Connect with us

North America

နျူကလီးယားစွန့်လွှတ်ရေး အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းရန် အီရန် ထိပ်တန်းခေါင်းဆောင်ထံ စာပို့ထားပြီးဖြစ်ကြောင်း ထရမ့် ဆို

အီရန်နိုင်ငံ တီဟီရန်မြို့၌ အီရန်လေတပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အဆင့်မြင့် တပ်မှူးများနှင့် တွေ့ဆုံကာ မိန့်ခွန်းပြောကြားနေသော အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီကို ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/ Reuters)

ဝါရှင်တန်၊ မတ် ၈ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က အီရန် ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီထံ စာပို့ခဲ့ကြောင်း၊ အီရန်အား နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် စွန့်လွှတ်ရေးနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းရန် တိုက်တွန်းခဲ့ကြောင်း မတ် ၇ ရက်တွင် ထုတ်လွှင့်သော တွေ့ဆုံမေးမြန်မှုအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။
ထရမ့်က အဆိုပါ စာစောင်သည် “မနေ့က” ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အီရန်နှင့် စေ့စပ်ညှိနှိုင်းရန် မျှော်လင့်ကြောင်း၊ “ဘာလို့လဲဆိုတော့ အကယ်၍ ကျွန်တော်တို့ စစ်ရေးလှုပ်ရှားမှုတွေ မဖြစ်မနေလုပ်ရမယ်ဆိုရင် ဒါက ကြောက်မက်ဖွယ် ကိစ္စရပ်တစ်ခု ဖြစ်လာလိမ့်မယ်” ဟု မတ် ၆ ရက် Fox News စီးပွားရေးချန်နယ်တွင် ရိုက်ကူးသော သီးသန့်အင်တာဗျူးအစီအစဉ်၌ ပြောကြားခဲ့သည်။ အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မပြုကြောင်း၊ ၎င်းအနေဖြင့် စေ့စပ်ညှိနှိုင်းမှုမှ တစ်ဆင့် သဘောတူညီမှု ရရှိရန် ဆန္ဒရှိကြောင်းနှင့် “အခု အချိန်တန်ပြီ” ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲ၏ အကြောင်းအရာ အပြည့်အစုံကို မတ် ၉ ရက်တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အီရန်မီဒီယာက ထရမ့်၏ အထက်ပါ ပြောကြားချက်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့သော်လည်း အလီ ခါမေနီရုံးခန်းက စာစောင်လက်ခံရရှိခြင်းနှင့် ပတ်သက်၍ အတည်ပြုခဲ့ခြင်းမရှိကြောင်း အမေရိကန် မီဒီယာ၏ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
…………………………………..
(Chinese Version)
特朗普称已致信伊朗最高领袖促其就弃核与美谈判
新华社华盛顿3月7日电(记者邓仙来)美国总统特朗普在7日播出的一段访谈节目片段中说,他已致信伊朗最高领袖哈梅内伊,敦促伊方就放弃开发核武器计划与美国进行谈判。
特朗普在美国福克斯新闻台商业频道6日录制的专访节目中说,这封信是“昨天”发出的。他希望伊朗进行谈判,“因为如果我们不得不采取军事行动,那将是一件可怕的事情”。他还说,不能让伊朗拥有核武器,他宁愿通过谈判达成协议,并称“现在是时候了”。
据悉,该访谈的完整内容将于9日播出。
据美媒报道,伊朗媒体已对特朗普上述言论作了报道,但哈梅内伊办公室没有确认收到任何信件。(完)
图说:2月7日,伊朗最高领袖哈梅内伊在德黑兰与伊朗空军和防空部队高级指挥官会面并发表讲话。新华社/路透