Connect with us

North America

Hot Q&A | H-1B ဗီဇာပြဿနာကြောင့် ထရမ့်အုပ်စုတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်၊ ယင်းကိစ္စ မည်မျှကြီးမားပါသနည်း

အမေရိကန် နယူးယောက်မြို့ရှိ NYU Stern School of Business တံခါးရှေ့မှ ဖြတ်လျှောက်သွားသော ကျောင်းသားများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူစတန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
လတ်တလောတွင် အမေရိကန်ရွေးကောက်ခံ သမ္မတ ထရမ့်အုပ်စုသည် H-1B ဗီဇာကိစ္စတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး လူမှုမီဒီယာပေါ်တွင် “အတိုက်အခိုက်”များ ဖြစ်ပေါ်ခဲ့သည်။ အမေရိကန်အစိုးရအသစ် တက်ခါနီးတွင် ဤအငြင်းပွားမှုများသည် သက်ဆိုင်ရာဗီဇာများ၏ နောင်ရေးကို မရေမရာဖြစ်စေခဲ့သည်။ ဤအငြင်းပွားမှုများ ဘယ်ကစတင်သနည်း။ နှစ်ဖက်ရပ်တည်ချက် မည်သို့ရှိသနည်း။ လာမည့် အမေရိကန် အစိုးရအသစ်အပေါ် မည်သည့်သက်ရောက်မှုရှိမည်နည်း။
ဤအငြင်းပွားမှုများ ဘယ်ကစတင်သနည်း
H-1B ဗီဇာသည် အမေရိကန် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသား ကျွမ်းကျင်နည်းပညာရှင်များ ခန့်အပ်ခြင်းကို ခွင့်ပြုထားခြင်းဖြစ်ပြီး နိုင်ငံတွင်း ကျွမ်းကျင်ပညာရှင်ရာထူးများ လစ်လပ်မှုအတွက် သင့်လျော်သောလူရည်ချွန်များ ရှာရန်ခက်ခဲမှုကို ဖြည့်ဆည်းရန်၊ အဓိကအားဖြင့် အမေရိကန် သိပ္ပံနှင့်နည်းပညာ ကုမ္ပဏီလုပ်ငန်းများအတွက် ပညာအရည်အချင်းမြင့်မားပြီး နည်းပညာတက်ကျွမ်းသည့် ရွှေ့ပြောင်းနေထိုင်သူများကို ဆွဲဆောင်ရန် ဖြစ်သည်။
H-1B ဗီဇာသည် အမေရိကန်နိုင်ငံတွင် ကာလရှည်ကြာ အငြင်းပွားဖွယ်ရှိနေခဲ့သည်။ ထောက်ခံသူများက ၎င်းသည် အမေရိကန်အနေဖြင့် ကမ္ဘာတစ်ဝန်းမှ ထူးချွန်ထက်မြက်သော လူရည်ချွန်များကို “အညွန့်ခူ” ဆွဲဆောင်ခြင်း၊ အမေရိကန်နိုင်ငံ စီးပွားရေး ရှင်သန်စွမ်းအားကို ထိန်းသိမ်းခြင်း၊ အမေရိကန်နိုင်ငံ သိပ္ပံနှင့် နည်းပညာတီထွင်ဖန်တီးမှု ကမ္ဘာ့ရှေ့ဆောင်ဖြစ်အောင် ဆောင်ရွက်ခြင်းတို့တွင် အလွန်အရေးကြီးကြောင်း၊ အထူးသဖြင့် ဉာဏ်ရည်တု (AI) ခေတ်တွင် ၎င်းက အမေရိကန်နိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ပို၍ သက်ဆိုင်သည်ဟု ထောက်ခံသူများက ယူဆကြသည်။ ကန့်ကွက်သူများကမူ အမေရိကန် သိပ္ပံနှင့် နည်းပညာ ကုမ္ပဏီလုပ်ငန်းများသည် H-1B ဗီဇာကို ရေရှည်အလွဲသုံးစား လုပ်ကာ ဈေးသက်သာသော ပြည်ပလုပ်အားများ တင်သွင်းခြင်းကြောင့် လူနည်းစု တိုင်းရင်းသားနွယ်ဖွားများအပါအဝင် အမေရိကန်ပြည်တွင်းရှိ လူရည်ချွန်များ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ရာထူးတိုးတက်မှုကို ထိခိုက်စေခဲ့သည်ဟု ဝေဖန်ခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်ကုန်ပိုင်းတွင် ထရမ့်က Silicon Valley ရင်းနှီးမြှုပ်နှံသူ အိန္ဒိယနွယ်ဖွား Sriram Krishnan ကို ဉာဏ်ရည်တုဆိုင်ရာ မူဝါဒ အကြံပေးအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ လက်ယာယိမ်း လူဝင်မှုကြီးကြပ်ရေး သဘောထားတင်းမာသောအဖွဲ့က ကန့်ကွက်ခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ Laura Loomer က နည်းပညာလုပ်သားများအတွက် H-1B ဗီဇာနှင့် အစိမ်းရောင်ကတ် သက်တမ်းတိုးပေးခြင်းကို ထောက်ခံသည့် Krishnan ကို လူမှုမီဒီယာတွင် အကြီးအကျယ် တိုက်ခိုက်ပြောဆိုခဲ့ပြီး ယင်းက ထရမ့်၏ “အမေရိကန်နိုင်ငံသား ဦးစားပေး” အစီအစဉ်နှင့် တိုက်ရိုက်ဆန့်ကျင်နေသည်ဟု ယူဆသည်။
အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) ကို တွဲဖက် ဦးဆောင်ရန် ထရမ့် အဆိုပြုထားသော Silicon Valley မှ ဘီလီယံနာနှစ်ဦးဖြစ်သော တောင်အာဖရိကမှ အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သူ အီလွန်မက်စ်နှင့် အိန္ဒိယမှ ရွှေ့ပြောင်းနေထိုင်သူ Vivek Ramaswamy တို့က ချက်ချင်း လူမှုမီဒီယာတွင် စာရေး တုံ့ပြန်ခဲ့ရာ ပိုမိုများပြားသော လက်ယာယိမ်း လူဝင်မှုကြီးကြပ်ရေး သဘောထားတင်းမာသောအဖွဲ့က Loomer ကို ထောက်ခံအားပေးမှု ဖြစ်စေခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အပြန်အလှန် “စကားစစ်ပွဲ” က အမေရိကန် လူမှုမီဒီယာတွင် “ရေဆူမှတ်” အထိရောက်ရှိခဲ့သည်။
နှစ်ဖက် ရပ်တည်ချက် မည်သို့ရှိသနည်း
၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအတွင်း ထရမ့်သည် H-1B ဗီဇာနှင့် ပတ်သက်၍ လူသိရှင်ကြား ကန့်ကွက်ခဲ့ပြီး ယင်းက “(အမေရိကန်) လုပ်သားများအတွက် လွန်စွာ အကျိုးမရှိ” ၍ ယင်းကို “ရပ်တန့်သင့်ကြောင်း” ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ် အာဏာရချိန်တွင် ၎င်းက H-1B ဗီဇာထုတ်ပေးမှုကို တင်းကျပ်ရန် အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ခဲ့ရာ ဗီဇာပယ်ချခံရနှုန်းသည် ၂၀၁၈ ဘဏ္ဍာနှစ်တွင် ၂၄ ရာခိုင်နှုန်းအထိရှိလာခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း ထရမ့်နှင့် Silicon Valley စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ Podcast မေးမြန်းခန်း၌ ဖြေကြားစဉ်တွင် နည်းပညာပိုင်းဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများကို ပြောင်းလဲထောက်ခံခဲ့ပြီး အကယ်၍ အမေရိကန်နိုင်ငံ၌ တက္ကသိုလ် ဒုတိယနှစ်မှ စတုတ္ထနှစ် သို့မဟုတ် ပါရဂူဘွဲ့ ရရှိထားသော နိုင်ငံခြား ပညာတော်သင်ကျောင်းသား/ ကျောင်းသူများဆိုလျှင် “ဤနိုင်ငံမှာ နေလို့ရသင့်ပြီ” ဟု ထရမ့်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်ကုန်တွင် ရီပက်ဘလစ်ကန်ပါတီအတွင်း H-1B ဗီဇာနှင့် ပတ်သက်သည့် သဘောထားကွဲလွဲမှုများ အငြင်းပွားခဲ့ပြီးနောက် ထရမ့်က အမေရိကန်နိုင်ငံတွင် “လူရည်ချွန် အများအပြားလိုအပ်တယ်” ဟု အမြဲယူဆကြောင်း Mar-a-Lago တွင် ပြောကြားခဲ့သည်။ ဤဗီဇာအစီအစဉ်သည် “အလွန်ကောင်း” သည်ဟု ယူဆကြောင်း《New York Post》၏ မေးမြန်းခန်းတွင်လည်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် ၎င်းသည် အဆိုပါ H-1B ဗီဇာနှင့် ဟိုတယ်ဝန်ထမ်းစသည်တို့ကို မျက်နှာမူသော နည်းပညာပိုင်းမဟုတ်သည့် အခြားသော လုပ်သား ဗီဇာအမျိုးအစားများနှင့် ရောထွေးနေသည်ဟု 《New York Times》နှင့် 《The Wall Street Journal》တို့က သံသယရှိကြသည်။
အမေရိကန် သိပ္ပံနှင့် နည်းပညာလုပ်ငန်းသည် ပြည်ပ အင်ဂျင်နီယာများနှင့် ကျွမ်းကျင်ပညာရှင်များအပေါ် အလွန်အမင်း မှီခိုနေရ၍ အမေရိကန်အနေဖြင့် အပြိုင်အဆိုင်များတွင် အနိုင်ရရန် ကမ္ဘာတစ်ဝန်းမှ ထိပ်သီးလူရည်ချွန်များကို ခေါ်ယူရန် လိုအပ်ကြောင်း၊ အကယ်၍ အဆင့်မြင့် အတတ်ပညာပိုင်း ပြည်ပ ရွှေ့ပြောင်းနေထိုင်သူများမရှိလျှင် အမေရိကန်သည် မုချ မှေးမှိန်သွားမည်ဟု အီလွန်မက်စ်နှင့် Ramaswamy တို့က ယူဆကြသည်။ သို့သော် ထရမ့်၏ ပထမအကြိမ် သက်တမ်းတွင် အိမ်ဖြူတော် ထိပ်တန်း မဟာဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Steve Bannon က H-1B ဗီဇာသည် သိပ္ပံနှင့် နည်းပညာကဏ္ဍ လက်ဝါးကြီးအုပ်သူများ၏ ကြီးမားသော “လိမ်လည်မှု” ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ ပြည်ပမှ ရွှေ့ပြောင်းနေထိုင်သူများကို နည်းပါးသောလုပ်ခလစာ စာချုပ်လုပ်သားများအနေဖြင့် အမေရိကန်သို့ ခေါ်ဆောင်ခဲ့ပြီး အမေရိကန်လုပ်သားများ၏ လုပ်ခလစာကို လျှော့ချရန်ဖြစ်သည်ဟု Podcast တွင် အကြီးအကျယ် တိုက်ခိုက်ပြောဆိုခဲ့သည်။
ထရမ့်အုပ်စုအပေါ် သက်ရောက်မှုရှိပါသလား
ရီပက်ဘလစ်ကန်ပါတီသည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် ထောက်ခံသူအုပ်စု တိုးချဲ့ခဲ့ရာ သဘောထားကွဲလွဲမှုအသစ်များနှင့် အက်ကြောင်းအသစ်များလည်း မလွှဲသာ ဖြစ်ပေါ်ခဲ့သည်။ လေ့လာသုံးသပ်သူများက အီလွန်မက်စ် ကိုယ်စားပြုသော “ဘီလျံနာ နည်းပညာ လစ်ဘရယ်ဝါဒ မဟာမိတ်အဖွဲ့” နှင့် “Rust Belt” ပညာတတ် ကော်လံပြာ အလုပ်သမားများ ကိုယ်စားပြုသော ထရမ့်၏ အခြေခံ အကျိုးစီးပွားရေး လိုအပ်ချက်နှင့် လွန်စွာ ကွာဝေးနေကြောင်း၊ H-1B ဗီဇာနှင့် ပတ်သက်သော အငြင်းပွားမှုများကလည်း အနာဂတ်တွင် ထရမ့်အစိုးရအတွင်း အတွင်းပိုင်း ပဋိပက္ခဖြစ်နိုင်ခြေများကို ဖော်ပြသွားမည်ဖြစ်ကြောင်း ယူဆကြသည်။
ထရမ့်၏ H-1B ဗီဇာအပေါ် ရပ်တည်ချက်နှင့် ပတ်သက်၍ ရီပက်ဘလစ်ကန်ပါတီ မဲဆန္ဒရှင် အများအပြားက မိမိအနေဖြင့် သစ္စာဖောက်ခံလိုက်ရသည်ဟု အမေရိကန် လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့ကြသည်။ ဤသည်မှာ ထရမ့်အနေဖြင့် ရွှေ့ပြောင်းနေထိုင်သော လူရည်ချွန်များကို ခေါ်ဆောင်ခြင်းသည် အမေရိကန်နိုင်ငံအတွက် မဖြစ်မနေလိုအပ်ကြောင်းကို နားလည်းခြင်း၊ “ပွင့်လင်းသည့် လူပြိန်းကြိုက်ဝါဒ” ဘက်တွင် ရပ်တည်နေသည်ကို ပြသခြင်းဖြစ်ကြောင်း《The Wall Street Journal》က ခေါင်းကြီးပိုင်းသတင်းတွင် ရေးသားခဲ့သည်။
ဤ H-1B ဗီဇာနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော အုပ်စုအတွင်း သဘောထားကွဲလွဲမှုက ထရမ့် ထပ်မံတာဝန်ယူပြီးနောက် အုပ်စုအတွင်း ရပ်တည်ချက်ကွဲလွဲမှုနှင့် အကျိုးစီးပွားအငြင်းပွားမှုများအား ညှိနှိုင်းနိုင်မှု ရှိမရှိနှင့် မည်သို့ ညှိနှိုင်းမည်မှာ လူအများ အာရုံစိုက်လာရမည်ဟု လူထုသဘောထားက ယူဆသည်။
H-1B ဗီဇာအစီအစဉ်သည် အလွန်အင်း ထိရောက်မှု မရှိ၍ ကြီးမားသော ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ရန်လိုအပ်သည်ဟု အဆိုပါ ဗီဇာနှင့် ပတ်သက်၍ အီလွန်မက်စ်နှင့် Ramaswamy တို့က ပြောကြားခဲ့သည်။ သို့သော် H-1B ဗီဇာ ပြောင်းလဲပြုပြင်ခြင်းသည် ထရမ့်အစိုးရ တက်လာပြီးနောက် ပထမတစ်နှစ်၏ ဦးစားပေးကိစ္စရပ် မဖြစ်လာနိုင်ကြောင်း တချို့သော ရီပက်ဘလစ်ကန်ပါတီ လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။ (Xinhua)


……………………………
(Chinese Version)
热点问答|特朗普阵营因H-1B签证现裂痕,这事有多大
新华社休斯敦1月6日电(记者徐剑梅)近期,美国当选总统特朗普阵营在H-1B签证问题上出现分歧,并在社交媒体上引发“热战”。临近新一届美国政府上任,此番争论令相关签证未来走向扑朔迷离。此次争论缘何而起?双方立场如何?将对即将上任的美国新一届政府有何影响?
争论缘何而起?
H-1B签证允许美国公司雇佣外籍专业技术人员,以填补国内难以找到合适人才的专业职位空缺,主要被美国科技企业用于吸纳高学历技术移民。
长期以来,H-1B签证在美国存在争议。支持者认为,它对美国“掐尖”吸引全球优秀人才、保持美国经济活力、确保美国科技创新引领世界至关重要,尤其在人工智能时代,这更加攸关美国国防和国家安全。反对者则批评美国科技企业长期滥用H-1B签证,引进廉价外国劳动力,妨碍包括少数族裔在内的美国本土人才就业和晋升。
去年底,特朗普提名印度裔硅谷风险投资人斯里拉姆·克里希南担任人工智能政策顾问,引发右翼移民鹰派反对。反移民活动人士劳拉·卢默在社交媒体上炮轰克里希南支持延长技术工人H-1B签证和绿卡的言论,认为这与特朗普“美国优先”议程直接对立。
获特朗普提名联合主管政府效率部的两名硅谷亿万富翁——从南非移民美国的埃隆·马斯克和从印度移民的维韦克·拉马斯瓦米——随即发帖反驳,引发更多右翼移民鹰派下场声援卢默。过去一周,连番“口水战”在美国社交媒体上达到“沸点”。
双方立场如何?
2016年大选期间,特朗普曾公开反对H-1B签证,称其“对(美国)工人非常不利”,“应该终止它”。2017年上台后,他发布行政令收紧H-1B签证发放,拒签率在2018财年达24%。然而,2024年大选期间,特朗普在与硅谷企业家一起接受播客访谈时,转向支持技术移民,称如果外国留学生在美就读大学二至四年或获得博士学位,“就应该可以留在这个国家”。
去年底共和党内关于H-1B签证的分歧引发争论后,特朗普在海湖庄园表态称,他一向认为美国“需要大量人才”。他还在接受《纽约邮报》采访时说,他认为这一签证项目“很棒”。但《纽约时报》和《华尔街日报》都怀疑他把H-1B签证与面向酒店员工等非技术劳动力的其他签证类型搞混了。
马斯克和拉马斯瓦米认为,美国科技产业严重依赖外国工程师和专业人士,美国需要招募全球顶尖人才才能在竞争中获胜,如果没有高技能外国移民,美国注定会衰落。而在特朗普首个任期担任白宫首席战略师的史蒂夫·班农则在播客中炮轰H-1B签证是大型科技寡头的“骗局”,本质是把外国移民作为工资较低的契约劳工引入美国,以降低美国工人工资。
会否影响阵营?
共和党在2024年大选中扩大了支持者阵营,也不可避免带来新分歧和新裂痕。分析人士认为,马斯克所代表的“亿万富翁技术自由主义联盟”与“铁锈带”低学历蓝领所代表的特朗普基本盘的利益诉求相去甚远,关于H-1B签证的争论也将显示未来特朗普政府内部发生冲突的可能性。
对特朗普支持H-1B签证的表态,不少共和党选民在美国社交媒体上发文称,自己遭到了背叛。《华尔街日报》则发表社论说,这说明特朗普懂得引进移民人才对美国的必要性,站在了“开明的民粹主义”一边。
舆论认为,此番围绕H-1B签证引发的阵营内部分歧意味着,特朗普再度上台后,能否且将如何调和阵营内部的立场分歧与利益纷争,将引发广泛关注。
就H-1B签证本身,马斯克和拉马斯瓦米都表示,这一签证项目严重失效,需要进行重大改革。不过,一些共和党分析人士预测,H-1B签证改革不会成为特朗普政府上台后第一年的优先事项。
图说1:2019年12月19日,在美国纽约,学生从纽约大学商学院门前走过。(新华社记者李睿摄)
图说2:图为2019年12月7日,在美国纽约,哥伦比亚大学学生在图书馆自习。(新华社记者李睿摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.