Connect with us

China

တရုတ်-ရုရှား ခေါင်းဆောင်များ ဆက်သွယ်ဆွေးနွေးမှုက ကမ္ဘာသို့ ပေးသည့် တိကျသော သတင်းစကား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ယခုအကြိမ်ဆက်သွယ်ဆွေးနွေးမှုက နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့်အာရုံစိုက်ခြင်း ခံရသလို ကမ္ဘာသို့ တိကျသော သတင်းစကား ၃ ခု ပါးခဲ့ပေသည်။

(၁) တရုတ်-ရုရှား ဆက်ဆံရေး ရင့်ကျက်မှု၊ တည်ငြိမ်မှု၊ ကြံ့ကြံ့ခံမှု ရှိခြင်း
ယခုနှစ် ဇန်နဝါရီ ၂၁ ရက်၊ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်မတိုင်မီကာလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ပူတင်တို့ ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တစ်နှစ်ပတ်လုံး တရုတ်-ရုရှား ဆက်ဆံရေး တိုးတက်ရေးအတွက် လမ်းညွှန်စီစဉ်ခဲ့ပေသည်။ တစ်လကျော်အကြာ နှစ်နိုင်ငံခေါင်းဆောင်များက နောက်ထပ်တစ်ကြိမ် တိုက်ရိုက် နက်ရှိုင်းစွာ ညှိနှိုင်းဆွေးနွေးရာတွင် နိုင်ငံတကာအခြေအနေနှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ပြည်ပပတ်ဝန်းကျင် ပြောင်းလဲမှုအသစ်များ ဖြစ်ပွားသည့် အချိန်အခါနှင့် ကြုံကြိုက်လျက်ရှိသည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်-ရုရှား ဆက်ဆံရေးသည် အင်အားကြီးမားသော ပင်ကိုတွန်းအားနှင့် တစ်မူထူးခြားသည့် မဟာဗျူဟာ တန်ဖိုးရှိရာ တတိယဘက်ကို ဦးတည်ခြင်း မရှိသလို မည်သည့် တတိယဘက်၏ ဩဇာလွှမ်းမိုးမှုကိုလည်း ခံမည်မဟုတ်ကြောင်း ဆက်သွယ်ဆွေးနွေးမှုတွင် ထောက်ပြပြောကြားခဲ့သည်။
သမ္မတ ပူတင်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ ရုရှားနိုင်ငံ ရေရှည် အလေးထားသည့် မဟာဗျူဟာ ရွေးချယ်မှုဖြစ်ရာ အခြေအနေအရ ယာယီထားရှိသော အစီအစဉ် လုံးဝဥဿုံမဟုတ်ကြောင်း၊ အချိန်အခါတစ်ခုခု အကြောင်းအရာ တစ်ခုခု၏ ရိုက်ခတ်မှုကို ခံမည်မဟုတ်သလို ပြင်ပအကြောင်းရင်း၏ နှောင့်ယှက်မှုကိုလည်း ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပြင်ပပတ်ဝန်းကျင်တွင် မရေရာမှုများ ပြည့်နှက်နေသည့် အခြေအနေတွင် တရုတ်-ရုရှား ဆက်ဆံရေး၏ ရင့်ကျက်မှု၊ တည်ငြိမ်မှု၊ ကြံ့ကြံ့ခံမှုကို ပို၍ ပေါ်လွင်စေပေသည်။ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံသည် အပြန်အလှန်အားဖြင့် အကြီးဆုံး အိမ်နီးချင်းနိုင်ငံများဖြစ်ကြရာ ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ခြင်းက လေးနက်သည့် သမိုင်းလော့ဂျစ် (Logic) ရှိသည်။ နှစ်ပေါင်းများစွာတွင် နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်-ရုရှား နှစ်နိုင်ငံသည် မြင့်မားသော မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဟန်ချက်ညီမှုကို အစဉ်အမြဲ ထိန်းသိမ်းထားပေသည်။

ယခုအကြိမ် ဆက်သွယ်ဆွေးနွေးမှု၌ သမ္မတ ရှီကျင့်ဖိန် ဆိုသကဲ့သို့ပင် “တရုတ်-ရုရှား နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် နိုင်ငံခြားရေးမူဝါဒသည် ရေရှည်ဖြစ်” ပြီး နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်-ရုရှား ဆက်ဆံရေးသည် အေးဆေးတည်ငြိမ်စွာ ရှေ့သို့ လျှောက်လှမ်းသွားမည်သာ ဖြစ်သည်။

(၂) ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ တည်ငြိမ်စွာ တစ်လှမ်းချင်း တွန်းအားပေး ဆောင်ရွက်လျက်ရှိခြင်း
“တရုတ်-ရုရှားက ရွှေ့ပြောင်းမရတဲ့အိမ်နီးချင်း ဖြစ်သလို အေးအတူပူအမျှဖြစ်ပြီး အပြန်အလှန်ထောက်ခံအားပေးကာ အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြတဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေ ဖြစ်တယ် ဆိုတာကို သမိုင်းနဲ့ လက်တွေ့ ဖြစ်ရပ်က မိမိတို့အား ရှင်းလင်းစွာ ပြသခဲ့ပါတယ်” ဟု သမ္မတ ရှီကျင့်ဖိန်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုတွင် အလေးအနက် ထောက်ပြ ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်နှင့် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်သည်။ တရုတ်-ရုရှားသည် ဒုတိယကမ္ဘာစစ် အဓိက စစ်အောင်နိုင်သည့် နိုင်ငံများအနေဖြင့် အထိမ်းအမှတ်အစီအစဉ်များစွာကို အတူတကွ ကျင်းပရန် စီစဉ်ထားကြသည်။

နှစ်နိုင်ငံအနေဖြင့် ဤအစီအစဉ်များမှတစ်ဆင့် ဒုတိယကမ္ဘာစစ်အတွင်း ပခုံးချင်းယှဉ်တွဲ အတူတိုက်ပွဲဝင်ခဲ့ကြသော နက်ရှိုင်းသည့် ချစ်ကြည်ရေးကို စွဲမြဲစွာ မှတ်သားကာ မှန်ကန်သည့် ဒုတိယကမ္ဘာစစ် သမိုင်းအမြင်ကို တစ်ဆင့်တိုးမြှင့်တင်သွားမည် ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တည်ငြိမ်မှုနှင့် နိုင်ငံတကာ တရားမျှတ၊ သမာသမတ်ကျမှုကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ပေသည်။

သမိုင်း၏ စမ်းသပ်မှုကို ဖြတ်သန်းပြီးနောက် တရုတ်-ရုရှား ခိုင်မာစွာ လက်တွဲ ရှေ့ဆက်သော နက်ရှိုင်းသည့် အဓိပ္ပာယ်မှာ ပို၍ ပေါ်လွင်ခဲ့သည်။ ယနေ့မျက်မှောက် တရုတ်-ရုရှား နှစ်နိုင်ငံ ဌာနအသီးသီးက နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော သဘောတူညီချက်အတိုင်း ကဏ္ဍစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို တည်ငြိမ်စွာ တစ်လှမ်းချင်း တွန်းအားပေးဆောင်ရွက်လျက်ရှိကြသည်။
နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး စသည့် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများသည် တက်ကြွစွာ ရှေ့တိုး ဆောင်ရွက်လျက်ရှိရာ အကြီးစား ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကြီးများ တည်ငြိမ်စွာ လည်ပတ်လျက်ရှိသည်။ နှစ်ဖက်အနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက် အတူတကွတည်ဆောက်ရေးနှင့် ယူရေးရှား စီးပွားရေး သမဂ္ဂ (EEU) နက်ရှိုင်းစွာ ချိတ်ဆက်ရေးကို ဆက်လက်တွန်းအားပေးကာ ကိုယ်စီ စီးပွားရေး အရည်အသွေးမြင့် တိုးတက်မှု မြှင့်တင်ရေးအတွက် တွန်းအားပံ့ပိုးပေးလျက်ရှိသည်။

နိုင်ငံပေါင်းစုံကဏ္ဍတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံနှင့် ကမ္ဘာ့ အဓိကနိုင်ငံကြီး အနေဖြင့် ကုလသမဂ္ဂ၊ BRICS ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ စသည့် ဘက်ပေါင်းစုံ မူဘောင်အောက်တွင် နှစ်နိုင်ငံသည် နီးကပ်သော ညှိနှိုင်းဆွေးနွေးမှုနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

(၃) အရေးကြီးသည့် အရေးကိစ္စများတွင် အချိန်မီ ညှိနှိုင်း ဆွေးနွေးမှု ရှိခြင်း
ယူကရိန်းအကျပ်အတည်း နောက်ဆုံးအခြေအနေကို အချိန်မီ ဆွေးနွေးတိုင်ပင်ခြင်းသည် ယခုအကြိမ် ဆက်သွယ်ဆွေးနွေးမှု၏ အဓိက အကြောင်းအရာ တစ်ရပ် ဖြစ်သည်။

ယခုလ ၁၈ ရက်တွင် ရုရှား-အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်များသည် ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့၌ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ရုရှား-ယူကရိန်း ပဋိပက္ခ စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြသည်။ ယခုအကြိမ် သမ္မတ ရှီကျင့်ဖိန်နှင့် ဆက်သွယ်ရာ၌ သမ္မတ ပူတင်က ရုရှား-အမေရိကန် ထိတွေ့ဆက်ဆံသည့် နောက်ဆုံးအခြေအနေနှင့် ယူကရိန်းအကျပ်အတည်း၌ ရုရှား၏ အခြေခံမူရပ်တည်ချက်များကို မိတ်ဆက်ပြောကြားရာတွင် ရုရှားအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခ အရင်းအမြစ်ကို ဖယ်ရှားရှင်းလင်းရန်၊ စဉ်ဆက်မပြတ်နှင့် ရေရှည်ဖြစ်သော ငြိမ်းချမ်းရေး အစီအစဉ် ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အပေါ် သမ္မတ ရှီကျင့်ဖိန်က အကျပ်အတည်း ဖြေရှင်းရန် ရုရှားနှင့် သက်ဆိုင်ရာ ဘက်ပေါင်းစုံက အပြုသဘောကြိုးပမ်းမှုများ လုပ်ဆောင်ခြင်းကို တရုတ်နိုင်ငံက မြင်တွေ့လိုပါကြောင်း ထောက်ပြပြောကြားခဲ့သည်။
လွန်ခဲ့သည် ၃ နှစ်၊ ယူကရိန်းအကျပ်အတည်း ဘက်စုံ အရှိန်မြင့်တက်လာသည့် အချိန်မှစ၍ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဘက်တွင် အစဉ်အမြဲခိုင်မာစွာ ရပ်တည်ခဲ့သလို ဓမ္မဓိဋ္ဌာန်ကျ၊ တရားမျှတသည့် ရပ်တည်ချက်ကို လက်ကိုင်ထားခဲ့ပေသည်။ အကျပ်အတည်း ဘက်စုံ အရှိန်မြင့်တက်သည့် ကနဦးကာလတွင် သမ္မတ ရှီကျင့်ဖိန်က အကျပ်အတည်း ဖြေရှင်းရန် “လုပ်ဆောင်သင့်သည့် အကြောင်း ၄ ရပ်” စသည့် အခြေခံ ခံယူချက်များကို အဆိုပြုခဲ့သည်။ ယမန်နှစ် စက်တင်ဘာလက တရုတ်နိုင်ငံသည် ဘရာဇီးနှင့်အတူ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံအချို့နှင့်တကွ ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေး “ငြိမ်းချမ်းရေးမိတ်ဆွေ” အဖွဲ့ငယ် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးဖြင့် အကျပ်အတည်းဖြေရှင်းရေးအတွက် ပတ်ဝန်းကျင်နှင့် အခြေအနေများကို စုစည်းဖန်တီး၍ တွန်းအားပေးခဲ့ပေသည်။

ယခုအကြိမ် သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ သမ္မတ ပူတင်နှင့် ဖုန်းဖြင့် ဆက်သွယ်ခြင်းက နိုင်ငံရေးနည်းလမ်းဖြင့် အကျပ်အတည်းဖြေရှင်းရေး တွန်းအားပေးသည့် ဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ရုရှားနိုင်ငံက အလေးထားကြောင်း အပြည့်အဝ ပြသခြင်းဖြစ်ရာ တရုတ်-ရုရှား ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၏ မြင့်မားသော အဆင့်နှင့် တစ်မူထူးခြားမှုကို ပေါ်လွင်ပေသည်။

အနာဂတ်ကို မျက်နှာမူရာတွင် နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်လမ်းညွှန်မှုအောက်တွင် တရုတ်-ရုရှား ဆက်ဆံရေးသည် ပြင်ပအနှောင့်အယှက်များကို ရှင်းလင်းသွားမည် ဖြစ်ပြီး ကောင်းမွန်၊ တည်ငြိမ်သည့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းသွားမည် ဖြစ်သလို ကိုယ်စီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့အင်အား၊ နိုင်ငံတကာ ဆက်ဆံရေးအတွက် တည်ငြိမ်မှုနှင့် အပြုသဘောစွမ်းအင်များကို ဆက်လက် ဖြည့်တင်းသွားမည် ဖြစ်ပါသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
第一观察 | 中俄元首通话向世界传递明确信号
2月24日下午,国家主席习近平应约同俄罗斯总统普京通电话。
这次通话受到国际社会广泛关注,向世界传递了三个明确信号。
(一)中俄关系成熟、稳定、坚韧
今年1月21日,春节前夕,习近平主席同普京总统举行视频会晤,对全年中俄关系发展作出规划引领。时隔1个多月,两国元首再次直接深入沟通,正值国际形势和两国发展的外部环境发生新的变化之际。
习近平主席在通话中指出,中俄关系具有强大内生动力和独特战略价值,不针对第三方,也不受任何第三方影响。普京总统表示,发展对华关系是俄方着眼长远作出的战略选择,绝非权宜之计,不受一时一事影响,不受外部因素干扰。
在外部环境充满不确定性的形势下,更能凸显中俄关系的成熟、稳定、坚韧。中俄互为彼此最大邻国,深化全面战略协作有着深刻的历史逻辑。多年来,无论国际形势如何演变,中俄始终保持高度战略互信和合作默契。
正如习近平主席在此次通话中指出的,“中俄两国的发展战略和外交政策是管长远的”。任凭国际风云变幻,中俄关系都将从容前行。
(二)稳步推进各领域合作
“历史和现实昭示我们,中俄是搬不走的好邻居,是患难与共、相互支持、共同发展的真朋友。”习近平主席在通话中深刻指出。
今年是中国人民抗日战争胜利80周年和世界反法西斯战争胜利80周年。中俄作为二战主要战胜国,计划共同举办一系列纪念活动。
两国将通过这些活动,铭记在二战中并肩作战的深厚情谊,进一步弘扬正确二战史观,共同维护全球战略稳定和国际公平正义。
经过历史的洗礼,更显中俄坚定携手前行的深远意义。眼下,中俄两国各部门正按照两国元首达成的共识,稳步推进各领域协调合作。
双边层面,两国贸易等各领域合作积极推进,大型合作项目稳定运营。双方持续推动共建“一带一路”倡议和欧亚经济联盟深入对接,为促进各自经济高质量发展提供动力支撑。
多边领域,作为联合国安理会常任理事国和世界主要大国,两国持续密切在联合国、金砖国家、上海合作组织等多边框架内沟通和协作。
(三)就重要问题及时沟通协调
就乌克兰危机问题最新进展进行及时沟通,是这次通话的一项重要内容。
本月18日,俄美高级别代表在沙特利雅得就两国关系和俄乌冲突等议题举行会谈。此次同习近平主席通话,普京总统介绍了俄美接触最新情况和俄方在乌克兰危机问题上的原则立场,表示俄方致力于消除俄乌冲突根源,达成可持续和长久的和平方案。
习近平主席就此指出,中方乐见俄罗斯及有关各方为化解危机作出积极努力。
自3年前乌克兰危机全面升级以来,中方始终坚定站在和平一边,秉持客观公正立场。危机全面升级之初,习近平主席就提出解决危机的“四个应该”等基本主张。去年9月,中国同巴西一道,会同部分全球南方国家成立乌克兰危机“和平之友”小组,为推动危机政治解决营造氛围、积累条件。
此次习近平主席应约同普京总统通电话,充分表明俄方重视中方在推动政治解决危机进程中发挥的重要作用,彰显了中俄新时代全面战略协作伙伴关系的高水平和特殊性。
面向未来,在两国元首战略引领下,中俄关系将排除外部干扰,保持健康稳定发展,持续为各自发展振兴助力,为国际关系注入稳定性和正能量。

策划:张晓松
主笔:曹嘉玥
视觉:金小茜、贾伊宁
新华社国内部制作
新华社第一工作室出品
1. 1月21日下午,国家主席习近平在北京人民大会堂同俄罗斯总统普京举行视频会晤。 新华社记者 饶爱民 摄