Connect with us

International Organizations

ဇယ်လန်းစကီး အမေရိကန်နိုင်ငံ အလည်အပတ်ခရီးစဉ်သွားရောက်၊ ထရမ့်နှင့် ရီပက်ဘလစ်ကန်ပါတီတို့က အကြိတ်အနယ် ထိုးနှက်ဝေဖန်

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson က ဖေဖော်ဝါရီ ၆ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် အမေရိကန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်သွားရောက်လျက်ရှိရာ အမေရိကန်နိုင်ငံမှ စစ်ရေးအရ ထောက်ခံမှုပိုမိုရရှိရန် ကြိုးပမ်းနေသော်လည်း ဒီမိုကရက်တစ်ပါတီထိပ်သီးခေါင်းဆောင်များနှင့် “သင့်မြတ်သော”တွေ့ဆုံမှုမှာ ရီပက်ဘလစ်ကန်ပါတီ၏ ပြင်းထန်သော မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

အမေရိကန် ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကိုအကောင်အထည်ဖော်ရန် ငြင်းဆိုခဲ့သော ဇယ်လန်းစကီးကို စက်တင်ဘာ ၂၅ ရက်က ပြစ်တင်ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ရာထူးအား ထုတ်ပယ်ရန် ဇယ်လန်းစကီးကို ရီပက်ဘလစ်ကန်ပါတီအဖွဲ့ဝင်၊အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson က လူသိရှင်ကြားတောင်းဆိုခဲ့ပြီး ယူကရိန်းက အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်း ပဋိပက္ခပြင်းထန်လာချိန်မှစ၍ ဇယ်လန်းစကီးသည် စစ်ရေးနှင့်စီးပွားရေး အကူအညီများ ရယူရန် အမေရိကန်သို့ အကြိမ်များစွာ သွားရောက်ခဲ့သည်။ ယူကရိန်းအာဏာပိုင်အဖွဲ့သည် ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန်ပါတီနှစ်ခုကြား ဆက်ဆံရေးကို ကိုင်တွယ်ရာတွင် မည်သည့်ဘက်ကိုမျှ မထိပါးမိအောင်ဟန်ချက်ညီစေရန် အစဉ်ကြိုးပမ်းလျက်ရှိသည်။ သို့သော် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ ဆန္ဒမဲပေးရန် နီးကပ်လာသည်နှင့်အမျှ ဇယ်လန်းစကီး၏ ယခုအကြိမ် အမေရိကန်ခရီးစဉ်အတွင်း ပြောဆိုပြုမူမှုများသည် ရီပက်ဘလစ်ကန်ပါတီအား မခံမရပ်နိုင်ဖြစ်စေခဲ့သည်။

ဇယ်လန်းစကီးသည်《New Yorker》အပတ်စဉ်မဂ္ဂဇင်းတွင် စက်တင်ဘာ ၂၂ ရက်က ဖော်ပြခဲ့သော သီးသန့်အင်တာဗျူး၌ ထရမ့်၏ မဲဆွယ်စည်းရုံးရေးမိတ်ဖက်၊ ရီပက်ဘလစ်ကန် ဒုတိယသမ္မတလောင်း James David Vance ကို အရင် ဝေဖန်ခဲ့သည်။ ယူကရိန်းအနေဖြင့် ပဋိပက္ခအဆုံးသတ်ရန် နယ်မြေအချို့ကိုစွန့်လွှတ်နိုင်ကြောင်း Vance က အကြံပြုခဲ့ဖူးသည်။ ၎င်းမှာ”အစွန်းရောက်လွန်းသည်” ဟု ဇယ်လန်းစကီးက ဆိုကာ တစ်ချိန်တည်းမှာပင် ထရမ့်၏ “ရွေးကောက်ပွဲအနိုင်ရပြီးနောက် ရုရှားနှင့်ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို အရှိန်အဟုန်မြှင့်တင်နိုင်သည်” နှင့် ပတ်သက်၍ ပြောကြားချက်အပေါ် သံသယရှိခဲ့ပြီး ထရမ့်သည် “ဒီစစ်ပွဲကို ဘယ်လိုရပ်တန့်ရမလဲဆိုတာ သေချာမသိဘူး” ဟု ထင်မြင်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ဇယ်လန်းစကီးသည် စက်တင်ဘာ ၂၂ ရက်က ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ Scranton Army ခဲယမ်းမီးကျောက်စက်ရုံသို့သွားရောက်ခဲ့ပြီး အလုပ်သမားများနှင့် တွေ့ဆုံခဲ့သည်။ ပင်ဆယ်ဗေးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး Josh Shapiro စသည့် ဒီမိုကရက်တစ်ပါတီဝင်များလည်း အတူလိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။ ပင်ဆယ်ဗေးနီးယားပြည်နယ်သည် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မှုတွင် အချက်အချာကျသော “အဓိကအရေးကြီးပြည်နယ်” များအနက် တစ်ခုဖြစ်ပြီး Shapiro ကို ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း၊ လက်ရှိဒုတိယသမ္မတ ကာမလာဟားရစ်၏ ရင်းနှီးသောမဟာမိတ်အဖြစ် ရှုမြင်သည်။ ရီပက်ဘလစ်ကန်ပါတီဝင်အချို့ အထူးသဖြင့် ထရမ့်နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသော ရီပက်ဘလစ်ကန်ပါတီဝင်များက  ယခုအကြိမ်ခရီးစဉ်ကို နိုင်ငံရေးရှိုးပွဲတစ်ခုအဖြစ် ဝေဖန်ခဲ့သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ Johnson သည် စက်တင်ဘာ ၂၅ ရက်တွင် ဇယ်လန်းစကီးထံ အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့ရာ စကားအသုံးအနှုန်းမှာ တင်းမာပြတ်သားပြီး နိဒါန်းတွင်ပင် “အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် Oksana Markarova ကို တာဝန်မှ ချက်ချင်းထုတ်ပယ်ပေးဖို့ ခင်ဗျားကို ကျွန်တော်တောင်းဆိုတယ်” ဟု ရေးသားခဲ့ပြီး ယခုအကြိမ် လေ့လာကြည့်ရှုမှုကို Markarova က စီစဉ်သည်ဟု ၎င်းက ဖော်ထုတ်ပြောကြားခဲ့သည်။

ယခုအကြိမ် လေ့လာကြည့်ရှုမှုတွင် ရီပက်ဘလစ်ကန်ပါတီဝင်များကို ဖိတ်ကြားခြင်းမပြုဘဲ “နိုင်ငံရေးပါတီ တစ်ခုခု၏ မဲဆွယ်စည်းရုံးရေးကို ဘက်လိုက်သည်မှာ သိသာပြီး ရည်ရွယ်ချက်မှာ ဒီမိုကရက်တစ်ပါတီဝင်များကို ကူညီရန်ဖြစ်ကာ ရွေးကောက်ပွဲကို ဝင်စွက်ဖက်နေသည်မှာ ထင်ရှားသည်” ဟု Johnson က ပြောကြားခဲ့သည်။ “ဒီရေတိုအမြင်နဲ့ ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ရီပက်ဘလစ်ကန်ပါတီဝင်တွေက Markarova ဟာ အမေရိကန်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်တစ်ဦးအနေနဲ့ သူ့ရဲ့တာဝန်တွေကို မျှမျှတတနဲ့ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှုရှိမရှိဆိုတဲ့အပေါ် ယုံကြည်မှု ပျောက်ဆုံးခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဇယ်လန်းစကီးသည် ဒေသစံတော်ချိန် စက်တင်ဘာ ၂၆ ရက်တွင် အမေရိကန်လွှတ်တော်အဆောက်အအုံသို့ သွားရောက်လည်ပတ်ကာ ပါတီနှစ်ရပ်လုံး၏ လွှတ်တော်အမတ်များနှင့်တွေ့ဆုံပြီးနောက် အိမ်ဖြူတော်သို့ သွားရောက်၍ ဒီမိုကရက်တစ်ပါတီဝင် သမ္မတဂျိုးဇက်ဘိုင်ဒန်၊ ဟားရစ်တို့နှင့်တွေ့ဆုံရန် စီစဉ်ထားသည်။ ဇယ်လန်းစကီးနှင့် တွေ့ဆုံပွဲကို တက်ရောက်မည် မဟုတ်ကြောင်း Johnson က ပြောကြားခဲ့သည်။

ဇယ်လန်းစကီး အမေရိကန်သို့ လာရောက်လည်ပတ်စဉ်အတွင်း ၎င်းတို့နှစ်ဦးနှင့် တွေ့ဆုံကောင်းတွေ့ဆုံနိုင်သည်ဟု ထရမ့်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။ 《New Yorker》တွင် ဇယ်လန်းစကီး၏ သီးသန့်အင်တာဗျူးတစ်ခုကို ထုတ်ပြန်ပြီးနောက်တွင် ယခုအကြိမ်တွေ့ဆုံမှုမှာ ထူးမခြားနားအခြေအနေဖြင့်ပင် ပဲ ပြီးသွားမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက ခန့်မှန်းခဲ့ကြသည်။

ထရမ့်သည် လတ်တလော မဲဆွယ်စည်းရုံးပွဲများတွင် အကယ်၍ ၎င်းအရွေးခံရပါက ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခကို အမြန်အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ထပ်ခါတလဲလဲ အလေးအနက်ပြောကြားခဲ့ပြီး ဇယ်လန်းစကီးက အဆိုပါ ”ရင်ကြားစေ့ရေး” စွမ်းဆောင်ရည်ကို သံသယရှိခြင်းအပေါ် မကျေနပ်ကြောင်း ဖော်ပြခဲ့သည်။ စက်တင်ဘာ ၂၅ ရက်က မြောက်ကယ်ရိုလိုင်းနားပြည်နယ် မဲဆွယ်စည်းရုံးပွဲတစ်ခု၌ ဇယ်လန်းစကီးက ၎င်းကို“ထိခိုက်ဒဏ်ရာရစေခဲ့တယ်” ဟု ထရမ့်က ဖော်ထုတ်ပြောကြားခဲ့ပြီး ဇယ်လန်းစကီးကို “ကမ္ဘာ့ အတော်ဆုံး ကြော်ငြာအရောင်းစာရေးပဲဖြစ်မယ်” ၊ “ငါတို့နိုင်ငံကို သူရောက်လာတိုင်း ဒေါ်လာ၆၀ ဘီလီယံယူပြီး ပြန်သွားတယ်” ဟု ထရမ့်က ပြက်ရယ်ပြုခဲ့သည်။

ဘိုင်ဒန်အစိုးရက “သဘောတူညီချက်အကောင်အထည်ဖော်ရန် ငြင်းဆိုခဲ့သောသူ” ဇယ်လန်းစကီးကို ဧရာမအကူအညီများဆက်လက်ပေးနေခြင်းသည် အမေရိကန်သားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ကြောင်း ၎င်းက ပြစ်တင်ပြောဆိုခဲ့သည်။ ဤပဋိပက္ခကြောင့် “ယူကရိန်းမှာ ယူကရိန်းနဲ့မတူတော့ဘဲ” ဖြစ်ခဲ့ရကြောင်း၊ အကယ်၍သာ ဇယ်လန်းစကီးက “မည်သည့်သဘောတူညီချက်ကိုမဆို အဆိုးရွားဆုံးသဘောတူညီချက်ဖြစ်စေကာမူ အကောင်အထည်ဖော်ရန် ဆန္ဒရှိနေပါက ငါတို့လက်ရှိကျရောက်နေတဲ့အခြေအနေထက် ပိုကောင်းသေးတယ်” ဟု ထရမ့်၏အဆိုအရ သိရသည်။

ယခုလအစောပိုင်းတွင် ပါတီနှစ်ခု သမ္မတလောင်းများကြားရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် စကားစစ်ထိုးပွဲတွင် ဟားရစ်က ယူကရိန်းကို အင်တိုက်အားတိုက် ကူညီမည့်ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားပြီး “တကယ်လို့များ ထရမ့်သာ သမ္မတဖြစ်ခဲ့ရင် (ရုရှားသမ္မတ) ပူတင် အခုဆို ကိဗ်မှာထိုင်နေလောက်ပြီ” ဟု ပြောကြားခဲ့သည်။

အမေရိကန်က ယူကရိန်းကို နောက်ထပ် အမေရိကန်ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီ ပေးမည်ဟု ဘိုင်ဒန်ကစက်တင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

ယူကရိန်းနိုင်ငံ ကိဗ်မြို့၌ ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီး မိန့်ခွန်းပြောနေစဉ် ရိုက်ကူးထားသော ရုပ်သံဗီဒီယိုတစ်ခု၏ မြင်ကွင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
泽连斯基访美 却遭特朗普和共和党猛批
新华社北京9月27日电 乌克兰总统弗拉基米尔·泽连斯基正在美国访问,向美方寻求更多军事支持,但与民主党高层会面的“和睦”场面惹来共和党方面的强烈不满。
美国共和党总统候选人唐纳德·特朗普25日指责泽连斯基拒绝与俄罗斯达成和平协议。共和党籍国会众议院议长迈克·约翰逊则公开要求泽连斯基解除乌驻美大使的职务,指认乌方干预美国总统选举。
俄乌冲突2022年2月升级以来,泽连斯基多次访美,寻求军事和经济援助。乌克兰官方一直尽量“平衡”处理与民主、共和两党之间关系,避免得罪任何一方。只是,随着美国总统选举投票日益临近,泽连斯基这次访美行程中的言行把共和党阵营惹急了。
泽连斯基先是在《纽约人》周刊22日发表的专访中批评特朗普竞选搭档、共和党副总统候选人詹姆斯·万斯。万斯曾“建议”乌克兰为结束冲突可放弃部分领土。泽连斯基说他“太激进”,同时质疑特朗普关于“当选后可迅速促成俄乌和平协议”的说辞,称他觉得特朗普“并不清楚如何停止这场战争”。
泽连斯基22日还到访宾夕法尼亚州斯克兰顿陆军弹药厂,与工人见面。宾州州长乔希·夏皮罗等民主党人陪同。宾州是美国总统选战必争的关键“摇摆州”之一,夏皮罗被视为民主党总统候选人、现任副总统卡玛拉·哈里斯的亲密盟友。一些共和党人、尤其是与特朗普关系紧密的共和党人批评这次参观是政治作秀。
众议长约翰逊25日公开致信泽连斯基,措辞强硬,开头即写道:“我要求你立即解职乌克兰驻美大使奥卡萨娜·马尔卡罗娃。”他指认马尔卡罗娃组织这次参观。
约翰逊说,这次参观没有邀请任何共和党人,“显然是偏袒某个政党的竞选活动,旨在帮助民主党人,显然是在干预选举”。“这一短视且刻意的政治举动导致共和党人对马尔卡罗娃能否公正、有效履行驻美外交官职责丧失了信任。”
泽连斯基定于当地时间26日造访国会大厦会晤两党议员,再前往白宫面见民主党籍总统约瑟夫·拜登和哈里斯。约翰逊说,他不会参加同泽连斯基的会晤。
特朗普上周说,或许会在泽连斯基访美期间同后者见面。在《纽约人》发表泽连斯基专访后,美国媒体猜测这次会面将不了了之。
特朗普在近期竞选活动中反复强调,他若当选,定能促成俄乌迅速结束冲突,并对泽连斯基质疑其“促和”能力表达不满。特朗普25日在北卡罗来纳州一场竞选集会上指认泽连斯基“中伤”自己,并揶揄对方“大概是地球上最棒的推销员”,“他每一次来我们国家,都会带着600亿美元离开”。
他指责拜登政府仍在向泽连斯基这个“拒绝达成协议的人”继续提供巨额援助,拖累美国人。按照特朗普的说法,这场冲突已经使“乌克兰不再是乌克兰”,泽连斯基若愿意达成“任何协议,即便是最差的协议,也比我们现在陷入的状况好”。
在本月早些时候的两党总统候选人电视辩论中,哈里斯坚持大力援乌立场,称“假如特朗普当总统,现在(俄罗斯总统)普京就坐在基辅了”。
拜登25日宣布,美国向乌克兰追加价值3.75亿美元的军事援助。(胡若愚)
图说:2月6日,在美国华盛顿,美国国会众议院议长迈克·约翰逊举行记者会。新华社发(亚伦摄)
图说:这是2022年2月25日在乌克兰基辅拍摄的乌总统泽连斯基发表讲话的视频画面。新华社发(波多普列洛娃·娜佳摄)