Connect with us

North America

အမေရိကန်နှင့် ယူကရိန်းတို့၏ “အောင်မြင်ရေး အစီအစဉ်” ဆွေးနွေးမှုအပေါ် ရုရှားက အမှုမထား

ယူကရိန်းနိုင်ငံ Cherkasy ပြည်နယ်တွင် ဒရုန်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံတစ်ခုကို စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်/မော်စကို၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒန်နှင့် အလည်အပတ်ရောက်ရှိနေသော ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီး တို့သည် စက်တင်ဘာ ၂၆ ရက်က အိမ်ဖြူတော်၌ တွေ့ဆုံကာ ယူကရိန်းဘက်က ရုရှား-ယူကရိန်းပဋိပက္ခအတွက် ပြုလုပ်ထားသော “အောင်မြင်ရေး အစီအစဉ်”ကို နှစ်ဖက်ဆွေးနွေးခဲ့ကြသည်။ ထိုနေ့တွင်ပင် ဘိုင်ဒန်အစိုးရက ယူကရိန်းအား ပိုမိုများပြားသော စစ်ရေးအကူအညီများပေးအပ်သွားမည်ဟု ကြေညာခဲ့သည်။ ယူကရိန်းသည် “အနိုင်ယူမည့် အစီအစဉ်” မှတစ်ဆင့် အနောက်နိုင်ငံများထံမှ စစ်ရေးအကူအညီများ ပိုမိုရရှိရန်၊ ယူကရိန်းကို ဆက်လက်အကူအညီပေးရန် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ခိုင်မာစေရန် မျှော်လင့်ထားသော်လည်း ဤအစီအစဉ်သည် အသစ်အဆန်းမဖြစ်သည့်အပြင် လက်တွေ့ အနက်အဓိပ္ပါယ်မှာလည်း အကန့်အသတ်ရှိကြောင်း မီဒီယာနှင့် လေ့လာသုံးသပ်သူများက ယူဆကြသည်။

ယူကရိန်း၏ စည်းရုံးရေးအစီအစဉ်

ဘိုင်ဒန်နှင့် ဇယ်လန်းစကီးတို့ ဆွေးနွေးခဲ့သော “အောင်မြင်ရေး အစီအစဉ်” တွင် သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေး စသည့်ကဏ္ဍများစွာ ပါဝင်ပြီး နောက်တစ်ဆင့်အစီအမံများနှင့်ပတ်သက်၍ အနီးကပ် ဆွေးနွေးတိုင်ပင်ရန် နှစ်ဖက်စလုံးက ၎င်းတို့အဖွဲ့များအား ညွှန်ကြားခဲ့ကြောင်း အိမ်ဖြူတော်က စက်တင်ဘာ ၂၆ ရက်ထုတ်ပြန်သော အစည်းအဝေးမှတ်တမ်းများ၌ ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုပြည်နယ် Ramenskoye မြို့တွင် ဒရုန်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံတစ်ခုကို စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဇယ်လန်းစကီးသည် “အောင်မြင်ရေး အစီအစဉ်” ၏ တိကျသောအသေးစိတ်အချက်အလက်များကို ကမ္ဘာသို့ ကြေညာခြင်း မရှိသေးပေ။ ဤအစီအစဉ်မှာ ယူကရိန်းဘက်က အနောက်နိုင်ငံများအား အကူအညီပေးရန် တောင်းဆိုထားသော လက်နက်စာရင်း တစ်သီတစ်တန်းကြီးနှင့်ဆက်စပ်နေပြီး ရုရှား-ယူကရိန်း ပဋိပက္ခများ ပြီးဆုံးပြီးနောက် အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းအား လုံခြုံရေးအာမခံချက်ပေးမည့် အဆိုပြုချက်လည်း ပါဝင်ကြောင်း မီဒီယာတချို့က ထုတ်ပြန်ခဲ့သည်။

“အောင်မြင်ရေး အစီအစဉ်”တွင် အနောက်နိုင်ငံများကို ယူကရိန်းထံ ပံ့ပိုးပေးလျက်ရှိသော လက်နက်များ၏ တိုက်ခိုက်မှုစွမ်းရည်ကို မြှင့်တင်ပေးရန်၊ ရုရှားနယ်မြေအတွင်းရှိ နက်နဲသော ပစ်မှတ်များကို တိုက်ခိုက်ရန် ယူကရိန်းအား အနောက်နိုင်ငံများ၏ လက်နက်များအား အသုံးပြုခွင့်ပေးရန် စသည်တို့ပါဝင်ကြောင်း အမေရိကန်《ဝါရှင်တန်ပို့စ်》 သတင်းစာက ဖော်ပြခဲ့သည်။ ယခုနှစ်မကုန်မီ အထက်ပါ ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ပါက “ရုရှားက ဒူးထောက်အရှုံးပေးရန် လုံလောက်လိမ့်မည်” ဟု ဇယ်လန်းစကီးက ယူဆသည်။

ဇယ်လန်းစကီးသည် ရှင်းလင်းပြတ်သားသော ရှေ့ဆက်လျှောက်မည့် “လမ်းပြမြေပုံ” ဖြင့် အနောက်နိုင်ငံမိတ်ဖက်များက ယူကရိန်းနိုင်ငံအား ဆက်လက်ကူညီသွားမည့် ယုံကြည်မှုနှင့် ဆုံးဖြတ်ချက်ကို ခိုင်မာစေပြီး ယူကရိန်းနိုင်ငံအနေဖြင့် စစ်ရေးအကူအညီများ ပိုမိုရရှိစေကာ ထိုမှတစ်ဆင့် လက်ရှိ စစ်မြေပြင် အကျပ်အတည်းကို ဖြတ်ကျော်နိုင်ရန် မျှော်လင့်ကြောင်း ဗြိတိန်နိုင်ငံရှိ ဘာမင်ဂမ်တက္ကသိုလ်မှ ရုရှားနှင့် အရှေ့ဥရောပရေးရာဆိုင်ရာ သုတေသနပညာရှင် Jaroslava Barbieri က ယူဆခဲ့သည်။ “ဇယ်လန်းစကီးရဲ့ ရည်မှန်းချက်ကတော့ ၂၀၂၅ ခုနှစ်မှာ ယူကရိန်းက စွမ်းဆောင်ရည်ရှိတဲ့ အနေအထားကနေ (ပဋိပက္ခ အဆုံးသတ်ရန်) သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းမှုတွေကို ကျင်းပနိုင်စေဖို့ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ဇယ်လန်းစကီး၏ အစီအစဉ်သည် အမေရိကန် အရာရှိများအား “နှစ်သက်အံ့အားသင့်စေခြင်း” မရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ အဆိုပါအစီအစဉ်၏ ယေဘူယျအကြောင်းအရာကို နားလည်သိရှိထားသော အမေရိကန်နှင့် ဥရောပနိုင်ငံများမှ အကြီးတန်းအရာရှိများက ဤအစီအစဉ်သည် “အသစ်အဆန်းမရှိ” သလို “ဘယ်တစ်ချက်ကမှ ယူကရိန်း အနိုင်ရရေးအတွက် ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်း မပေးထားဘူး” ဟု ပြောကြားခဲ့ကြောင်း 《The Wall Street Journal》 သတင်းစာက ဖော်ပြခဲ့သည်။

အမေရိကန်က စစ်ရေးအကူအညီ ထပ်တိုးပေး

အမေရိကန်နှင့် ယူကရိန်း နိုင်ငံအကြီးအကဲများ မတွေ့ဆုံမီ ဘိုင်ဒန်အစိုးရက ယူကရိန်းအတွက် စစ်ရေးအကူအညီ အစီအစဉ်သစ်များကို ဆက်တိုက် ကြေညာခဲ့သည်။ ဘိုင်ဒန်က ၎င်း၏ သမ္မတသက်တမ်း မပြည့်မီ ယူကရိန်းအား ပေးရန် ကျန်ရှိနေသည့် ထောက်ပံ့ကြေးအားလုံးကို ခွဲဝေပေးရန် အမေရိကန်နိုင်ငံ ကာကွယ်ရေးဌာနကို ညွှန်ကြားထားကြောင်း အိမ်ဖြူတော်၏ စက်တင်ဘာ ၂၆ ရက် ကြေညာချက်အရ သိရသည်။ အမေရိကန်ဘက်မှ သမ္မတ၏ လျာထားငွေစီရင်ပိုင်ခွင့်ဖြင့် ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံ အသုံးပြုရန် အတည်ပြုပေးမည်ဖြစ်ကြောင်း၊ အမေရိကန် ကာကွယ်ရေးဌာနကမူ “ယူကရိန်းနိုင်ငံ လုံခြုံရေးအကူအညီ အဆိုပြုချက်” မှတစ်ဆင့် ယူကရိန်းအား စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ကြေညာခဲ့သည်။

ယူကရိန်းအား ထောက်ပံ့မည့် လက်နက်စာရင်းတွင် ဝေဟင်မှ မြေပြင်ပစ်ဗုံး၊ “HIMARS” ဒုံးပစ်လောင်ချာများစနစ်နှင့် လိုက်လျောညီထွေသုံးနိုင်သော ကျည်များ၊ အဆင့်မြင့် တာလတ် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ “Patriot” လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် ယင်းအတွက် ခဲယမ်းများ၊ “Joint Standoff Weapon (JSOW)” ဂလိုက်ဗုံး စသည်တို့ပါဝင်ကြောင်း အမေရိကန်က ကြေညာခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်နှင့် အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းမှာ အမေရိကန်က ပထမဆုံးအကြိမ် ယူကရိန်းအား “JSOW” ဂလိုက်ဗုံး များ ပေးအပ်ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အေဘီစီ အသံလွှင့်ကုမ္ပဏီက စက်တင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဗုံးသည် မိုင် ၇၀ (ကီလိုမီတာ ၁၁၀ ခန့်) အကွာရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်ပြီး အနောက်နိုင်ငံများမှ ယူကရိန်း အကူအညီပေးထားသည့် F-16 တိုက်လေယာဉ်များဖြင့် သယ်ဆောင်ပစ်လွှတ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ဘက်မှ စစ်ရေးအကူအညီများ ဆက်လက်တိုးမြှင့်ပေးနေသော်လည်း ဇယ်လန်းစကီး၏ ယခုအကြိမ်ခရီးစဉ်အပေါ် မျှော်မှန်းထားသည့် ရည်မှန်းချက်များ အပြည့်အဝ မအောင်မြင်ခဲ့ဟု အချို့သော အမေရိကန် မီဒီယာများက လေ့လာသုံးသပ်ယူဆကြသည်။ ဇယ်လန်းစကီးသည် ဘိုင်ဒန်အား စည်းရုံးပြီး ရုရှားနယ်မြေအတွင်းရှိ နက်နဲသော ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်နိုင်ငံထုတ် လက်နက်များ အသုံးပြုခွင့်ပေးရန် မျှော်လင့်ထားသော်လည်း ဘိုင်ဒန်က “နှုတ်ဆိတ်” နေခဲ့သည်ဟု 《ဝါရှင်တန်ပို့စ်》 က ဖော်ပြခဲ့သည်။

ဘိုင်ဒန်အစိုးရအနေဖြင့် သတိကြီးစွာထားနေရခြင်းမှာ အဓိကအားဖြင့် ရုရှားဘက်က ပြင်းထန်သော တုံ့ပြန်မှုများ ပြုလုပ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။ အမေရိကန်၏ ယူကရိန်းအား လက်နက်အသုံးပြုမှု ကန့်သတ်ချက်များကို “ဖြေလျှော့ခြင်း” လုပ်ရပ်ကို ပဋိပက္ခများ အရှိန်အဟုန်မြှင့်တင်ရန် အရေးကြီးသော အချက်ပြမီးအဖြစ် ရုရှားက ယူဆပြီး ယင်းကိုအကြောင်းပြု၍ အီရန်နှင့် ယီမင်ဟူသီလက်နက်ကိုင်တပ်ဖွဲ့များ စသည်တို့ကို လက်နက်ကိရိယာများ ပံ့ပိုးပေးမှုအပါအဝင် လက်တုံ့ပြန်ရေးအစီအမံများကို ဆက်တိုက်လုပ်ဆောင်မည်ဟု အမေရိကန်နိုင်ငံ ထောက်လှမ်းရေး အေဂျင်စီများက အကဲဖြတ်ယူဆကြကြောင်း အမေရိကန် မီဒီယာ အများအပြားက သတင်းထုတ်ပြန်ခဲ့သည်။ ယူကရိန်းအား လက်နက်အသုံးပြုမှု ကန့်သတ်ချက်များကို “ဖြေလျှော့ခြင်း” သည် NATO နှင့် ရုရှားတို့ကြား တိုက်ရိုက်ပဋိပက္ခဖြစ်နိုင်သည့် အန္တရာယ်ကို သိသိသာသာ တိုးမြင့်လာစေမည်ဟု အခြားသော လေ့လာသုံးသပ်သူများက ယူဆကြသည်။

ရုရှားအနေဖြင့် အမှုမထားပေ

ဇယ်လန်းစကီး၏ ယခုအကြိမ် အမေရိကန်ခရီးစဉ်၊ အမေရိကန်နှင့် “အောင်မြင်ရေး အစီအစဉ်” ဆွေးနွေးခြင်းသည် ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းရန်အတွက် လက်တွေ့ကျသောအဓိပ္ပာယ်မရှိဟု ရုရှားအနေဖြင့် ထင်မြင်သည်။

“လောလောဆယ်မှာ မတူတဲ့အချက်အလက်တွေ အများကြီးရှိနေတယ်၊ အဲဒီထဲမှာ တချို့က အဆီအငေါ်မတည့် ဖြစ်နေပြီး နည်းနည်းမှ ယုံကြည်နိုင်စရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ သတိထားပြီး ဆင်ခြင်သွားမှာဖြစ်ပါတယ်” ဟု ရုရှားသမ္မတ၏သတင်းထုတ်ပြန်ရေးအတွင်းဝန် Peskov က ယူကရိန်း၏ “အောင်မြင်ရေး အစီအစဉ်” နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ “အောင်မြင်ရေး အစီအစဉ်” နှင့်ပတ်သက်၍ ယုံကြည်စိတ်ချရသော အချက်အလက်များ ပေါ်ထွက်လာပါက ရုရှားအနေဖြင့် ဂရုတစိုက်လေ့လာမည်ဟု တစ်ချိန်တည်းတွင် ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အစိုးရအရာရှိများက “ယူကရိန်းအနိုင်ရ ရမည်” ဟု တစ်ကြိမ်ပြီးတစ်ကြိမ် ကြေညာခဲ့သည့် တစ်ချိန်တည်းတွင်ပင် “အမေရိကန်အခွန်ပေးဆောင်သူများ၏ အိတ်ကပ်ထဲမှ ဒေါ်လာဘီလီယံပေါင်းများစွာကို ယူကာ” ယူကရိန်းကို “စံချိန်တင်အရေအတွက်ရှိသော လက်နက်နှင့် ခဲယမ်းမီးကျောက်များ ပေးအပ်” ခဲ့သည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး Anatoly Antonov က ထောက်ပြခဲ့သည်။ “အမေရိကန်၏ ခေါင်းဆောင်မှု စွမ်းရည်ပြသခြင်း၏ အဓိကရလဒ်မှာ အကျပ်အတည်းကို ပို၍သက်ဆိုးရှည်စေခြင်း ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ယူကရိန်း၏ “အောင်မြင်ရေး အစီအစဉ်” သည် ရုရှားကို ပြသရန် မဟုတ်ဘဲ စစ်ရေးအကူအညီများ ပိုမိုရရှိစေရန်အတွက် အမေရိကန်ကိုပြသရန်ဖြစ်ကြောင်း အချို့သော ရုရှားလေ့လာသုံးသပ်သူများက ယူဆကြသည်။ “အောင်နိုင်ရေး အစီအစဉ်” တွင် ပဋိပက္ခများကို အမှန်တကယ် ကူညီဖြေရှင်းပေးမည့် တိကျသောအကြံပြုချက်များ မပါဝင်ကြောင်း၊ ယင်းမှာလည်း ဤအစီအစဉ်အပေါ် ပြင်ပမှ လက်ရှိ သံသယဖြစ်နေသော အကြောင်းရင်းအနက် တစ်ခုဖြစ်သည်ဟု ရုရှားနိုင်ငံ People’s Friendship University ရှိ Institute for Strategic Studies and Forecasting မှ လက်ထောက်ညွှန်ကြားရေးမှူး Nikita Danyuk က ပြောကြားခဲ့သည်။

ယူကရိန်းဘက်က အဆိုပြုသော “အနိုင်ရရေး အစီအစဉ်” သည် စစ်မြေပြင်အတွက် အနောက်နိုင်ငံများထံမှ ရန်ပုံငွေနှင့် လက်နက်များ ပိုမိုရယူရန်ဖြစ်ပြီး NATO ထံမှ လုံခြုံရေးအာမခံချက်ရယူရန်ဖြစ်ကြောင်း၊ ယင်းမှာ “အစီအစဉ်မဟုတ် အနိုင်ရမည်လည်းမဟုတ်” ဟု ရုရှားနိုင်ငံရေးပညာရှင် Starikov က ယူဆသည်။ (Xinhua)

……………………………..
(Chinese Version)
国际观察|美乌商讨“胜利计划” 俄罗斯不以为意
新华社华盛顿/莫斯科9月26日电(记者邓仙来 江宥林)美国总统拜登与到访的乌克兰总统泽连斯基26日在白宫举行会晤,双方讨论了乌克兰方面就俄乌冲突制定的“胜利计划”。同日,拜登政府宣布将向乌方提供更多军事援助。媒体和分析人士认为,乌方希望通过“胜利计划”获得西方国家更多军援并坚定它们继续援乌的决心,但这一计划缺乏新意且实际意义有限。
乌方推销计划
美国白宫26日发布的会谈纪要显示,拜登与泽连斯基讨论的“胜利计划”涉及外交、经济和军事等多个方面,双方指示各自团队就下一步措施密切协商。
泽连斯基尚未向外界公布“胜利计划”的具体细节。一些媒体报道,这一计划涉及乌方请求西方援助的一系列具体武器清单,以及俄乌冲突结束后西方向乌克兰提供安全保障的提议等。
美国《华盛顿邮报》称,“胜利计划”包括请求西方国家提升援乌武器的打击能力,允许乌军使用西方武器打击俄境内纵深目标等。泽连斯基认为,上述目标如果能在今年年底前实现,将“足以让俄罗斯屈服”。
英国伯明翰大学俄罗斯和东欧问题研究员雅罗斯拉娃·巴比里认为,泽连斯基希望通过一份步骤清晰的“路线图”来坚定西方伙伴继续援乌的信心和决心,使乌方获得更多军援,从而打破目前战场上的僵局。“泽连斯基的目标是让乌方在2025年从实力地位出发(就结束冲突)举行外交谈判成为可能。”
然而有报道称,泽连斯基的计划并未让美方官员“眼前一亮”。《华尔街日报》报道,了解该计划大致内容的美国和欧洲国家高级官员表示,这一计划“了无新意”,“没有提供一条乌克兰通往胜利的明确道路”。
美方加码军援
在美乌元首会晤前,拜登政府宣布一系列新的对乌军事援助计划。根据白宫26日发布的声明,拜登指示美国国防部在他总统任期届满前将剩余所有援乌款项拨付到位。他还宣布美方将使用总统拨款权批准55亿美元用于对乌军援,美国国防部则通过“乌克兰安全援助倡议”向乌方提供24亿美元的军援。
五角大楼和白宫的声明显示,美方宣布的援乌武器清单包括空对地炸弹、“海马斯”多管火箭炮系统适配弹药、先进中程空对空导弹、“爱国者”防空系统及其弹药、“联合防区外武器”滑翔弹等。
美国广播公司25日援引一名美方官员的话报道,这是美方首次向乌方提供“联合防区外武器”滑翔弹。报道称,这种炸弹可打击70英里(约110公里)外的目标,并且可由西方国家援助乌克兰的F-16战斗机搭载发射。
有美国媒体分析认为,尽管美方继续加码军援,但这并未完全达到泽连斯基此访的预期目标。《华盛顿邮报》说,泽连斯基希望说服拜登允许乌方使用美制武器打击俄境内纵深目标,但拜登没有“松口”。
分析人士认为,拜登政府的谨慎态度主要出于对俄方可能作出激烈反应的担忧。多家美媒报道,美方情报机构评估认为,俄方会将美方“松绑”乌方武器使用限制的举动认定为冲突升级的重要信号,可能以此为由采取一系列报复性措施,包括直接向伊朗、也门胡塞武装等提供武器装备。另有分析人士认为,“松绑”乌方武器使用限制将显著提升北约与俄罗斯直接冲突的风险。
俄方不以为意
在俄方看来,泽连斯基此次访美并与美方商讨“胜利计划”,对乌克兰危机的解决并无实际意义。
俄总统新闻秘书佩斯科夫23日谈到乌方“胜利计划”时说:“目前有许多不同的信息,其中一些还相互矛盾,毫不可信。我们持审慎态度。”他同时表示,如果出现有关“胜利计划”的可靠信息,俄方将认真研究。
俄驻美国大使安东诺夫指出,美国政府官员一次又一次宣称,“乌克兰必须获胜”,同时“从美国纳税人口袋里拿出数十亿美元”,向乌方提供“创纪录数量的武器和弹药”。他说,“美国展示领导力的主要结果就是进一步延长危机”。
俄罗斯一些分析人士认为,乌方的“胜利计划”不是给俄罗斯看的,而是给美国看的,目的是获取更多军援。俄罗斯人民友谊大学战略研究和预测研究所副所长达纽克说,“胜利计划”不包含任何真正有助于冲突解决的具体建议,这也是目前外界对该计划持怀疑态度的原因之一。
俄罗斯政治学家斯塔里科夫认为,乌方提出“胜利计划”是为了从西方国家获得更多资金和武器用于战场,并获得北约的安全保证,这“既不是计划,也不会胜利”。
图说1:这是9月10日在乌克兰切尔卡瑟州拍摄的在无人机爆炸冲击中受损的建筑。新华社发
图说2:这是9月10日在俄罗斯莫斯科州拉缅斯科耶拍摄的在无人机袭击中受损的建筑。新华社发(亚历山大摄)