Connect with us

North America

အမေရိကန်က အဖွဲ့ဝင်နိုင်ငံမဟုတ်၊ “နုတ်ထွက်၍” မရနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ကပြောကြား

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ နိုင်ငံပေါင်းစုံနန်းတော်ကို ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ် အမေရိကန်၏ သက်တမ်းကုန်ဆုံးခဲ့ပြီး အမေရိကန်အနေဖြင့် ၎င်းနှင့် မသက်ဆိုင်တော့သည့် အစိုးရကြား အဖွဲ့အစည်းမှ “နုတ်ထွက်၍” မရနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) က ဖေဖော်ဝါရီ ၆ ရက်၌ ပြောကြားခဲ့သည်။

အမေရိကန်သည် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ရာ လွန်ခဲ့သည့် တာဝန်သက်တမ်းမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ အမေရိကန်သည် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် မဟုတ်တော့ဘဲ ၎င်းအနေဖြင့် အဆိုပါကောင်စီ၏ စောင့်ကြည့်ရေး အဖွဲ့ဝင် အလိုအလျောက် ဖြစ်လာကြောင်း၊ စောင့်ကြည့်ရေး အဖွဲ့ဝင်အနေဖြင့် အမေရိကန်သည် ၎င်းနှင့် မသက်ဆိုင်တော့သည့် အစိုးရကြား အဖွဲ့အစည်းမှ “နုတ်ထွက်၍” မရနိုင်ကြောင်း UNHRC ပြောရေးဆိုခွင့်ရှိသူ Pascal Sim က အဆိုပါနေ့ ဆင်ဟွာသတင်းထောက်အား ပေးခဲ့သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

အခြေခံမူတစ်ရပ်အနေဖြင့် လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီက အဆိုပြုသော ဘက်ပေါင်းစုံဆွေးနွေးမှုစိတ်ဓာတ်လက်ကိုင်ထားခြင်းဖြင့်လည်းကောင်း လူ့အခွင့်အရေးကောင်စီသည် အဖွဲ့ဝင်များနှင့် လေ့လာစောင့်ကြည့်သူများအားလုံးအနေဖြင့် ကောင်စီ၏ လုပ်ငန်းဆောင်တာအသီးသီးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် ကြိုဆိုကြောင်းနှင့် အားပေးကြောင်း ကြေညာချက်၌ ထောက်ပြခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၄ ရက်တွင် အမိန့်ကြေညာစာ လက်မှတ်ရေးထိုးခဲ့ပြီး လူ့အခွင့်အရေးကောင်စီမှ အမေရိကန် နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

UNHRC ကို အဖွဲ့ဝင် ၄၇ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ် ကောင်စီဝင် သုံးပုံတစ်ပုံခန့်ကို ပြန်လည်ရွေးချယ်ခြင်းဖြစ်ရာ အဖွဲ့ဝင်များသည် တစ်ကြိမ်လျှင် သုံးနှစ်သက်တမ်းဖြင့် တစ်ကြိမ်သက်တမ်းအတွက် ပြန်လည်ရွေးကောက်တင်မြှောက်နိုင်သည်။ (Xinhua)
……………………………….
(Chinese Version)
联合国人权理事会:美国非成员 无法“退出”
新华社日内瓦2月6日电(记者石松)联合国人权理事会6日表示,截至2025年1月1日,美国作为人权理事会成员的任期已结束,美国无法从其已不再属于的政府间机构中“退出”。
人权理事会发言人帕斯卡尔·西姆当天在给新华社记者的一份声明中说,美国曾是人权理事会成员,上一个任期为2022年1月1日至2024年12月31日。截至2025年1月1日,美国已不再是人权理事会成员,并自动成为该理事会观察员。作为观察员,美国无法从其已不再属于的政府间机构中“退出”。
声明指出,作为一项原则并秉持人权理事会所倡导的多边对话精神,人权理事会欢迎并鼓励所有成员和观察员积极参与人权理事会各项工作。
美国总统特朗普4日签署行政令,宣布美国退出人权理事会。
联合国人权理事会由47个成员组成。联大每年改选三分之一左右的理事会成员,成员每届任期三年,可连任一届。(完)
图说:这是2024年3月20日在瑞士日内瓦拍摄的联合国万国宫。新华社记者连漪摄