Connect with us

Europe

အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများဖြင့် ရုရှားအပေါ် ဗျူဟာမြောက် ဖိအားပေးနေကြောင်း ပူတင် ဆို

ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ကျင်းပသော “နှစ်စဉ် စာရင်း” အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသော ရုရှားသမ္မတ ပူတင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၁၉ ရက် (ဆင်ဟွာ)
အနောက်နိုင်ငံများက ရုရှားအပေါ် လုပ်ဆောင်သော အရေးယူပိတ်ဆို့မှုများသည် ယာယီသဘော အစီအမံများမဟုတ်ဘဲ ယင်းတို့ဖြင့် ရုရှားအပေါ် ဗျူဟာမြောက် ဖိအားပေးရန်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
အနောက်နိုင်ငံများ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် “ယာယီသဘော သို့မဟုတ် ရှင်းလင်းတိကျသော အစီအမံများ မဟုတ်ဘဲ” ရုရှားအပေါ် “စနစ်ကျသော ဗျူဟာမြောက် ဖိအားယန္တရား” ဖော်ဆောင်ခြင်းဖြစ်သည်ဟု ပူတင်က အဆိုပါနေ့တွင် မော်စကိုမြို့၌ ကျင်းပသော ရုရှားနိုင်ငံ စက်မှုလုပ်ငန်းရှင်နှင့် ကုမ္ပဏီလုပ်ငန်းရှင်များ အဖွဲ့ချုပ် မျက်နှာစုံညီအစည်းအဝေး တက်ရောက်စဉ် ပြောကြားခဲ့သည်။
အခြေအနေ မည်သို့ပင် ဖြစ်လာပြီး နိုင်ငံတကာ ဆက်ဆံရေး မည်သို့ပင် ပြောင်းလဲလာစေကာမူ ရုရှား၏ ပြိုင်ဖက်များအားလုံးက ရုရှား၏ စီးပွားရေးနှင့် နည်းပညာစွမ်းရည်များကို တားဆီးရန် မျှော်လင့်ကြသည်ဟု ပူတင်က ပြောကြားခဲ့သည်။
ပူတင်က ရုရှားနိုင်ငံ စီးပွားရေးအခြေအနေကိုလည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။ ရုရှား စီးပွားရေးအေးစက်လာမှုသည် ရှောင်လွှဲ၍မရသော်လည်း စီးပွားရေးတိုးတက်မှုနှုန်းမှာ သိသိသာသာ ကျဆင်းသွားခြင်း မရှိသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အလုပ်အကိုင်မဲ့နှုန်း နည်းပါးမှုကို ထိန်းသိမ်းထားရန် ငွေကြေးဖောင်းပွမှု ထိန်းချူပ်ရေး အစီအမံများ ချမှတ်ရန်လည်း ပူတင်က ညွှန်ကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
普京:西方借制裁对俄施加战略压力
新华社莫斯科3月18日电(记者黄河)俄罗斯总统普京18日表示,西方对俄罗斯实施的制裁不是临时性措施,而是借此对俄施加战略压力。
普京当天在莫斯科出席俄罗斯工业家和企业家联合会全体会议时表示,西方对俄罗斯的制裁“不是临时性或点对点的措施”,而是对俄罗斯施加“系统性战略压力机制”。
普京表示,无论局势如何发展,国际关系体系如何变化,俄罗斯的竞争对手都希望遏制俄罗斯的经济和技术能力。
普京在会上还谈及俄经济形势。他表示,俄罗斯经济出现降温是不可避免的,但经济增长率不应出现大幅下降。普京还要求采取措施控制通货膨胀,并将失业率保持在较低水平。(完)
图说:2024年12月19日,在俄罗斯首都莫斯科,俄罗斯总统普京在“年度盘点”活动上讲话。新华社记者白雪骐摄