Connect with us

Europe

စည်းကြပ်ခွန်ကို “လက်နက်” အဖြစ် အသုံးချခြင်းက တန်ပြန်တိုက်စားခံရမည်ဟု ဘယ်လ်ဂျီယမ်-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေး ကော်မတီ ဥက္ကဋ္ဌ Bernard Dewitt ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်ရှိ စူပါမားကက်တစ်ခုတွင် သစ်သီးဝလံရွေးချယ်နေသော ဈေးဝယ်သူများအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန် အစိုးရသစ်အနေဖြင့် ကုန်သွယ်ဖက်နိုင်ငံများအပေါ် စည်းကြပ်ခွန်ကို လက်နက်အဖြစ် အသုံးပြုနေကြောင်း၊ ယင်းလုပ်ရပ်သည် နောက်ဆုံးတွင် အမေရိကန်နိုင်ငံကိုယ်တိုင်ကို ပြန်လည်တိုက်စားခံရမည် ဖြစ်ကြောင်း ဘယ်လ်ဂျီယမ်-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေး ကော်မတီ ဥက္ကဋ္ဌ Bernard Dewitt က မကြာသေးမီရက်ပိုင်းအတွင်း ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

အခြားနိုင်ငံများ၏ သွင်းကုန်ပစ္စည်းများအပေါ် အမေရိကန်အစိုးရက စည်းကြပ်ခွန် ထပ်တိုးခြင်းမှာ အနုတ်လက္ခဏာ သက်ရောက်မှုများ ရှိမည်ဖြစ်ပြီး အမေရိကန် ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်း တိုးမြင့်လာအောင် တွန်းအားပေးနိုင်ကြောင်း Bernard Dewitt က ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန် စည်းကြပ်ခွန်ထပ်တိုးသည့် မူဝါဒ သက်ရောက်မှုကို ခံရသော နိုင်ငံများက သက်ဆိုင်ရာ တန်ပြန်အရေးယူသည့် အစီအမံများ ဆောင်ရွက်မည်ဖြစ်သလို အမေရိကန်နိုင်ငံ ဒေသတွင်းထုတ်လုပ်သည့် လုပ်ငန်းများ၏ တင်ပို့မှုကိုလည်း ကန့်သတ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စည်းကြပ်ခွန် ထပ်တိုးခြင်းသည် ကုန်ဈေးနှုန်းတက်စေပြီး အမေရိကန် သာမန်စားသုံးသူများ၏ ဝယ်နိုင်စွမ်းကို ရိုက်ခတ်မည် ဖြစ်သည်ဟု ၎င်းက ယူဆသည်။ စားသောက်ကုန်လုပ်ငန်း သို့မဟုတ် ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် မူလက ဈေးနှုန်းအတန်အသင့်ချိုသာစွာ ဝယ်ယူနိုင်သည့် သွင်းကုန်များမှာ ပို၍ဈေးကြီးလာနိုင်ကြောင်း၊ အကယ်၍ စားသုံးသူအနေဖြင့် ဈေးနှုန်းတက်မှုကို လက်မခံနိုင်ပါက ဝယ်ယူမှုပမာဏ ကျဆင်းပြီး သိုလှောင်ကုန်စည် စုပြုံမည့် အန္တရာယ်၊ စီးပွားရေးဖိအား ရှိနိုင်ကြောင်း ၎င်းက ယူဆသည်။

ယေဘုယျအားဖြင့် ကြည့်မည်ဆိုလျှင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ တွင် လွတ်လပ်သော ကုန်သွယ်ရေးကို တွန်းအားပေးသည့် နိုင်ငံများ၏ စီးပွားအဆင့်သည် ကျယ်ကျယ်ပြန့်ပြန့် မြင့်တက်ခဲ့ကြောင်း၊ သို့သော် သွင်းကုန်များအား စည်းကြပ်ခွန် အတားအဆီးပြုလုပ်ထားသည့် ယင်းလုပ်ရပ်မှာ “ကိုယ်ပြုသည့်ကံ၊ ကိုယ့်ထံပြန်လာသည့် သက်ရောက်မှု (Boomerang effect)” ဖြစ်ကာ နောက်ဆုံးတွင် စည်းကြပ်ခွန် အတားအဆီးပြုလုပ်ထားသည့် နိုင်ငံကိုယ်တိုင်ကို ထိခိုက်စေမည် ဖြစ်ကြောင်း Bernard Dewitt က ပြောကြားခဲ့သည်။

ကာလအပိုင်းအခြားတစ်ခုနှင့် ရေရှည်ကို ကြည့်လျှင် စည်းကြပ်ခွန်ထပ်တိုးခြင်းသည် အမေရိကန် ကုမ္ပဏီလုပ်ငန်းများ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေနိုင်ပြီး ထိုမှတစ်ဆင့် ဈေးကွက်များ ဆုံးရှုံးကာ ကုမ္ပဏီလုပ်ငန်းများအနေဖြင့် ပမာဏ မဖြစ်မနေ လျှော့ချရခြင်း၊ အချို့လုပ်ငန်းများအနေဖြင့် ယင်းကြောင့် ပိတ်သိမ်းရခြင်းများ ဖြစ်နိုင်သည်ဟု ၎င်းက ထောက်ပြ ပြောကြားခဲ့သည်။
Bernard Dewitt က အကောင်းဆုံးနည်းလမ်းမှာ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းရေးနည်းလမ်းကို ရှာဖွေခြင်းဖြစ်သည်ဟု ယူဆသည်။ အကယ်၍ ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်ခဲ့သော် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ အကူအညီတောင်းပြီး အခြားပဋိပက္ခဖြေရှင်းရေးယန္တရားမှတစ်ဆင့် စီမံနိုင်ကြောင်း၊ ထို့အပြင် ဥရောပသမဂ္ဂအနေဖြင့် လက်တုံ့ပြန်သည့် အစီအမံများမှတစ်ဆင့် ဥရောပဈေးကွက်သို့ ဝင်ရောက်သည့် အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
专访|美国把关税当“武器”终将遭到反噬——访比中经贸委员会主席贝尔纳·德威特
新华社布鲁塞尔2月10日电 专访|美国把关税当“武器”终将遭到反噬——访比中经贸委员会主席贝尔纳·德威特
新华社记者康逸 刘宇轩   比利时中国经贸委员会主席贝尔纳·德威特日前接受新华社记者专访时表示,美国新一届政府动用关税武器对付其贸易伙伴,此举最终将会反噬美国自身。
德威特说,美政府对其他国家进口商品加征关税将带来负面影响,可能推升美国国内通货膨胀率。此外,受美加征关税政策影响的国家采取相应反制措施,也将限制美国本土生产商的出口。
他认为,加征关税带来的物价上涨,将影响到美国普通消费者的购买力。在食品行业或制造业领域,原本能以较低价格买到的进口商品将变得更贵。如果消费者不能承受价格上涨,就有销量下降、库存积压的风险,可能令经济承压。
德威特表示,总体来看,过去20年,推动自由贸易的国家经济水平普遍提高;而对进口商品设置关税壁垒,这一做法可能引发“回旋镖效应”,最终伤及设置关税壁垒的国家自身。
他指出,从中长期看,加征关税还可能令美国企业全球市场竞争力下降,进而失去市场,导致企业不得不缩减规模,有些企业甚至可能因此倒闭。
德威特认为,最好的方法是通过谈判找到解决方案。如果谈判失败,欧盟可以向世界贸易组织求助,通过其争端解决机制处理问题。此外,欧盟还可以通过报复性措施,对进入欧洲市场的美国商品提高关税。(完)
1.  2024年12月11日,顾客在美国纽约一家超市挑选水果。新华社记者刘亚南摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.