China
ယူကရိန်းအကျပ်အတည်းအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ဝမ်ရိ ပြောကြား
![](https://xinhuamyanmar.com/wp-content/uploads/2025/02/15r01.jpg)
မြူးနစ်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ဖေဖော်ဝါရီ ၁၄ ရက်က မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်ပြီး “တရုတ်သီးသန့်ဆွေးနွေးပွဲ” တွင် အမှာစကားပြောကြားကာ မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည်။
တရုတ်နိုင်ငံက တရုတ်-ရုရှား ရေနံနှင့် သဘာဝဓာတ်ငွေ ကုန်သွယ်ရေးမှတစ်ဆင့် ရုရှားအား ပံ့ပိုးနေခြင်းနှင့်စပ်လျဉ်း၍ မေးခွန်းထုတ်မှုများအပေါ် တရုတ်နှင့် ရုရှားမှာ အပြန်အလှန်အားဖြင့် အိမ်နီးချင်း နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်ကြရာ ရှည်လျားသည့် နယ်နိမိတ်မျဉ်းရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် အတိတ်က အခက်အခဲအရှုပ်အထွေးများမှ သင်ခန်းစာရရှိပြီး မဟာမိတ်မဖွဲ့သော၊ ထိပ်တိုက်ရင်ဆိုင်မှု မပြုသော၊ အခြားတတိယဖက်အား ဦးတည်ခြင်းမဟုတ်သော ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စူးစမ်းရှာဖွေတည်ဆောက်ခဲ့ကြောင်း ၊ တရုတ်-ရုရှားကြားတွင် ပုံမှန် ကုန်သွယ်စီးပွား သွားလာဆက်ဆံမှုများ ရှိကြောင်း၊ အကယ်၍ တရုတ်နိုင်ငံသည် ရုရှားမှ ရေနံနှင့် သဘောဝဓာတ်ငွေ့ တင်သွင်းခြင်း မပြုပါက လိုအပ်ချက်ကို မည်သို့ဖြည့်ဆည်းပြီး တရုတ်ပြည်သူ သန်း ၁,၄၀၀ ကျော်၏ လိုအပ်ချက်ကို အာမခံရမည်နည်းဟု မေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့်စပ်လျဉ်း၍ ဝမ်ရိက ကမ္ဘာတွင် ဖြစ်ပွားနေသည့် အငြင်းပွားမှုနှင့် ပဋိပက္ခများအပေါ် တရုတ်နိုင်ငံက အစဉ်အမြဲအားဖြင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးဖြင့် ဖြေရှင်းရန် သဘောထား ထားရှိကြောင်း ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း ပဋိပက္ခတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဤအကျပ်အတည်းကို ဖန်တီးသူမဟုတ်သလို သက်ဆိုင်သူလည်း ပို၍ပင် မဟုတ်ကြောင်း၊ သို့သော် မိမိတို့အနေဖြင့် မီးလောင်ကျွမ်းမှုကို တစ်ဖက်ကမ်းမှာ လက်ပိုက်ကြည့်မနေသလို အခွင့်အလမ်းအဖြစ် အသုံးချပြီး အမြတ်ထုတ်ခြင်းကို ပို၍ပင် မပြုခဲ့ကြောင်း၊ ဤအကျပ်အတည်း ပေါက်ကွဲဖြစ်ပွားသည့် ဒုတိယရက်မှစ၍ တရုတ်နိုင်ငံသည် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုဖြင့် ဖြေရှင်းစေလိုခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် “လုပ်ဆောင်သင့်သည့် အရာ ၄ ရပ်” သည် တရုတ်နိုင်ငံ ရပ်တည်ချက်၏ ဩဇာအကြီးဆုံးသော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ရာ နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားသင့်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူကို လေးစားလိုက်နာသင့်သလို ဘက်ပေါင်းစုံ၏ လျော်ကန်သော လုံခြုံရေး စိုးရိမ်မှုကို အလေးထားသင့်ကာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအားလုံးအား ထောက်ခံအားပေးသင့်သည်ကို ထောက်ပြထားခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယင်းကို အခြေခံ၍ သံတမန်ရေးကြားဝင်စေ့စပ်မှုကို တက်ကြွစွာ ဆောင်ရွက်ခဲ့ပြီး ဘရာဇီး စသည့် ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများနှင့်အတူ “ငြိမ်းချမ်းရေးမိတ်ဆွေ” (Friends for Peace) အဖွဲ့ငယ်ကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ၏ အဆိုပြုမှုသည် ဓမ္မဓိဋ္ဌာန်ကျမှု၊ တရားမျှတမှု၊ လက်တွေ့ကျမှု ရှိပြီး နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်သော ဘုံသဘောထားအမြင်အား ထင်ဟပ်သည်ကို အခြေအနေတိုးတက်မှုများက သက်သေပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မည်သည့် ပဋိပက္ခမဆို အဆုံးသတ်မှာ ဆွေးနွေးရေးစကားဝိုင်းသာ ဖြစ်ပြီး သမိုင်း၏နောက်ဆုံးမှာ မုချမသွေ တရားမျှတကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ အမေရိကန်-ရုရှား သဘောတူညီချက်ရရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အပါအဝင် ငြိမ်းချမ်းရေးကြိုးပမ်းမှု အားလုံးကို တရုတ်နိုင်ငံက တွေ့မြင်လိုကြောင်း၊ တစ်ချိန်တည်းတွင်ပင် မိမိတို့အနေဖြင့် သက်ဆိုင်သူ အားလုံးနှင့် အကျိုးစီးပွားသက်ဆိုင်သူ အားလုံးတို့က သင့်လျော်သည့်အချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်အတွင်း ပါဝင်လာကြရန် မျှော်လင့်ကြောင်း၊ စစ်ပွဲသည် ဥရောပတိုက်၌ ဖြစ်ရာ ဥရောပအနေဖြင့် ငြိမ်းချမ်းရေးအခန်းကဏ္ဍမှ ပို၍ပါဝင်ရမည်ဖြစ်ပြီး အကျပ်အတည်း၏ အရင်းအမြစ်ပြဿနာကို အတူတကွ ဖြေရှင်းကာ မျှတသော၊ ထိရောက်သော၊ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးမူဘောင်ကို ရှာဖွေလျက် ဥရောပ၏ ရေရည်တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
王毅阐述中方在乌克兰危机上的立场
新华社德国慕尼黑2月14日电 当地时间2月14日,中共中央政治局委员、外交部长王毅出席慕尼黑安全会议,在“中国专场”致辞并回答现场提问。
针对所谓中方通过中俄油气贸易支持俄罗斯的疑问,王毅表示,中国和俄罗斯互为两大邻国,有着漫长边界。两国从过去的曲折经历中汲取教训,探索建立了不结盟、不对抗、不针对第三方的新时代全面战略协作伙伴关系。中俄之间有着正常的经贸往来。试问,如果中国不从俄罗斯进口油气,如何弥补缺口、保障14亿多中国民众的需求? 关于中国在解决乌克兰危机方面的立场,王毅说,对于世界上的争端与冲突,中国一贯主张对话协商、政治解决。在俄乌冲突问题上也一样。中国不是这场危机的制造者,更不是当事方,但我们没有隔岸观火,更没有借机牟利。从危机爆发的第二天起,中方就希望对话协商解决。习近平主席提出“四个应该”,是中国立场的最权威阐释,指出各国的主权和领土完整应得到尊重,联合国宪章宗旨和原则应得到遵守,各方合理安全关切应得到重视,一切致力于和平的努力都应得到支持。我们以此为遵循积极开展外交斡旋,并同巴西等全球南方国家发起“和平之友”小组。形势发展证明,中方的主张客观、公正、理性、务实,体现了国际社会的广泛共识。
王毅强调,任何冲突的终点都是谈判桌,历史最终一定是公正的。中方乐见一切致力于和平的努力,包括美俄达成的和谈共识。同时我们期待所有当事方和利益攸关方都能适时参与到和谈的进程中来。战事发生在欧洲大地,欧洲更有必要为和平发挥作用,共同解决危机的根源性问题,找到均衡、有效、可持续的安全框架,实现欧洲的长治久安。(完)
2月14日,中共中央政治局委员、外交部长王毅出席慕尼黑安全会议,在“中国专场”发表题为《坚定做变革世界中的建设性力量》的致辞。