North America
TikTok ပိတ်ပင်မှုကို အမေရိကန် ပြည်ထောင်စု တရားရုံးချုပ် ထောက်ခံ
ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
Short Video လူမှုမီဒီယာ ပလက်ဖောင်း TikTok ကို “မရောင်းလျှင် အသုံးပြုခွင့် ပိတ်ပင်” မည့် ဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းမရှိဟု အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်က ဇန်နဝါရီ ၁၇ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ ၎င်းမှာ တရားရုံးချုပ်အနေဖြင့် အဆိုပါဥပဒေမူကြမ်းကို မူလအစီအစဉ်အတိုင်း ဇန်နဝါရီ ၁၉ ရက်တွင် အသက်ဝင်ရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
TikTok က စိန်ခေါ်သည့် ပြဋ္ဌာန်းချက်များမှာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက်၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ခြင်းမရှိကြောင်း၊ ထိုမတိုင်မီ ကိုလံဘီယာခရိုင် အယူခံတရားရုံး၏ ဆုံးဖြတ်ချက်တွင် အတည်ပြုခဲ့ကြောင်း ပြည်ထောင်စု တရားရုံးချုပ် ဆုံးဖြတ်ချက်အရ သိရသည်။
အမေရိကန် ရွေးကောက်ခံ သမ္မတ ထရမ့်က တရားရုံးချုပ်၏ ဆုံးဖြတ်ချက်မှာ မျှော်လင့်ပြီးသား ဖြစ်ကြောင်း၊ သို့သော် TikTok အပေါ် ၎င်း၏ဆုံးဖြတ်ချက်ကိုမူ မကြာမီ ပြသသွားမည် ဖြစ်ကြောင်း၊ “အခြေအနေတွေကို စိစစ်ဖို့ ကျွန်တော်တို့ အချိန်ရှိရမယ်” ဟု ယင်းနေ့ လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။
ရာထူးမှ ထွက်ခွာတော့မည့် အမေရိကန် သမ္မတ ဘိုင်ဒန်က မူလသတ်မှတ်ထားသော ဇန်နဝါရီ ၁၉ ရက်တွင် အသက်ဝင်မည့် TikTok ကို “မရောင်းလျှင် အသုံးပြုခွင့် ပိတ်ပင်” မည့် ဥပဒေကို ဖော်ဆောင်မည်မဟုတ်ကြောင်း၊ ၎င်း၏ ကံကြမ္မာအား ထရမ့်အစိုးရကို ဆုံးဖြတ်စေမည် ဖြစ်ကြောင်း အမေရိကန် မီဒီယာ အများအပြားက ဇန်နဝါရီ ၁၆ ရက်တွင် ဖော်ပြထားသည်။
ထိုမတိုင်မီ ထရမ့်က ၎င်းတာဝန်ထမ်းဆောင်ပြီးနောက် ညှိနှိုင်းဖြေရှင်းမှုနည်းလမ်းတစ်ခုရရှိရန် ယင်းပိတ်ပင်မှုကို ယာယီဆိုင်းငံ့ထားရန် တိုက်တွန်းခဲ့ဖူးသည်။ အမေရိကန်တွင် TikTok ဆက်လက်လည်ပတ်နိုင်ရေး ထရမ့် နည်းလမ်းရှာနေကြောင်း၊ အမေရိကန်တွင် TikTok ပိတ်ပင်မှုကို တားဆီးရန် ရာထူးတာဝန်ယူပြီးနောက် အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ရန် စဉ်းစားနိုင်ကြောင်း ၎င်း ခန့်အပ်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး Mike Waltz က ဇန်နဝါရီ ၁၆ ရက် ဖောက်စ်သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဧပြီလတွင် ဘိုင်ဒန်က လွှတ်တော်နှစ်ရပ် အတည်ပြုထားသည့် ဥပဒေမူကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုးပြီး TikTok မိခင်ကုမ္ပဏီ ဖြစ်သည့် ByteDance ကို TikTok အား ရက်ပေါင်း ၂၇၀ အတွင်း တရုတ်လုပ်ငန်းရှင်မဟုတ်သူထံ ရောင်းချရန်၊ သို့မဟုတ်ပါက အမေရိကန်တွင် ယင်း App ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နောက်ပိုင်း အသုံးပြုခွင့်ပိတ်ရန် တောင်းဆိုခဲ့သည်။ ၂၀၂၄ ခုနှစ် မေလ ၇ ရက်တွင် TikTok နှင့် ၎င်း၏ မိခင်ကုမ္ပဏီ ByteDance က လွှတ်တော်အနေဖြင့် ၎င်း ဥပဒေမူကြမ်း၏ ကျိုးကြောင်းဆီလျော်မှုနှင့် ယင်း ဆိုရှယ်ပလက်ဖောင်းရှိ အချက်အလက် လုံခြုံမှု သို့မဟုတ် ပြည်ပနိုင်ငံရေးဝါဒဖြန့်မှု အန္တရာယ် ရှိသည်ဟူသော မည်သည့် သက်သေအထောက်အထားမျှ မရှိဟု ယူဆကာ အမေရိကန်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ ယင်းနှစ် ဒီဇင်ဘာ ၆ ရက်တွင် ကိုလံဘီယာခရိုင် အယူခံတရားရုံးက TikTok ၏ အယူခံဝင်မှုကို ပယ်ချခဲ့သည်။ ဒီဇင်ဘာ ၁၆ ရက်တွင်မူ TikTok ပလက်ဖောင်းကို ပစ်မှတ်ထားသည့် “မရောင်းလျှင် အသုံးပြုခွင့် ပိတ်ပင်မည်” ဟူသော အမေရိကန်အစိုးရ၏ ဥပဒေကို ယာယီဆိုင်းငံ့ထားရန် TikTok က တရားရုံးချုပ်ထံ တောင်းဆိုခဲ့သည်။ (Xinhua)
…………………………….
(Chinese Version)
美国联邦最高法院裁定支持TikTok禁令
新华社华盛顿1月17日电(记者熊茂伶)美国联邦最高法院17日裁定,短视频社交媒体平台TikTok“不卖就禁用”的法律不违宪。这意味着最高法院允许该法案按原计划于19日生效。
最高法院裁决文书称,TikTok所挑战的条款并未违反美国宪法第一修正案的言论自由权,此前哥伦比亚特区联邦巡回上诉法院的判决得以确认。
美国候任总统特朗普当天在社交媒体上说,最高法院的裁决结果在意料之中,但他对于TikTok的决定将在不久的将来作出,“我必须有时间来审视情况”。
据多家美国媒体16日报道,即将卸任的美国总统拜登将不执行原定于19日生效的TikTok“不卖就禁用”的法律,其命运将交由特朗普政府决定。
特朗普此前曾敦促最高法院暂缓实施这一禁令,以便他在就职后达成一项协商解决方案。其任命的国家安全事务助理迈克·沃尔茨16日在接受福克斯新闻台采访时说,特朗普正在想办法让TikTok继续在美国运行,或考虑在上任后发布行政令,阻止TikTok在美国被禁。
2024年4月,拜登签署一项国会两院通过的法案,要求TikTok母公司字节跳动在270天内将TikTok出售给非中国企业,否则这款应用程序将在2025年1月19日后在美国被禁用。2024年5月7日,TikTok及其母公司字节跳动向美国法院提起诉讼,认为国会没有任何证据证明其法案合理性以及该社交平台存在数据安全风险或者外国政治宣传风险。12月6日,哥伦比亚特区联邦巡回上诉法院驳回了TikTok的上诉。12月16日,TikTok要求最高法院临时冻结美政府针对该平台的“不卖就禁用”法律。(完)
This photo taken on Aug. 21, 2020 shows a logo of TikTok’s Los Angeles Office in Culver City, Los Angeles County, the United States. (Xinhua)