Connect with us

Africa & Middle East

ဂါဇာ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲအလားအလာ အကောင်းမြင်ရန် ခဲယဉ်း

ဂျေရုဆလမ်ရှိ ဝန်ကြီးချုပ်ရုံးတွင်ကျင်းပသော လုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းအဝေးတွင် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟု (ယာဘက် ဒုတိယ) အား ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အစ္စရေးအစိုးရ သတင်းပြန်ကြားရေးရုံး)

ဂျေရုဆလမ်/ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ရန် သတ်မှတ်ထားသည်။ ဖေဖော်ဝါရီ ၂ ရက်က အမေရိကန်သို့ အလည်အပတ်သွားရောက်သည့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန် သမ္မတ ထရမ့်နှင့် ဖေဖော်ဝါရီ ၄ ရက်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ ၎င်းအနေဖြင့် ထရမ့်နှင့်အရင် တွေ့ဆုံဆွေးနွေးပြီးမှ အဖွဲ့စေလွှတ်၍ ဆွေးနွေးပွဲသို့ တက်ရောက်စေရန် စီစဉ်ထားကြောင်း မီဒီယာများက ဖော်ပြထားသည်။

ပထမအဆင့် အပစ်ရပ်ရေးနှင့် အကျဉ်းသားလဲလှယ်ရေး လုပ်ငန်းစဉ်သည် အထိုက်အလျောက် အဆင်ပြေချောမွေ့ခဲ့သော်လည်း နေတန်ယာဟု၏ ပြည်တွင်းနိုင်ငံရေးကို ထည့်သွင်းစဉ်းစားမှုများကြောင့် ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲအလားအလာကို အကောင်းမြင်ရန် ခဲယဉ်းဟု သုံးသပ်သူများက ယူဆကြသည်။ အမေရိကန်အနေဖြင့် မိမိ၏ မဟာဗျူဟာ ကိုယ်ကျိုးစီးပွားကိုအခြေခံပြီး ဂါဇာ စစ်ပွဲအလွန် စီမံခန့်ခွဲရေး စသည့်အရေးကိစ္စများတွင် “ဘက်လိုက် ဖျန်ဖြေခြင်း” က ပါလက်စတိုင်း-အစ္စရေး ပြဿနာကို အရင်းအမြစ်မှ ဖြေရှင်းရေးနှင့် အရှေ့အလယ်ပိုင်း ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် အကျိုးမရှိနိုင်ပေ။

အပစ်ရပ်ရေး အမေရိကန်-အစ္စရေး အဓိကထား ဆွေးနွေး

နေတန်ယာဟုသည် အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် Steve Witkoff၊ သမ္မတ ထရမ့် တို့နှင့် ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်များတွင် အသီးသီး တွေ့ဆုံကာ ဂါဇာကမ်းမြောင်ဒေသ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲ စသည့် ကိစ္စရပ်များအား ဆွေးနွေးမည် ဖြစ်ကြောင်း မကြာသေးမီရက်များအတွင်း အစ္စရေး ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

ဇန်နဝါရီ ၁၅ ရက်တွင် အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့ ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ဇန်နဝါရီ ၁၉ ရက်တွင် အသက်ဝင်ပြီး အပစ်ရပ်ရေး ပထမအဆင့်အဖြစ် ရက်သတ္တပတ် ၆ ပတ် ဆက်တိုက်ဆောင်ရွက်ရာ နှစ်ဖက်အနေဖြင့် ကိုယ်စီ ဖမ်းဆီးထိန်းသိမ်းထားသူအချို့ကို အပြန်အလှန် လဲလှယ်ခဲ့သည်။ ပထမအဆင့် အပစ်ရပ်ရေး ဖော်ဆောင်သည့် ၁၆ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၃ ရက်တွင် ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲပြုလုပ်ရမည် ဖြစ်ကြောင်း သဘောတူညီချက်တွင် သတ်မှတ်ထားသည်။ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲတွင် အစ္စရေးဘက်မှ အခြား ဖမ်းဆီးထိန်းသိမ်းထားခံရသူများ ပြန်လွှတ်ရေးနှင့် အစ္စရေးစစ်တပ် ရုပ်သိမ်းရေး ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သည်။

နေတန်ယာဟု၏ အမေရိကန် ခရီးစဉ်သည် ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲစတင်ချိန်နှင့် တိုက်ဆိုင်နေပေသည်။ ၎င်းအနေဖြင့် ထရမ့်နှင့်အရင် တွေ့ဆုံပြီးမှ ကာတာနိုင်ငံသို့ အဖွဲ့စေလွှတ်၍ ဆွေးနွေးပွဲတက်ရောက်စေရန် စီစဉ်ထားကြောင်း The Times of Israel တွင် ဖော်ပြထားသည်။

ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲသည် ယခုအကြိမ် နေတန်ယာဟု၏ အမေရိကန်ခရီးစဉ်တွင် အမေရိကန်နှင့် အဓိက ဆွေးနွေးမည့် အရေးကိစ္စဖြစ်လာမည်ဟု အများက ယူဆကြသည်။ ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးစစ်တပ် မည်သို့ ဘက်စုံ ရုပ်သိမ်းမည်နည်း၊ အစ္စရေးတပ် ဆုတ်ခွာပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို မည်သို့ စီမံခန့်ခွဲမည်နည်း၊ ဂါဇာကမ်းမြောင်ဒေသကို ဟားမက်စ်တို့ အသစ်တစ်ဖန်ထိန်းချုပ်မှုကို မည်သို့ ကာကွယ်တားဆီးမည်နည်း စသည်တို့ အပါအဝင် အစ္စရေးဘက်က အချို့သော အဓိက စိုးရိမ်မှုများကို ပထမအဆင့် အပစ်ရပ်ရေးတွင် မဖြေရှင်းနိုင်ခဲ့ပေ။ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲတွင် ယင်းကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် အစ္စရေးဘက်က မျှော်လင့်ရာ နေတန်ယာဟုနှင့် ထရမ့်၏ မျက်နှာချင်းဆိုင်ဆွေးနွေးမှုသည် ထိုကိစ္စရပ်များအား “အတည်ပြုခြင်း” ဖြစ်နိုင်ကြောင်း သိရသည်။

ထိုမတိုင်မီ Steve Witkoff သည် ဇန်နဝါရီ ၂၉ ရက်တွင် ဂါဇာကမ်းမြောင်ဒေသသို့ သွားရောက်ပြီး ဂျေရုဆလမ်တွင် နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ Steve Witkoff ၏ ဤခရီးစဉ်သည် အမေရိကန်-အစ္စရေး ခေါင်းဆောင်များ ဆွေးနွေးမှု၏ “ခန့်မှန်းရလဒ်” ကို ညှိနှိုင်းရန် ရည်ရွယ်ခြင်း ဖြစ်ရာ အမေရိကန်အနေဖြင့် နေတန်ယာဟုက အပစ်ရပ်ရေးသဘောတူညီချက်ကို တွန်းအားပေးဖော်ဆောင်ပြီး နောက်ဆုံးတွင် ဖမ်းဆီးထိန်းသိမ်းထားခံရသူအားလုံး လွတ်မြောက်ရေးကို ဖော်ဆောင်စေလိုကြောင်း အစ္စရေး 《Haaretz》သတင်းစာတွင် ဖော်ပြထားသည်။

ဒုတိယအဆင့် အပစ်ရပ်ရေးဆွေးနွေးမှု အကောင်းမြင်ရန် ခဲယဉ်း

ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက် အသက်ဝင်ပြီးချိန်မှစ၍ အစ္စရေးနှင့် ဟားမက်စ်တို့အကြား လွတ်မြောက်လာသော ဖမ်းဆီးထိန်းသိမ်းထားခံရသူများ၏ ကိုယ်ရေးအထောက်အထား၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ အသက်ရှင်မှု အမည်စာရင်း စသည့် ကိစ္စရပ်တွင် အတိုင်းအတာတစ်ခုအထိ သဘောထားမတိုက်ဆိုင်မှုများ ဖြစ်ပွားခဲ့သော်လည်း ပထမအဆင့် အပစ်ရပ်ရေးနှင့် အကျဉ်းသားလဲလှယ်ရေး လုပ်ငန်းစဉ်က ယေဘုယျအားဖြင့် အဆင်ပြေချောမွေ့ခဲ့သည်။

သို့သော် ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးမှု အလားအလာအပေါ် ပြင်ပနယ်ပယ်က အကောင်းမမြင်ကြပေ။ နေတန်ယာဟုက သတ်မှတ်ကာလအတိုင်း ဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့ မစေလွှတ်ဘဲ ထရမ့်နှင့် အရင် တွေ့ဆုံခြင်းသည် “အလွန်စိုးရိမ်ဖွယ်” အချက်ပြမှု ဖြစ်ကြောင်း အစ္စရေးမီဒီယာက အစ္စရေး အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။

အစ္စရေး ပြည်တွင်း နိုင်ငံရေး အခြေအနေကြောင့် နေတန်ယာဟုက ဆက်လက်အပစ်ရပ်ရန်နှင့် ဂါဇာကမ်းမြောင်ဒေသမှ စစ်တပ် ဘက်စုံရုပ်သိမ်းရန် ဆန္ဒလျော့နည်းသွားသည်ဟု အစ္စရေးမီဒီယာများက ယူဆကြသည်။ နေတန်ယာဟုအနေဖြင့် နိုင်ငံစီမံအုပ်ချုပ်သည့်နေရာကို ဆက်လက်ထိန်းထားမည်ဆိုလျှင် အာဏာရညွန့်ပေါင်းအဖွဲ့အတွင်း လက်ယာစွန်းရောက် အင်အား၏ ထောက်ခံအားပေးမှုရရှိရန် လိုအပ်သော်လည်း ဘဏ္ဍာရေးဝန်ကြီး၊ လက်ယာစွန်းရောက် ဘာသာရေး ဇီယွန်ဝါဒီပါတီ ဥက္ကဋ္ဌ Bezalel Smotrich တို့က အာဏာရညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြီး ပထမအဆင့်အပစ်ရပ်ရေး အဆုံးသတ်လျှင် ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုများ ပြန်လည်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

တစ်ချိန်တည်းတွင်ပင် နေတန်ယာဟုအစိုးရက ဟားမက်စ်ကို အမြစ်ပြတ်ချေမှုန်းရေး၊ အစ္စရေးလုံခြုံမှုကို ဂါဇာကမ်းမြောင်ဒေသ ထပ်မံခြိမ်းခြောက်ခြင်း မရှိစေရန် အာမခံရေး ရည်မှန်းချက်ကို စွန့်လွှတ်ခြင်းမရှိသေးပေ။ ဆက်တိုက်အပစ်ရပ်မှုက ဟားမက်စ်အင်အား ပြန်လည်ရှင်သန်စေကာ အစ္စရေးအား အဆိုပါရည်မှန်းချက်ကို ဖော်ဆောင်ရန် ပို၍ ခက်ခဲစေပေသည်။

အမေရိကန်က “ဘက်လိုက် ဖျန်ဖြေခြင်း” သည် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် အကျိုးမပြု

အပစ်ရပ်ရေး ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် ရပ်တည်ချက်ညှိနှိုင်းမည့်အပြင် နေတန်ယာဟုအနေဖြင့် ထရမ့်အစိုးရက အီရန်ကို ထပ်မံ ဖိအားပေးပြီး အစ္စရေးနှင့် ဆော်ဒီအာရေဗျဆက်ဆံမှု ပုံမှန်အသွင် ဖော်ဆောင်ရန် သံတမန်ရေးကြိုးပမ်းမှုများကို ပြန်လည်စတင်ရန် မျှော်လင့်သေးကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။

၎င်းအနေဖြင့် “အစ္စရေးနဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေအတွက် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးဖိုနဲ့ ကျွန်တော်တို့ရဲ့ ဘုံရန်သူကို ခုခံကာကွယ်ဖို့ ဘယ်လိုကြိုးပမ်းရမလဲဆိုတာ (နေတန်ယာဟု နဲ့) ဆွေးနွေးဖို့ မျှော်လင့်ပါတယ်” ဟု နေတန်ယာဟုအား ပေးပို့သည့် အမေရိကန် အလည်အပတ်ခရီးစဉ် ဖိတ်ကြားလွှာတွင် ထရမ့်က ရေးသားထားသည်။
ထရမ့်က နေတန်ယာဟုအား အမေရိကန်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ရသည့် ရည်ရွက်ချက်တစ်ခုမှာ ဂါဇာစစ်ပွဲအလွန် စီမံခန့်ခွဲမှုအစီအစဉ်များကို အမေရိကန် အစိုးရက တိုက်ရိုက်ပါဝင်မည်ကို ဖော်ပြခြင်းဖြစ်ကြောင်း အမေရိကန်နှင့် အစ္စရေး နှစ်နိုင်ငံ မီဒီယာများက သုံးသပ်ကြသည်။

ဂျေရုဆလမ် ဟီဘရူးတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် Yonatan Freeman က အမေရိကန်-အစ္စရေးက ယင်းဒေသတွင် အီရန်၏ ဩဇာလွှမ်းမိုးမှုကို ဟန့်တားရန် ၊ အစ္စရေးနှင့် ပိုမိုများပြားသော အာရပ်နိုင်ငံများ သံတမန်ဆက်ဆံရေး ထူထောင်ရေး တွန်းအားပေးရန် စသည့် ကဏ္ဍများတွင် အလွန်ကိုက်ညီမှု ရှိသည်ဟု ယူဆသည်။
ထရမ့်က အစ္စရေးကို အစဉ်အမြဲ ထောက်ခံအားပေးရာ လွန်ခဲ့သည့် သမ္မတသက်တမ်းကာလတွင်ပင် “အစ္စရေး ထောက်ခံရေး” မူဝါဒများကို ကြိမ်ဖန်များစွာ ထုတ်ပြန်ခဲ့ဖူးပေသည်။ ဒုတိယအကြိမ် သမ္မတအဖြစ် တာဝန်ယူပြီးနောက် အစ္စရေးအား ပေါင်ချိန် ၂,၀၀၀ (ကီလိုဂရမ် ၉၀၀ ခန့်) ရှိသော ဖောက်ခွဲရေးဗုံး ပံ့ပိုးမှုအပေါ် ဘိုင်ဒန်အစိုးရ၏ ကန့်သတ်ချက်ကို ပယ်ဖျက်ကြောင်း ၎င်းက အလွန်လျင်မြန်စွာ ကြေညာခဲ့ပြီး “ဂါဇာ ရှင်းလင်းရေး” အစီအစဉ်ကို ထုတ်ဖော်ကာ ဂါဇာကမ်းမြောင်မှ လာသော ပါလက်စတိုင်းသားများအား လက်ခံပြီး နေရာချထားပေးရန် အီဂျစ်နှင့် ဂျော်ဒန်အား တောင်းဆိုခဲ့သည်။

အမေရိကန်၏ ဤသို့သော “တစ်ဖက်သတ် ဖျန်ဖြေမှု” လုပ်ရပ်က နိုင်ငံတကာအသိုက်အဝန်း၏ ဆန့်ကျင်မှုကို အလိုအလျောက်ခံရပေသည်။ “ဂါဇာ ရှင်းလင်းရေး” အစီအစဉ်ကို ဆန့်ကျင်ကြောင်း ယခုရက်ပိုင်းများတွင် အရှေ့အလယ်ပိုင်း နိုင်ငံအများအပြား၊ ဥရောပနိုင်ငံ အချို့နှင့် ပညာရှင်၊ နိုင်ငံတကာ မီဒီယာများက အသီးသီး ဖော်ပြကြသည်။ ပါလက်စတိုင်းသားများအား ဂါဇာကမ်းမြောင်ဒေသနှင့် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း သိမ်းပိုက်ခံရသည့် နယ်မြေများမှ နှင်ထုတ်မည့် ကြံစည်မှုကို ဆန့်ကျင်ကြောင်း အာရပ်နိုင်ငံအများအပြားနှင့် အာရပ်အဖွဲ့ချုပ်တို့က ဖေဖော်ဝါရီ ၁ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဂါဇာ ရှင်းလင်းရေး” ဖြစ်စေ၊ အစ္စရေးနှင့် ဆော်ဒီအာရေဗျ စသည့် အာရပ်နိုင်ငံများ ဆက်ဆံမှု ပုံမှန်အသွင် ဖြစ်ရေး တွန်းအားပေးရာတွင် ဖြစ်စေ ပါလက်စတိုင်းသားများ၏ အကျိုးစီးပွားကို စတေးပြီး အမေရိကန်နှင့် အစ္စရေး၏ မဟာဗျူဟာ အကျိုးစီးပွားကို ဖော်ဆောင်ခြင်း ဖြစ်ရာ ပါလက်စတိုင်း-အစ္စရေး ပြဿနာ အရင်းအမြစ်မှ ဖြေရှင်းရေး နှင့် အရှေ့အလယ်ပိုင်း ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း ထောက်ပြကြသည်။ ပါလက်စတိုင်းပြည်သူများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကာလတွင် “သမိုင်း၏မမျှတမှု” ကို ခံစားနေရကြောင်း၊ ဖြေရှင်းသည့်နည်းလမ်းမှာ ၎င်းတို့ကို နှင်ထုတ်ခြင်းမဟုတ်ဘဲ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ဖော်ဆောင်ခြင်း ဖြစ်ကြောင်း အီဂျစ်သမ္မတ အယ်လ်-စီစီက ထောက်ပြပြောကြားခဲ့သည်။ (Xinhua)

အစ္စရေးဘက်က ဖမ်းဆီးထိန်းသိမ်းထားခံရပြီး လွတ်မြောက်လာသူများအား တင်ဆောင်သော ရဟတ်ယာဉ် အစ္စရေး၊ တယ်လ်အာဗီရာဖိုမြို့ရှိ ဆေးရုံတစ်ရုံသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ထရမ့် အား ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)

国际观察|加沙第二阶段停火谈判前景难言乐观
新华社耶路撒冷/华盛顿2月3日电(记者陈君清 冯国芮 邓仙来)加沙地带第二阶段停火谈判定于2月3日开启。2日启程访美的以色列总理内塔尼亚胡将于4日同美国总统特朗普举行会谈。媒体报道称,他打算先见特朗普再派团队参加谈判。
分析人士认为,虽然第一阶段停火换俘进程相对顺利,但鉴于内塔尼亚胡的国内政治考量,第二阶段停火谈判前景难言乐观。美国基于自身战略私利,在加沙战后治理安排等问题上“拉偏架”,无助于从根本上解决巴以问题和实现中东持久和平。
美以重点讨论停火问题
根据以色列总理办公室日前发布的消息,内塔尼亚胡将于3日和4日分别与美国中东问题特使威特科夫及总统特朗普就加沙地带第二阶段停火谈判等事宜举行会谈。
1月15日,以色列与巴勒斯坦伊斯兰抵抗运动(哈马斯)就加沙地带停火达成协议。协议于1月19日生效,停火第一阶段持续6周,双方交换各自扣押的部分对方人员。协议规定,执行第一阶段停火的第16天即2月3日,必须开启第二阶段停火谈判。第二阶段停火谈判将讨论释放以方其他被扣押人员和以军撤离事宜。
内塔尼亚胡访美恰逢第二阶段停火谈判开启之时。《以色列时报》报道,他打算先见特朗普后再派出团队前往卡塔尔参加谈判。
舆论认为,第二阶段停火谈判将是此次内塔尼亚胡访美重点与美方讨论的问题。以方的一些重要关切在第一阶段停火中未能解决,包括以军如何全面撤离加沙地带、以军撤离后加沙地带如何治理、如何防止哈马斯重新控制加沙地带等。以方希望在第二阶段停火谈判中解决这些问题,内塔尼亚胡与特朗普面对面会谈或将为此“定调”。
此前,威特科夫于1月29日刚刚访问了加沙地带并在耶路撒冷同内塔尼亚胡举行了会谈。以色列《国土报》称,威特科夫此行旨在协调美以首脑会晤的“预期成果”,美国希望内塔尼亚胡推进停火协议,最终实现所有被扣押人员获释。
第二阶段谈判难言乐观
加沙停火协议生效以来,虽然以色列和哈马斯在获释被扣押人员身份、被扣押人员存活名单等问题上一度产生龃龉,但第一阶段停火换俘进程总体顺利。
不过,外界对第二阶段停火谈判的前景并不乐观。以色列媒体援引以方匿名官员的话报道,内塔尼亚胡不按期派遣谈判团队而是要先与特朗普见面,发出了“非常令人担忧”的信号。
以媒认为,以色列国内的政治形势使内塔尼亚胡继续停火和从加沙地带全面撤军的意愿不高。内塔尼亚胡要维持执政地位,需要得到执政联盟内极右翼势力的支持,而财政部长、极右翼宗教犹太复国主义者党主席斯莫特里赫以退出执政联盟相威胁,要求第一阶段停火结束后恢复在加沙地带的军事行动。
同时,内塔尼亚胡政府并未放弃彻底消灭哈马斯、确保加沙地带不再威胁以色列安全的目标,而持续停火将使哈马斯恢复实力,让以色列更难实现上述目标。
美国“拉偏架”无助中东和平
美联社报道,除了就停火谈判与美方协调立场,内塔尼亚胡还希望特朗普政府向伊朗进一步施压,并为实现以色列与沙特关系正常化重启外交努力。
特朗普在给内塔尼亚胡的访美邀请信中写道,他“期待(与内塔尼亚胡)讨论我们如何为以色列及其邻国带来和平,以及抵御我们共同敌人的努力”。美以两国媒体分析,特朗普邀请内塔尼亚胡访美,目的之一是表明美政府要直接参与有关加沙战后治理的安排。
耶路撒冷希伯来大学国际关系专家约纳坦·弗里曼认为,美以在遏制伊朗在该地区的影响力、推动以色列与更多阿拉伯国家建交等议题上高度一致。
特朗普向来支持以色列,在上个总统任期内就曾多次出台“挺以”政策。第二次上任后,他很快宣布解除拜登政府禁止向以方提供2000磅(约900公斤)炸弹的限制,还抛出“清空加沙”计划,要求埃及和约旦接受并安置来自加沙地带的巴勒斯坦人。
美国这种“拉偏架”行为自然遭到国际社会反对。中东多国、部分欧洲国家、不少专家和国际媒体近日纷纷表态反对“清空加沙”计划。多个阿拉伯国家和阿拉伯国家联盟(阿盟)2月1日发表联合声明,反对任何将巴勒斯坦人赶出加沙地带和约旦河西岸被占领土的企图。
分析人士指出,不论是“清空加沙”还是推动以色列与沙特等阿拉伯国家关系正常化,都是以巴勒斯坦人利益为代价去实现美国和以色列的战略利益,无法从根本上解决巴以问题和实现中东持久和平。埃及总统塞西指出,巴勒斯坦人民在过去70年里遭受了“历史不公”,解决方案不是驱逐他们而是实现“两国方案”。
1. 1月17日,以总理内塔尼亚胡(右二)当天在位于耶路撒冷的总理办公室召开安全内阁会议。新华社发(以色列政府新闻办公室供图)
2. 哈马斯2月1日在加沙地带释放了第四批共3名以方被扣押人员,并将其移交给红十字国际委员会。图为搭载获释以方被扣押人员的直升机抵达以色列特拉维夫的一所医院。新华社发(吉德翁·马科维奇摄/基尼图片社)
3. 1月30日,美国总统特朗普在首都华盛顿的白宫出席新闻发布会。新华社记者胡友松摄