Connect with us

International Organizations

၁၇ ကြိမ်မြောက် နွေရာသီ မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပ

မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် မီးလျှံအိမ် မီးကို မှုတ်ငြှိမ်းနေသော ပြင်သစ်အမျိုးသမီး Boccia ဘောလုံး ချန်ပီယံ Aubert (ဝဲဘက်မှ တတိယ) ကို စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ပြင်သစ်အမျိုးသမီး Boccia ဘောလုံး ချန်ပီယံ Aurelie Aubert သည် မီးလျှံအိမ်ရှိ မီးကို မှုတ်ငြှိမ်းလိုက်ပြီးနောက် Tuileries Garden ဝေဟင်ရှိ ပင်မမီးရှူးတိုင်သည် ဖြည်းညှင်းစွာ မီးငြိမ်းသွားပြီး ပဲရစ် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲ နောက်ဆုံးနှုတ်ဆက်ပွဲ ပြုလုပ်ခဲ့ကာ ၁၇ ကြိမ်မြောက် နွေရာသီ မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲ ပြီးဆုံးကြောင်း သိရသည်။
ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကိုယ်စားလှယ်အဖွဲ့ ၁၇၀ နီးပါးမှ အားကစားသမား ၄,၀၀၀ ကျော်သည် ပဲရစ်တွင် စုစည်းတွေ့ဆုံကာ ပြိုင်ပွဲကြီး ၂၂ ခုနှင့် ပြိုင်ပွဲငယ် ၅၄၉ ခု ပြီးမြောက်ခဲ့ပြီး မသန်စွမ်း အိုလံပစ်ပြိုင်ပွဲ၏ စံတန်ဖိုးဖြစ်သော “သတ္တိ၊ သန္နိဌာန်၊ လှုံ့ဆော်တက်ကြွမှု၊ တန်းတူညီမျှမှု” ကို လက်တွေ့လုပ်ဆောင်မှုများဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။
တရုတ်အားကစား ကိုယ်စားလှယ်အဖွဲ့သည် ပြိုင်ပွဲကြီး ၁၉ ခု၊ ပြိုင်ပွဲငယ် ၃၀၂ ခုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စုစုပေါင်း ရွှေတံဆိပ် ၉၄ ခု၊ ငွေတံဆိပ် ၇၆ ခု၊ ကြေးတံဆိပ် ၅၀ နှင့် ဆုတံဆိပ်ပေါင်း ၂၂၀ တို့ကို ဆွတ်ခူးနိုင်ခဲ့ကာ ကြီးမားသောအားသာချက်ဖြင့် မသန်စွမ်းအိုလံပစ်ဆုတံဆိပ်ရေတွက်မှုမှတ်တမ်းတွင် “ခြောက်ကြိမ်ဆက်တိုက်ချန်ပီယံ ဂုဏ်ပုဒ်” ကို ရရှိခဲ့သည်။ တရုတ်လက်ရွေးစင်များသည် ရေကူး၊ ပြေးခုန်ပစ်၊ အလေးမခြင်း၊ စက်ဘီးစီးခြင်းစသည့်ပြိုင်ပွဲများတွင် ကမ္ဘာ့စံချိန် ၂၀ ခု တင်ခဲ့ပြီး ထူးချွန်သော ယှဉ်ပြိုင်မှု အဆင့်အတန်းနှင့် ယဉ်ကျေးသော ကျင့်ဝတ်များဖြင့် ကမ္ဘာကို တရုတ်နိုင်ငံ၏ မသန်စွမ်းအားကစားသမားများ၏ အမူအကျင့်ကို ပြသခဲ့ပြီး အမိမြေနှင့် လူမျိုးအတွက် ဂုဏ်ထူးဆောင်သစ်များ ဆောင်နိုင်ခဲ့သည်။
ပဲရစ်မြို့၏ အမိုးဖွင့်နေရာတွင်ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားနှင့်မတူဘဲ ပဲရစ်မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို Stade de France အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ရှိုးပွဲတစ်ခုလုံးသည် အကြီးစားပါတီပွဲကြီးတစ်ခုကဲ့သို့ ပြင်သစ် အီလက်ထရွန်နစ် ဂီတပညာရှင် အများအပြား၏ ဆက်တိုက် ဖျော်ဖြေမှုအောက်တွင် ကျင်းပခဲ့သည်။ ပြင်သစ်နာမည်ကျော် အဆိုတော် Johnny Hallyday ၏ နာမည်ကျော် “For a Better Life” သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ပြင်သစ်အဆိုတော် Santa မှသီဆိုခဲ့သည်။
ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် နိုင်ငံတကာ မသန်စွမ်းအိုလံပစ်ကော်မတီဥက္ကဋ္ဌ Andrew Parsons တို့ အတူတကွ ထွက်ပေါ်လာပြီးနောက် ခရာမှုတ်သူတစ်ဦးသည် ပြင်သစ်နိုင်ငံတော်သီချင်းကို တီးမှုတ်လိုက်ရာ လူပေါင်းသောင်းနှင့်ချီက တညီတညွတ်တည်း သီဆိုကြခဲ့ပြီး ပြင်သစ်အလံကို လွှင့်တင်ခဲ့သည်။ ယင်းနောက် တေးဂီတတီးခတ်ဖျော်ဖြေနေစဉ် အားကစားကိုယ်စားလှယ်အဖွဲ့ အလံများ ဝင်ရောက်လာခဲ့သည်။
အားကစားသမားများအား ကျေးဇူးတင်ကြောင်း ပဲရစ်အိုလံပစ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ Tony Estanguet က မိန့်ခွန်းတွင် အကြိမ်များစွာ ပြောကြားခဲ့သည်။ “သင်တို့ရဲ့ ယှဉ်ပြိုင်မှုတိုင်းက ပိုများတဲ့ လူတွေ ပါဝင်လာအောင် ဆွဲဆောင်နေပြီး သင်တို့ရဲ့ အောင်မြင်မှုတိုင်းက ပတ်ဝန်းကျင်ကို ပို၍စိတ်ထက်သန်စေတယ်။ ကြွေးကြော်သံတိုင်း၊ ငိုကြွေးမှုတိုင်း၊ ရဲရင့်စွာ ရှေ့သို့လှမ်းချီနေတဲ့ နှလုံးသားတိုင်း၊ လူတွေရဲ့ အားကစားနဲ့ မသန်စွမ်းသူတွေအပေါ် ရှုမြင်ပုံတွေကို သင်တို့က ပြောင်းလဲစေတယ်။ အားလုံးပါဝင်နိုင်တဲ့ ကမ္ဘာကြီးက ဘယ်လိုပုံစံမျိုးလဲဆိုတာ လူတွေ မြင်လာတဲ့အတွက် သင်တို့ကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
“မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှ အားကစားသမားများသည် ဤကြီးမြတ်သောစင်မြင့်ပေါ်က ဖျော်ဖြေရေးကြယ်ပွင့်တွေ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘုံကမ္ဘာကြီးတစ်ခုကို သင်တို့ရေးခြယ်ခဲ့တယ်” ဟု Parsons က ပြောကြားခဲ့သည်။ “Grand Palais မှ Versailles နန်းတော်၊ Stade de France အားကစားကွင်း မှ La Defense Arena အားကစားရုံအထိ သင်တို့ရဲ့ စွမ်းဆောင်ရည်က ဒီမြို့ကို တောက်ပစေပြီး အလင်းရောင်ခြည်ဖြာ ထွက်စေခဲ့ပါတယ်။ သင်တို့က မျှော်လင့်ချက်တွေယူဆောင်ကာ ဤနေရာကို ရောက်လာကြတယ်။ အားကစားသူရဲကောင်း၊ စံပြအဖြစ် ထွက်ခွာခဲ့ပြီး ပိုမိုကောင်းမွန်၊ ပိုမိုပါဝင်နိုင်တဲ့ အနာဂတ်အတွက် စံနမူနာတစ်ခု သတ်မှတ်ပေးခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ရှိ အသစ်ရွေးချယ်ခံရသော နိုင်ငံတကာ မသန်စွမ်းအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီအဖွဲ့ဝင် ၆ ဦး ထွက်ပေါ်လာခဲ့ရာ ယင်းကော်မတီတွင် တရုတ်နိုင်ငံမှ အလေးမသမား ထန်ယွိကျောင်း ပါဝင်သည်။ ပြီးနောက် ခန်းမတွင်းရှိ စေတနာ့ဝန်ထမ်း ၂,၀၀၀ သည် စေတနာ့ဝန်ထမ်းအားလုံးကိုယ်စား ကွင်းတစ်လုံး၏ ကြွေးကြော်အားပေးသံများနှင့် ကျေးဇူးတင်စကားများကို လက်ခံခဲ့သည်။
မသန်စွမ်းသူများအပါအဝင် အကသမား ၈ ဦးသည် စင်မြင့်အလယ်၌ ခက်ခဲသော ကကွက်များဖြင့် ကပြခဲ့ရာ ပြီးနောက် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲအလံကို နောက်တစ်ကြိမ်ကျင်းပမည့် မြို့ဖြစ်သည့် လော့စ်အိန်ဂျလိစ်မြို့တော်ဝန် Karen Ruth Bass ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
Gainsbourg ရေးစပ်သော “Je vais te dire adieu” (ငါထွက်ခွာတော့မယ်လို့ မင်းကိုလာပြောတာ) သီချင်းကို Tuileries Garden ရှိ ပင်မမီးရှူးတိုင်ရှေ့တွင် သီဆိုသောအခါ ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲသည် ဇာတ်သိမ်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း လူတိုင်းနားလည်ခဲ့ကြသည်။ မြင်ကွင်းမှာ Stade de France အားကစားကွင်းသို့ရောက်ရှိလာပြီး တစ်ယောက်ကိုတစ်ယောက် လက်ဆင့်ကမ်း လွှဲအပ်ပေးကာ မီးလျှံအိမ်ကို မှုတ်လိုက်ပြီးနောက် ပင်မမီးရှူးတိုင်လည်း မီးငြိမ်းသွားခဲ့သည်။
ဂီတသမား ၂၄ ဦး၏ စိတ်အားထက်သန်စွာ ဖျော်ဖြေတင်ဆက်မှုအောက်တွင် ဝမ်းနည်းသောစိတ်ခံစားမှုသည် တေးဂီတ၏ ပျော်ရွှင်မှုဖြင့် လျင်မြန်စွာ အစားထိုးခဲ့ရာ ပရိသတ်အားလုံးကို အီလက်ထရွန်းနစ်တေးဂီတဖြင့် ပျော်ပွဲရွှင်ပွဲတစ်ခုဆီသို့ ခေါ်ဆောင်ပေးခဲ့သည်။ ပဲရစ်သည် မီးရောင်များ၊ ဂီတ၊ မီးတောက်များ၊ မီးရှူးမီးပန်းများဖြင့် ၎င်း၏အနုပညာဉာဏ်ကွန့်မြူးမှုကို ကမ္ဘာအား ပြသခဲ့သည်။
အားကစားသမားများသည် နေရာထိုင်ခင်းမှ ထကာ ကွင်းတစ်လုံးကို “လွတ်လွတ်လပ်လပ်လှည့်လည်” ခဲ့ကြပြီး လာဘ်ကောင်အရုပ် ” Phryge” ကလည်း နေရာတိုင်းတွင် အပြန်အလှန် နှုက်ဆက်ခဲ့သည်။ ၁၂ ရက်တာ ကြာမြင့်သော ပွဲကြီးကို ပါတီပွဲတွင် အဆုံးသတ်ခဲ့သည်။ (Xinhua)


…………………………………………
(Chinese Version)
第17届夏季残疾人奥林匹克运动会闭幕
新华社巴黎9月8日电(记者季嘉东、刘扬涛)8日晚,随着法国女子硬地滚球冠军奥雷利·奥贝尔吹灭火种灯,杜乐丽花园上空的主火炬缓缓熄灭,巴黎残奥会做了最后的告别——第17届夏季残疾人奥林匹克运动会闭幕。
从8月28日到9月8日,来自近170个代表团的4000多名运动员相聚巴黎,完成了22个大项、549个小项的比赛,用实践诠释了“勇气、决心、激励、平等”的残奥会价值观。
中国体育代表团参加了19个大项302个小项的比赛,共夺得94枚金牌、76枚银牌、50枚铜牌、总计220枚奖牌,以较大优势赢得残奥会奖牌榜 “六连冠”。中国选手在游泳、田径、举重、自行车等项目上创20项世界纪录,以优良的竞技水平、文明礼仪向世界展现了我国残疾人运动员的风采,为祖国和人民赢得了新的荣誉。
不同于开幕式在城市里的露天环境中举行,巴黎残奥会闭幕式在法兰西体育场内上演。整场演出像一个大型派对,在一众优秀的法国电子音乐家的表演中不断展开。演出在法国著名歌手约翰尼·哈里戴的名曲《为了更好的生活》中开场,由法国歌手桑塔演唱。
法国总统马克龙和国际残奥委会主席安德鲁·帕森斯一起亮相后,一位号手吹响了法国国歌,在数万人的齐声合唱中,法国国旗升起。随后,各代表团旗帜在现场演奏中入场。
巴黎奥组委主席埃斯坦盖在讲话中数次向运动员送上感谢。“你们每一次比赛都吸引更多人加入,你们每一次成功都让气氛更加热烈。每一次惊呼,每一次哭泣,每一颗勇往直前的心,你们在改变人们看待体育和残疾的眼光。谢谢你们,人们看到了一个包容性的世界是何面貌。”
“残奥会运动员们,在这最伟大的舞台上,你们是表演的明星。你们书写了一个我们共同的世界。”帕森斯说,“从大皇宫到凡尔赛宫,从法兰西体育场到拉德芳斯体育馆,你们的表现点亮了这座城市,光芒四射。你们带着希望来到这里,作为运动英雄和榜样离开,为一个更美好、更包容的未来树立了榜样。”
六位新当选的国际残奥委会运动员委员会委员亮相,中国残疾人举重运动员谭玉娇也在其中。随后,2000名场地内的志愿者代表所有志愿者接受全场欢呼和致谢。
八名舞者,包括几位残疾舞者,在舞台中央展现了高难度舞技,随后残奥会会旗被移交到下一届举办城市洛杉矶市长卡伦·巴斯手中。
当甘斯布创作的《我来告诉你我要走了》在杜乐丽花园的主火炬前唱响,所有人明白,巴黎残奥会终于走到了结尾。场景来到法兰西体育场内,经过几人传递,火种灯被吹灭,主火炬随之熄灭。
失落的情绪很快被音乐的快感取代,在24位音乐家的倾情表演下,全场被电子音乐带入了狂欢。灯光、音乐、火焰、烟花,巴黎向世界展现了它的艺术灵感。
运动员们离开座位,“畅游”在整片场地,吉祥物“弗里热”随处互动。持续12天的盛会在派对中结束。
9月8日,法国女子硬地滚球冠军奥贝尔(左三)吹灭火种灯。