Connect with us

China

ရှီကျင့်ဖိန်က ဥတုရာသီနှင့် တရားမျှတစွာ အသွင်ကူးပြောင်းရေး ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် အမှာစကားပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရာသီဥတုနှင့် တရားမျှတစွာ အသွင်ကူးပြောင်းရေး ခေါင်းဆောင်များ ဗီဒီယို ထိပ်သီးအစည်းအဝေးတွင် ဧပြီ ၂၃ ရက်က အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဧပြီ ၂၃ ရက်က ရာသီဥတုနှင့် တရားမျှတစွာ အသွင်ကူးပြောင်းရေး ခေါင်းဆောင်များ ဗီဒီယို ထိပ်သီးအစည်းအဝေးတွင် အမှာစကားပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ယခုနှစ်သည် “ပဲရစ်သဘောတူညီချက်” ရရှိခဲ့သည့် ၁၀ နှစ်ပြည့် ဖြစ်သလို ကုလသမဂ္ဂ တည်ထောင်သည့် ၈၀ ပြည့်နှစ်လည်း ဖြစ်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
လက်ရှိ ကမ္ဘာသည် ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိရာ လူသားမျိုးနွယ်အသိုက်အဝန်းသည် လမ်းဆုံသစ်သို့ ရောက်ရှိနေကြောင်း၊ နိုင်ငံအချို့က တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို အထူးနှစ်ခြိုက်ကာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းနှင့် နိုင်ငံတကာစည်းစနစ်ကို ပြင်းထန်စွာ ရိုက်ခတ်လျက်ရှိသော်ငြားလည်း သမိုင်းသည် အချိုးအကွေ့များကြားတွင် အစဉ်အမြဲ ရှေ့ဆက်မည်သာ ဖြစ်ကြောင်း၊ ယုံကြည်ချက်ခိုင်မာပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဆိုလျှင် ရေဆန်ကို မုချထိုးဖောက်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု စီမံခန့်ခွဲမှုနှင့် ကမ္ဘာ့ တိုးတက်ရေးလုပ်ငန်း အားလုံးသည် တည်ငြိမ်စွာ အဝေးသို့ လျှောက်လှမ်းရေး တွန်းအားပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပထမအနေဖြင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ လိုက်နာစောင့်ထိန်းခြင်းဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်၊ နိုင်ငံတကာဥပဒေအပေါ် အခြေခံသည့် နိုင်ငံတကာစည်းစနစ်အား ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရမည်ဖြစ်သလို နိုင်ငံတကာ တရားမျှတမှုကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးစိတ်ဓာတ်ကို လက်ကိုင်ထားကာ ကတိကဝတ်များကို အလေးထားလိုက်နာပြီး အစိမ်းရောင် ကာဗွန်လျော့နည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက်လျက် နိုင်ငံစုံ စီမံခန့်ခွဲမှုဖြင့် ဥတုရာသီအကျပ်အတည်းကို အတူတကွ ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ တံခါးဖွင့်၍ အများပါဝင်စေမှုဖြင့် စည်းခြားထားသည့် ပဋိပက္ခများကို ကျော်လွှားရမည် ဖြစ်သလို ပူးပေါင်းဆောင်ရွက်မှုဖြင့် နည်းပညာဆန်းသစ်တီထွင်မှုနှင့် ကုန်ထုတ်လုပ်ငန်း ပြုပြင်ပြောင်းလဲမှုကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် အစိမ်းရောင် နည်းပညာနှင့် ထုတ်ကုန်ပစ္စည်း လွတ်လပ်စွာ စီးဆင်းစေခြင်းဖြင့် နိုင်ငံအသီးသီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားကို အသုံးတည့်အောင်၊ သုံးစွဲနိုင်အောင်၊ ကောင်းမွန်စွာ သုံးစွဲရအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု (South-South cooperation) ကို နက်ရှိုင်းအောင် အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည် ဖြစ်သလို အခြား ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လက်လှမ်းမီသမျှ ဆက်လက်အကူအညီပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် တရားမျှတစွာ အသွင်ကူးပြောင်းရေးကို တွန်းအားပေးခြင်း ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ပြည်သူကို ဗဟိုပြု၍ ပြည်သူနေထိုင်မှုဘဝ သာယာချမ်းမြေ့ရေးနှင့် ဥတုရာသီ စီမံခန့်ခွဲရေး ဟန်ချက်ညီညီဆောင်ရွက်ရမည် ဖြစ်သလို ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် ဖန်တီးရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး စသည့် ရည်မှန်းချက်များစွာကို စုစည်းစီမံရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ကူညီအားပေးရန်၊ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် ကာဗွန်လျော့နည်းအသွင်ကူးပြောင်းရေးအတွက် ကူညီပံ့ပိုးရန်၊ နိုင်ငံအသီးသီး ပြည်သူများ၏ ဘုံရေရှည်အကျိုးစီးပွားကို မြှင့်တင်ရန် တာဝန်ဝတ္တရားရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် လက်တွေ့လှုပ်ရှားမှုများကို အားကောင်းအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ဘက်ပေါင်းစုံအနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင် အသွင်ကူးပြောင်းရေးအား စုစည်းစီမံမှု အခြေခံပေါ်တွင် နိုင်ငံ၏ ကိုယ်ပိုင် အကျိုးပြုသည့် လှုပ်ရှားရေး အစီအစဉ်မူဘောင်များကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ဘယ်လမ် ညီလာခံမတိုင်မီ ဖန်လုံအိမ်ဓာတ်ငွေ့အပါအဝင် စီးပွားရေး အတိုင်းအတာတစ်ခုလုံးအား လွှမ်းခြုံမှုရှိသော ၂၀၃၅ ခုနှစ် နိုင်ငံ၏ ကိုယ်ပိုင်အကျိုးဆောင်ရေး ရည်မှန်းချက်ကို ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လူသားနှင့် သဘာဝ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်း၏ ထင်ရှားသော ဝိသေသလက္ခဏာ ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးအား အခိုင်အမာ ဖော်ဆောင်သူနှင့် အဓိက အကျိုးဆောင်သူ ဖြစ်ကြောင်း ၊ မိမိသည် လွန်ခဲ့သည့် ၅ နှစ်က ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေး (carbon peak)၊ ကာဗွန်ထုတ်လုပ်မှု မျှခြေအဆင့် ရောက်ရှိရေး (carbon neutrality) ရည်မှန်းချက်များကို ကြေညာပြီးသည့် အချိန်မှစ၍ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်ကို တည်ဆောက်ခဲ့ရာ ကမ္ဘာ့အကြီးဆုံး၊ အပြည့်စုံဆုံးသော စွမ်းအင်သစ် ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက် တည်ဆောက်ပြီး၍ ကမ္ဘာ့ လေးပုံတစ်ပုံရှိသည့် အသစ်ထပ်တိုး အစိမ်းရောင်ဧရိယာကို အကျိုးဆောင်ပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံသည် ဥတုရာသီပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းသည့် လှုပ်ရှားမှုကို တုံ့ဆိုင်းသွားမည်မဟုတ်သလို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်သည့် ကြိုးပမ်းမှုကို လျှော့ချသွားမည်လည်း မဟုတ်ဘဲ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား လက်တွေ့ဖော်ဆောင်ရန် တွန်းအားပေးမှုကိုလည်း ရပ်ဆိုင်းသွားမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံနှင့်အတူ တူညီသော်လည်း ကွဲပြားသည့် ဝာာဝန်ဝတ္တရားများကို လက်တွေ့ထမ်းဆောင်သွားလိုပြီး မိမိတတ်နိုင်ရာကဏ္ဍအလိုက် စွမ်းဆောင်ကာ စည်းလုံးညီညွတ်စွာ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှုဖြင့် သန့်စင်သော၊ သာယာလှပသော၊ စဉ်ဆက်မပြတ်ဖြစ်သော ကမ္ဘာကြီးအား အတူတကွ တည်ဆောက်မှုကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
习近平向气候和公正转型领导人峰会发表致辞
新华社北京4月23日电 4月23日,国家主席习近平向气候和公正转型领导人视频峰会发表致辞。
习近平指出,今年是《巴黎协定》达成10周年,也是联合国成立80周年。当前,世界百年变局加速演进,人类社会走到新的十字路口。尽管个别大国热衷于单边主义、保护主义,对国际规则和国际秩序造成严重冲击,但历史总会在曲折中前进。只要坚定信心,加强团结合作,就一定能冲破逆流,推动全球气候治理和世界一切进步事业行稳致远。
一是坚守多边主义。坚定维护以联合国为核心的国际体系、以国际法为基础的国际秩序,坚定维护国际公平正义。秉持法治精神,重信守诺,锚定绿色低碳发展,通过多边治理共同应对气候危机。
二是深化国际合作。以开放包容超越隔阂冲突,以合作促进技术创新和产业变革,使优质绿色技术和产品自由流通,让各国特别是广大发展中国家都用得上、用得起、用得好。中国将大力深化南南合作,继续为其他发展中国家提供力所能及的帮助。
三是推动公正转型。以人民为中心,协同推进民生福祉改善和气候治理,统筹保护环境、发展经济、创造就业、消除贫困等多重目标。发达国家有义务向发展中国家提供帮助和支持,助力全球绿色低碳转型,增进各国人民共同和长远福祉。
四是强化务实行动。各方都应该尽最大努力,在统筹经济发展和能源转型基础上制定和实施国家自主贡献的行动纲领。中国将于联合国气候变化贝伦大会前,宣布覆盖全经济范围、包括所有温室气体的2035年国家自主贡献目标。
习近平强调,人与自然和谐共生是中国式现代化的鲜明特点。中国是世界绿色发展的坚定行动派、重要贡献者,自5年前我宣布碳达峰碳中和目标以来,中国构建了全球最大、发展最快的可再生能源体系,建成了全球最大、最完整的新能源产业链,贡献了全球四分之一的新增绿色面积。无论国际形势如何变化,中国积极应对气候变化的行动不会放缓,促进国际合作的努力不会减弱,推动构建人类命运共同体的实践不会停歇。中国愿同各方一道,切实履行共同但有区别的责任,各尽所能,团结协作,推动共建清洁、美丽、可持续的世界。(完)
1. 4月23日,国家主席习近平向气候和公正转型领导人视频峰会发表致辞。 新华社记者 黄敬文 摄