကို ပြောကြားခဲ့သည်။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သူနာပြုဝန်ထမ်း ၄ ဦး သေဆုံးပြီး အခြား သူနာပြုနှင့် မီးသတ်အဖွဲ့ဝင် ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ဘနွန် Al Mayadeen ရုပ်မြင်သံကြားဌာန သတင်းထောက် Al-Sayed သည် စက်တင်ဘာ ၂၃ ရက်၌ ဖြစ်ပွားသည့် အစ္စရေးစစ်တပ်၏ လက်ဘနွန် တောင်ပိုင်း လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာ ၂၄ ရက်တွင် သေဆုံးခဲ့ကြောင်း ယင်း ရုပ်မြင်သံကြားဌာနက ထိုနေ့၌ပင် ဖော်ပြခဲ့သည်။

လက်ဘနွန်နိုင်ငံ Beirut–Rafic Hariri International Airport ဝက်ဘ်ဆိုက်၏ သတင်းများအရ ယင်းလေဆိပ်တွင် နိုင်ငံတကာလေကြောင်းခရီးစဉ် ၃၀ ကျော်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
လက်ဘနွန်ဆေးရုံအများအပြားတွင် ဒဏ်ရာရသူများနှင့် ပြည့်နှက်နေကြောင်း လက်ဘနွန် အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရာရှိတစ်ဦးက ရိုက်တာ သတင်းထောက်ကို ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ပြောရေးဆိုခွင့်ရှိသူ Matthew Saltmarsh က လက်ဘနွန်တွင် သောင်းနှင့်ချီသည့် ပြည်သူလူထု အိုးမဲ့အိမ်မဲ့ဖြစ်ပွားနေကြောင်း၊ ဤကိန်းဂဏန်းမှာ ဆက်ပြီး မြင့်တက်နိုင်ဖွယ်ရှိရာ “အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ရာ”ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခြေအနေများ ဆိုးရွားလာမည်ကို ဘက်ပေါင်းစုံက စိုးရိမ်နေကြ

လက်ဘနွန်-အစ္စရေး ပဋိပက္ခ ဘက်စုံစစ်ပွဲသို့ ပြောင်းလဲလာမည်ကို နိုင်ငံတကာ အသိုက်အဝန်းက စိုးရိမ်ကြရာ ပဋိပက္ခ အရှိန်အဟုန်မြင့်တက်လာသည့် နောက်ဆက်တွဲမှာ ဆိုးရွားမည် ဖြစ်ကြောင်း ဘက်ပေါင်းစုံက သတိပေး ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က လက်ဘနွန်-အစ္စရေး တင်းမာမှုအခြေအနေ မြင့်တက်လာခြင်းသည် “ထိတ်လန့်ဖွယ်” ဖြစ်ကြောင်း၊ လက်ဘနွန်အနေဖြင့် အန္တရာယ်၏နှုတ်ခမ်းဖျားသို့ ရောက်ရှိနေကြောင်း၊ လက်ဘနွန် ပြည်သူများ၊ အစ္စရေးပြည်သူများနှင့် ကမ္ဘာ့ပြည်သူများက လက်ဘနွန် “ဒုတိယ ဂါဇာ” ဖြစ်လာမည်ကို လက်ခံနိုင်မည် မဟုတ်ကြောင်း စက်တင်ဘာ ၂၄ ရက် ကုလသမဂ္ဂညီလာခံ အထွေထွေ အချေအတင် ဆွေးနွေးပွဲ(UNGA) တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ သမ္မတ၏ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က လက်ဘနွန်ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုသည် “အလွန်တရာ အန္တရာယ်များ” ကြောင်း၊ ပဋိပက္ခများကျယ်ပြန့်ကာ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေး ဘက်စုံ ပျက်စီးစေနိုင်ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လက်ဘနွန်ကို “ဒုတိယ ဂါဇာ” မဖြစ်ပွားစေရန် တိုက်တွန်းကြောင်း အီရန် သမ္မတ Masoud Pezeshkian က စက်တင်ဘာ ၂၄ ရက် CNN မေးမြန်းမှုတွင် လက်ဘနွန်အတွက် အားပေးစကားပြောကြားခဲ့သည်။ ဟစ်ဇ်ဘိုလာသည် အမေရိကန် စသည့် အနောက်နိုင်ငံများ အကာအကွယ်ပေး ထောက်ခံသည့် နိုင်ငံကို တစ်ဦးတည်းရင်ဆိုင်၍မရကြောင်း ၎င်းက ပြောကြားခဲ့သည်။

အကယ်၍ အရှေ့အလယ်ပိုင်းတွင် ပိုမို ကြီးမားကျယ်ပြန့်သည့် စစ်ပွဲဖြစ်ပွားလာမည်ဆိုလျှင် တစ်ကမ္ဘာလုံးအတွက် အကျိုးမရှိကြောင်း Masoud Pezeshkian က ပြီးခဲ့သည့်ရက် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၌ အစည်းအဝေးတက်ရောက်စဉ်တွင် ပြောကြားခဲ့သည်။ အီရန်အနေဖြင့် အစ္စရေးနှင့် စစ်ဖြစ်ရန် ဆန္ဒမရှိကြောင်း၊ အစ္စရေးကသာ ပိုမိုကျယ်ပြန့်သည့် ပဋိပက္ခကို ဖန်တီးနေခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် “လှုပ်ရှားမှုများ ချက်ချင်း ဆောင်ရွက်ရန်” အီရန်က တိုက်တွန်းပြောကြားခဲ့သည်။

“အီရန်က လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က လက်ဘနွန်၊ ပါလက်စတိုင်း ပြည်သူများနဲ့ အတူရှိရပ်တည်နေမှာပါ” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က စက်တင်ဘာ ၂၃ ရက် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသသည် ပိုမို ကြီးမားကျယ်ပြန့်သည် ပဋိပက္ခအတွင်း ကျွံကျမည့် အန္တရာယ်ကို ရင်ဆိုင်နေရပြီး ၎င်းမှာ မည်သည့်နိုင်ငံကိုမျှ အကျိုးရှိစေမည် မဟုတ်ကြောင်း G7 အဖွဲ့ဝင် နိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများကလည်း ကုလသမဂ္ဂ ညီလာခံ အစည်းအဝေးတစ်ခုအပြီး ကြေညာချက်ထုတ်ပြန် သတိပေးခဲ့သည်။ (Xinhua)

လက်ဘနွန်-အစ္စရေးနယ်စပ်ဒေသတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးလိပ်များ ထွက်ပေါ်လာသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ မြောက်ပိုင်းဒေသတွင် အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်၏ ကြားဖြတ်ဟန့်တားမှုများအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………
(Chinese Version)

黎以局势骤然升温 多方担忧出现“另一个加沙”
新华社北京9月25日电 以色列与黎巴嫩真主党的冲突24日继续,国际社会普遍担忧冲突升级滑向全面战争。联合国秘书长、伊朗总统呼吁,不要让黎巴嫩成为“另一个加沙”。
以色列不给喘息
以色列与黎巴嫩真主党24日继续交火,以军空袭黎巴嫩多地,真主党则打击以色列北部多处军事设施。
以军发言人阿维凯·阿德拉伊24日在社交媒体X说:“过去数小时,(以军)战斗机轰炸黎巴嫩南部的真主党目标,包括导弹发射器、军事建筑和武器存储设施。”
以军总参谋长赫齐·哈莱维24日说,目前的局势要求以军“继续在所有战场展开密集行动”,不能给黎巴嫩真主党喘息之机,将加大空袭力度。
真主党方面说,真主党彻夜袭击了以色列多处军事目标,包括发射“法迪”火箭弹打击深入以色列境内大约60公里的一座炸药厂,三次打击以色列北部阿富拉镇附近的美吉多机场。
本轮巴以冲突去年10月爆发后,黎巴嫩真主党持续在黎以边境地区与以色列部队交火,以策应巴勒斯坦伊斯兰抵抗运动(哈马斯)。随着以色列宣布将军事重点转移至北部边境、黎巴嫩指认以色列关联通信设备爆炸事件,黎以局势骤然升温。
黎巴嫩伤亡扩大
黎巴嫩卫生部24日更新以军空袭所致伤亡情况,以军23日的空袭已导致黎巴嫩558人死亡,包括50名儿童、94名妇女。
黎巴嫩卫生部长菲拉斯·阿卜亚德告诉媒体记者,23日以来,黎方共有1835人受伤,伤员已被转移至54家医院。以军空袭导致4名护理人员死亡,另有16名护理人员和消防员受伤。
黎巴嫩“广场”电视台24日报道,供职这家电视台的记者哈迪·赛义德23日在以军对黎巴嫩南部的空袭中受伤,24日死亡。
据黎巴嫩首都贝鲁特拉菲克·哈里里国际机场网站消息,机场24日超过30趟国际航班取消。
世界卫生组织派驻黎巴嫩的一名官员告诉路透社记者,黎巴嫩多家医院挤满了伤员。联合国难民署发言人马修·索尔特马什说,黎巴嫩数以万计民众流离失所,这一数字将继续增多,“情况十分令人担忧”。
多方忧局势恶化
国际社会担忧黎以冲突滑向全面战争,多方警告冲突升级后果严重。
联合国秘书长安东尼奥·古特雷斯24日在联合国大会一般性辩论的讲话中说,黎以局势升级“令人震惊”,黎巴嫩处在危机边缘,黎巴嫩人民、以色列人民和世界人民都无法接受黎巴嫩成为“另一个加沙地带”。
俄罗斯总统新闻秘书德米特里·佩斯科夫24日说,以色列对黎巴嫩的空袭“极度危险”,可能导致冲突扩大,全面破坏中东地区稳定。
伊朗总统马苏德·佩泽希齐扬24日接受美国有线电视新闻网采访时声援黎巴嫩,呼吁国际社会不要让黎巴嫩成为“另一个加沙地带”。他说,真主党不能孤军对抗一个得到美国等西方国家保卫、支持的国家。
佩泽希齐扬前一天在纽约联合国总部参加会议期间表示,如果中东爆发更大规模战争,对全世界都没有好处。伊朗无意与以色列开战,是以色列企图制造更大范围的冲突。
伊朗呼吁联合国安全理事会“立即采取行动”。伊朗外交部长赛义德·阿巴斯·阿拉格齐23日在社交媒体写道:“伊朗不会袖手旁观,我们与黎巴嫩和巴勒斯坦人民同在。”
七国集团成员国外交部长在联合国大会一场边会后发表声明,警告中东地区面临被拖入更大范围冲突的风险,而这对任何一个国家都没有好处。(包雪琳)
1. 9月23日,在黎巴嫩南部城市西顿,一些黎巴嫩居民乘车逃离家园,向安全地带转移。新华社发(阿里·哈希绍摄)
2. 这是9月23日在黎巴嫩迈尔杰云拍摄的以色列空袭黎以边境地区引发的滚滚浓烟。新华社发(阿里·哈希绍摄)
3. 9月23日,在以色列北部地区,以色列防空系统启动拦截。新华社发(贾马尔·阿瓦德摄)