Connect with us

China

အာကာသကဏ္ဍ အင်အားကြီးနိုင်ငံ တည်ဆောက်ရေး ရှီကျင့်ဖိန် ခိုင်မာသောတွန်းအားများ ဖြည့်တင်းပေး

လူတင်အာကာသယာဉ် ရှန်ကျိုး-၂၀(Shenzhou-20)အား တင်ဆောင်သည့် Long March 2F Yao 20 သယ်ဆောင်ရေးဒုံးပျံကို ဧပြီလ ၂၄ ရက်က ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ လွှတ်တင်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပါတီညီလာခံကျင်းပချိန်မှစ၍ ရဲဘော် ရှီကျင့်ဖိန်အား ဗဟိုပြုသော ပါတီ ဗဟိုကော်မတီ၏ ခိုင်မာအားကောင်းသော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံ၏ အာကာသကဏ္ဍလုပ်ငန်းများသည် “Chang’e” လမင်းကို ဆွတ်ခူးခြင်း၊ “BeiDou” လမ်းညွှန်ခြင်း၊ “Tianwen” အင်္ဂါဂြိုဟ် စူးစမ်းလေ့လာခြင်း၊ “Xihe” နေမင်းအား စူးစမ်းလေ့လာခြင်း၊ “Tianhe” ကြယ်တာရာများကြား ခရီးသွားခြင်း၊ “Wukong” ၊ “Huiyan” စကြဝဠာ လျှို့ဝှက်ဆန်းကြယ်မှုအား စူးစမ်းခြင်း စသည်ဖြင့်ထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့သည်။

ဒဿမအကြိမ်မြောက် “တရုတ်အာကာသနေ့” ရောက်ရှိလာသည့် အချိန်အခါသမယတွင် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ အာကာသကဏ္ဍ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီး အဆိုအမိန့်များအား လေ့လာသင်ယူကာ ကောင်းကင်အိပ်မက်ကမ္ဘာအား ဖော်ဆောင်ရန် မဆုတ်မနစ်ကြိုးပမ်းနိုင်စွမ်းကို စုစည်းကြရအောင်။

– ကျယ်ပြောလှသော စကြဝဠာကို စူးစမ်းလေ့လာခြင်း၊ အာကာသကဏ္ဍ အင်အားကြီးနိုင်ငံတည်ဆောက်ခြင်း သည် မိမိတို့၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ်ကြသည့် အာကာသ အိပ်မက် ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သစ် တည်ထောင်သည့် ၇၅ နှစ်ကြာကာလတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်၌ တရုတ်နိုင်ငံ၏ ခေတ်အဆက်ဆက် အာကာသကဏ္ဍ လူပုဂ္ဂိုလ်များသည် ကိုယ့်အားကိုယ်ကိုး၍ ရှင်သန်ရပ်တည်ခြင်း၊ အမှီအခိုကင်းစွာ ဆန်းသစ်တီထွင်ခြင်းဖြင့် အာကာသလုပ်ငန်းများကို မရှိရာမှ ရှိရာသို့လည်းကောင်း၊ အားနည်းရာမှ အင်အားတောင်တင့်ရာသို့လည်းကောင်း၊ “အနာဂတ် အိပ်မက်ရေးဆွဲ” ရာမှ “အိပ်မက်များကို အကောင်အထည်ဖော်ဆောင်” ရာသို့ လည်းကောင်း တွန်းအားပေးဆောင်ရွက်ကြရာ သမိုင်းဝင်၊ အရည်အသွေးမြင့်၊ ခုန်ပျံကျော်လွှား ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပြီး အာကာသကဏ္ဍ အင်အားကြီးနိုင်ငံ တည်ဆောက်ရေး ခိုင်မာသော ခြေလှမ်းကို လျှောက်လှမ်းခဲ့သည်။
ယင်းမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလက လကမ္ဘာစူးစမ်းလေ့လာရေးစီမံကိန်း Chang’e-6 မစ်ရှင် သုတေသနပြုပါဝင်စမ်းသပ်သူ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံစဉ် ရှီကျင့်ဖိန် ပြောကြားခဲ့သော အရေးကြီး မိန့်ခွန်း ဖြစ်သည်။

– ယခုနှစ်များတွင် မကာအိုသည် ပြည်မကြီးနှင့်အတူ အာကာသ စသည့်ကဏ္ဍ၏ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ လုပ်ဆောင်လျက်ရှိရာ ဝမ်းမြောက်ဖွယ်ရာ အောင်မြင်မှု ရလဒ်များ ရရှိခဲ့သည်။ ကမ္ဘာ့ သိပ္ပံနည်းပညာ အင်အားကြီးနိုင်ငံ တည်ဆောက်ခြင်း၊ တရုတ်ပုံစံခေတ်မီအသွင်ပြောင်းရေးကို တွန်းအားပေးခြင်းသည် မကာအိုအဆင့်မြင့်ပညာစာသင်ကျောင်း၊ မကာအို သိပ္ပံနှင့် နည်းပညာလုပ်ငန်း လုပ်ဆောင်သူများအတွက် ပို၍ ကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုအလားအလာများ ပံ့ပိုးပေးသည်။ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် နိုင်ငံကို ချစ်မြတ်နိုးပြီး မကာအိုအား ချစ်မြတ်နိုးသော ကောင်းမွန်သည့်အစဉ်အလာကို ဆက်ခံကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအခင်းအကျင်းကြီးတွင် တက်ကြွစွာ ပေါင်းစည်းဝင်ရောက်ရန်၊ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ရန်၊ မကာအို စီးပွားရေး အထိုက်အလျောက် ကဏ္ဍစုံတိုးတက်မှုကို အထောက်အကူပေးရန်၊ “တစ်နိုင်ငံ စနစ်နှစ်မျိုး” မကာအိုတွင် အောင်မြင်စွာဖော်ဆောင်နိုင်ရေးအတွက် ပံ့ပိုးမှုသစ်များဆောင်ရွက်နိုင်ရန် မျှော်လင့်သည်။
ယင်းမှာ ၂၀၂၃ ခုနှစ် မေလတွင် “Macao Science 1” ဂြိုဟ်တု သုတေသနပြုထုတ်လုပ်မှု၌ ပါဝင်သော မကာအိုသိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များအား ရှီကျင့်ဖိန် ပေးပို့သော အကြောင်းပြန်စာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

– မကြာမီနှစ်များအတွင်း တရုတ်နိုင်ငံသည် အာကာသ စူးစမ်းလေ့လာရေးလှုပ်ရှားမှုများကို တက်ကြွဆောင် ဆောင်ရွက်ခဲ့ပေသည်။ “Chang’e” လမင်းကို ဆွတ်ခူးခြင်း၊ “Tianwen” အင်္ဂါဂြိုဟ် စူးစမ်းလေ့လာခြင်း၊ “Xihe” နေမင်းအား စူးစမ်းလေ့လာခြင်း၊ အာကာသစခန်းမှ စကြဝဠာကောင်းကင် လှည့်လည်ခြင်းတို့ဖြင့် စကြာဝဋ္ဌာအပေါ် လူသားတို့၏ အသိအမြင် စဉ်ဆက်မပြတ် နက်ရှိုင်းစေရန်၊ လူသားမျိုးနွယ် ဘုံအကျိုးစီးပွား တိုးတက်စေရန် ကြိုးပမ်းအားထုတ်ခြင်း ဖြစ်သည်။ အာကာသ စူးစမ်းလေ့လာမှုသည် အဆုံးမရှိပေ။ တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့်အတူ ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြီး စကြဝဠာ၏ လျှို့ဝှက်ဆန်းကြယ်မှုကို အတူတကွ စူးစမ်းရှာဖွေသွားရန် ဆန္ဒရှိသလို အပြင်ဘက်အာကာသအား ငြိမ်းချမ်းစွာအသုံးချကာ အာကာသနည်းပညာဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး ပြည်သူများအား ပို၍ကောင်းမွန်စွာ အကျိုးပြုနိုင်ရန်အတွက် အာကာသနည်းပညာကို မြှင့်တင်သွားရန် ဆန္ဒရှိပါသည်။
ယင်းမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကုလသမဂ္ဂ/တရုတ် အာကာသစူးစမ်းလေ့လာမှုနှင့် ဆန်းသစ်ဖန်တီးမှုဆိုင်ရာ ကမ္ဘာ့မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲသို့ ပေးပို့သော ရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာ ဖြစ်သည်။

– အာကာသစခန်း တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံ အာကာသ လုပ်ငန်း၏ အရေးကြီးသည့် သမိုင်းမှတ်တိုင်ဖြစ်ရာ လူသားမျိုးနွယ်တို့၏ အာကာသကို ငြိမ်းချမ်းစွာ အသုံးချရေးအတွက် ရှေ့ဆောင်ပံ့ပိုးသည့်အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်သည်။
ယင်းမှာ ၂၀၂၁ ခုနှစ် ဇွန်လတွင် ရှီကျင့်ဖိန်နှင့် ရှန်ကျိုး-၁၂ အာကာသယာဉ်မှူးများ ရင်းနှီးစွာ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
– “Tianwen-1” စူးစမ်းလေ့လာရေးယာဉ် အင်္ဂါဂြိုဟ်သို့ ဆင်းသက်ခြင်းသည် တရုတ်နိုင်ငံ၏ ဂြိုဟ်များအကြား စူးစမ်းလေ့လာရေးခရီးစဉ်၏ အရေးကြီးခြေလှမ်းကို လျှောက်လှမ်းလိုက်ခြင်းဖြစ်ရာ ကမ္ဘာ-လ ဂြိုဟ်အုပ်စုမှ လှုပ်ရှားနေသောဂြိုဟ်များအထိ ကျော်လွှားခြင်းကို ဖော်ဆောင်နိုင်ခဲ့ပြီး အင်္ဂါဂြိုဟ်ပေါ်တွင် ပထမဆုံးအကြိမ် တရုတ်လူမျိုးတို့၏ခြေရာထားရှိခြင်း ဖြစ်သည်။ ယင်းမှာ တရုတ်နိုင်ငံ အာကာသလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၏ နောက်ထပ် သမိုင်းမှတ်တိုင်အနှစ်သာရရှိသည့် တိုးတက်မှုဖြစ်သည်။ သင်တို့၏ ရဲရင့်စွာ စိန်ခေါ်မှု၊ သာလွန်ကောင်းမွန်အောင် ကြိုးပမ်းမှု၊ တရုတ်နိုင်ငံကို ဂြိုဟ်လေ့လာရေးကဏ္ဍတွင် ကမ္ဘာ့ရှေ့တန်းစာရင်းဝင်အောင် ဆောင်ရွက်မှုများကို အမိနိုင်ငံနှင့် ပြည်သူများက သင်တို့၏ ထူးချွန်ပြောင်မြောက်သော ဂုဏ်ထူးဆောင်မှုများအား ထာဝရ မှတ်သားထားမည် ဖြစ်သည်။
ယင်းသည် ၂၀၂၁ ခုနှစ် မေလတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင်ကိုယ်စား ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ ပထမဆုံးအကြိမ် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် “Tianwen-1” အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်ပြီးနောက် ဂုဏ်ပြုလွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

ခေတ်သစ် အာကာသလုပ်ငန်း လုပ်ဆောင်သူများသည် ခေတ်ဟောင်း အာကာသကဏ္ဍ လူပုဂ္ဂိုလ်များကို စံနမူနာထားရမည် ဖြစ်ပြီး “Two Bombs, One Satellite” စိတ်ဓာတ်ကို ထွန်းကားအောင် ဆောင်ရွက်ရမည်၊ အခက်အခဲအန္တရာယ်အတားအဆီးများကို အောင်နိုင်သည်အထိ တိုက်ဖျက်ရဲရမည်၊ အာကာသ သိပ္ပံနည်းပညာ၏ အထွတ်အထိပ်ကို တက်လှမ်းဝံ့ခြင်းရှိရမည် ဖြစ်ပြီး တရုတ်လူမျိုးများ အာကာသ စူးစမ်းလေ့လာရေး ခြေလှမ်းကို တည်ငြိမ်စွာ ရေရှည်လျှောက်လှမ်းနိုင်စေကာ အာကာသကဏ္ဍ အင်အားကြီးနိုင်ငံ တည်ဆောက်ရေး ကြီးမြတ်သည့် အိပ်မက်ကို ဆောလျင်စွာ ဖော်ဆောင်ရမည်ဖြစ်သည်။ ယင်းမှာ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ရှီကျင့်ဖိန်က “Dong Fang Hong 1”မစ်ရှင်တွင် ပါဝင်ဆောင်ရွက်ခဲ့သော သိပ္ပံပညာရှင်ကြီးများအား ပေးပို့သော ပြန်စာ၌ ဖော်ပြထားခြင်း ဖြစ်သည်။

– အိပ်မက်သည် ရှင်သန်တက်ကြွမှု၏ ရေသောက်မြစ် ဖြစ်သည်။ တရုတ်လူမျိုးများသည် အိပ်မက်ကို ဖော်ဆောင်ရဲသော လူမျိုးဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက လကမ္ဘာစူးစမ်းလေ့လာရေး စီမံကိန်းဖော်ဆောင်ရန် ဆုံးဖြတ်ခြင်းသည် တရုတ်လူမျိုးများ၏ ဝေဟင်သို့ ပျံတက်၍ လမင်းကို ဆွတ်ခူးမည့် အိပ်မက်ကို ဖော်ဆောင်ခြင်း ဖြစ်သည်။ လကမ္ဘာ စူးစမ်းလေ့လာရေး၏ ရဲရင့်သည့်ရည်မှန်းချက်တိုင်း၊ အောင်မြင်စွာ ဖော်ဆောင်နိုင်မှု အကြိမ်တိုင်းသည် လူသားမျိုးနွယ်တို့၏ ဂြိုဟ်များအပေါ် အသိအမြင်နှင့် အသုံးချနိုင်စွမ်းကို အပြည့်အဝ ပြသခြင်း ဖြစ်သည်။
ယင်းမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရှီကျင့်ဖိန်က လကမ္ဘာ စူးစမ်းလေ့လာရေးစီမံကိန်း Chang’e-4 မစ်ရှင်တွင် ပါဝင်သုတေသနပြုစမ်းသပ်သူ ကိုယ်စားလှယ်များအား တွေ့ဆုံစဉ် ပြောကြားခဲ့သော အရေးကြီး မိန့်ခွန်းဖြစ်သည်။

– တရုတ်နိုင်ငံသည် အာကာသ စူးစမ်းလေ့လာမှုနှင့် အာကာသ သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးမှုအား အစဉ်အမြဲ အထူးအလေးထားရာ နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်သွားလိုပါသည်။ အာကာသကို ငြိမ်းချမ်းစွာ စူးစမ်းရှာဖွေဖော်ထုတ်ခြင်းနှင့် အသုံးချခြင်းဖြင့် အာကာသ စူးစမ်းလေ့လာမှုနှင့် အာကာသ သိပ္ပံနည်းပညာ ရလဒ်များကို လူသားမျိုးနွယ်တို့၏ ပိုမို သာယာလှပသော အနာဂတ် ဖန်တီးရေးအတွက် အကျိုးဆောင်သွားမည် ဖြစ်သည်။
ယင်းမှာ ၂၀၁၇ ခုနှစ် ဇွန်လတွင် ရှီကျင့်ဖိန်က ၂၀၁၇ ခုနှစ် “ကမ္ဘာလုံးဆိုင်ရာ အာကာသ စူးစမ်းလေ့လာရေး ညီလာခံ” သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ၌ ဖော်ပြထားခြင်း ဖြစ်သည်။

– ကျယ်ပြောလှသည့် စကြဝဠာကို စူးစမ်းလေ့လာရေး၊ အာကာသ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ အာကာသ အင်အားကြီးနိုင်ငံ တည်ဆောက်ရေးသည် မိမိတို့ မဆုတ်မနစ်ကြိုးပမ်းရသည့် အာကာသ အိပ်မက် ဖြစ်သည်။ ခေတ်အဆက်ဆက် အာကာသကဏ္ဍ လူပုဂ္ဂိုလ်များ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုဖြင့် တရုတ်နိုင်ငံ၏ အာကာသလုပ်ငန်းသည် “Two Bombs, One Satellite”၊ လူတင်အာကာသယာဉ်၊ လကမ္ဘာစူးစမ်းလေ့လာရေး ဟူသော ကိုယ်စားပြုနိုင်သည့် တောက်ပသော အောင်မြင်မှုများ ဖန်တီးကာ ကိုယ့်အားကိုယ်ကိုး ရှင်သန်ရပ်တည်မှု၊ အမှီအခိုကင်းစွာ ဆန်းသစ်ဖန်တီးမှု ဖွံ့ဖြိုးရေးလမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့သလို နက်ရှိုင်းကျယ်ပြောလှသည့် အာကာသစိတ်ဓာတ်ကို အခြေချခဲ့သည်။
ယင်းမှာ ၂၀၁၆ ခုနှစ် ဧပြီလတွင် ရှီကျင့်ဖိန်က ပထမအကြိမ် “တရုတ်အာကာသနေ့ ” အချိန်အခါသမယတွင် အရေးကြီး လမ်းညွှန်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

– လကမ္ဘာစူးစမ်းလေ့လာရေးစီမံကိန်း မစ်ရှင်များ ဆက်တိုက် အောင်မြင်ပြီး ကမ္ဘာ၏ လကမ္ဘာ စူးစမ်းလေ့လာရေး တရုတ်မှတ်တမ်းကို ဖန်တီးခဲ့ပါသည်။ ဤအောင်မြင်မှု၌ ပေါင်းစည်းထားသည်မှာ ခေတ်အဆက်ဆက် အာကာသကဏ္ဍလူပုဂ္ဂိုလ်များ၏ ဉာဏ်ပညာနှင့် အသက်သွေးချွေးများ၊ အားထားရာမှာ တရုတ်နိုင်ငံ၏ ဘက်စုံလက်တွေ့အင်အား၊ စုစည်းထားသည်မှာ တရုတ်ပြည်သူများ၏ အလုံးစုံအင်အားဖြစ်ပြီး ထင်ဟပ်ပြသသည့် အဓိကအနက်အဓိပ္ပါယ်မှာ တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားမည့် တရုတ်တစ်ပြည်လုံး တိုင်းရင်းသားပြည်သူများ၏ သန္နိဋ္ဌာန်နှင့် မိမိကိုယ်ကို ယုံကြည်မှုကို တစ်ဆင့်တိုး အားဖြည့်လိုက်ခြင်း ဖြစ်သည်။
ယင်းမှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ရှီကျင့်ဖိန်က Chang’e 3 မစ်ရှင်၌ ပါဝင်သုတေသနပြုစမ်းသပ်သူ ကိုယ်စားလှယ်များအား တွေ့ဆုံစဉ် ပြောကြားသည့် အရေးကြီး မိန့်ခွန်းဖြစ်သည်။

– အာကာသလုပ်ငန်း တိုးတက်ရေး၊ အာကာသကဏ္ဍ အင်အားကြီးနိုင်ငံ တည်ဆောက်ရေးသည် မိမိတို့၏ မဆုတ်မနစ် အားထုတ်သည့် အာကာသ အိပ်မက် ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက လူတင်အာကာသယာဉ်စီမံကိန်း အရေးကြီး မဟာဗျူဟာ ဆုံးဖြတ်ချက် ချပြီးနောက်ပိုင်း အာကာသကဏ္ဍရှေ့တန်းရှိ ရဲဘော်များက အာကာသဖြင့် နိုင်ငံကျေးဇူးဆပ်မည့် ရည်မှန်းချက်နှင့် ကြိုးပမ်းမှုကို လက်ကိုင်ထားပြီး ခက်ခက်ခဲခဲ ကြိုးပမ်းမှု၊ မိမိကိုယ်ကို မဆုတ်မနစ် ကြိုးစားအားထုတ်မှု၊ တိုးတက်အောင် ထိုးဖောက်ဆောင်ရွက်မှုတို့ဖြင့် ကမ္ဘာသိ ကြီးမြတ်သော အောင်မြင်မှုများ ရရှိခဲ့သည်။
ယင်းမှာ ၂၀၁၃ ခုနှစ် ဇွန်လတွင် ရှီကျင့်ဖိန်က “Tiangong-1”နှင့် “Shenzhou-10” လူတင်အာကာသယာဉ် မစ်ရှင်တွင် ပါဝင်သုတေသနပြုစမ်းသပ်သူ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့သည့် အရေးကြီးမိန့်ခွန်းဖြစ်သည်။ (Xinhua)

လူတင်အာကာသယာဉ် ရှန်ကျိုး-၂၀Shenzhou-20)မစ်ရှင် အာကာသယာဉ်မှူးအဖွဲ့ ခရီးစဉ်ထွက်ခွာခြင်းအခမ်းအနားကို ဧပြီ ၂၄ ရက်က ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ ဝန့်ထျန်းကယ် ယွမ်မုန်ယွမ်ရင်ပြင်၌ ကျင်းပရာ အာကာသယာဉ်မှူး ချန်တုန်း (ယာ)၊ ချန်ကျုံးရွှေ့ (အလယ်)၊ ဝမ်ကျယ် တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း အာကာသယာဉ် ပျံသန်းမှု ထိန်းချုပ်ရေး စင်တာ (BACC) ၌ ရိုက်ကူးထားသော လူတင်အာကာသယာဉ် ရှန်ကျိုး-၂၀(Shenzhou-20)နှင့် အာကာသစခန်း ပင်မခန်း ထျန်းဟယ် အောင်မြင်စွာ ချိတ်ဆက်သည့် နမူနာမြင်ကွင်းအား ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————
(Chinese Version)
习近平总书记为航天强国建设注入强劲动力
党的十八大以来,在以习近平同志为核心的党中央坚强领导下,我国航天事业取得显著成就:“嫦娥”揽月、北斗”指路、“天问”探火、“羲和”逐日、“天和”遨游星辰、“悟和”“慧眼”探索宇宙奥秘….
在第十个“中国航天日”到来之际,让我们一起学习习近平总书记关于航天事业发展的重要论述,凝聚逐梦苍穹的不竭动力。

探索浩宇宙,建设航天强国,是我们不懈追求的航天梦。新中国成立75年来,在中国共产党领导下,我国一代代航天人坚持自力更生、自主创新,推动航天事业从无到有、从弱到强、从“蓝图绘梦”到“奋斗圆梦”,实现历史性、高质量、跨越式发展,航天强国建设迈出坚实步伐。
-2024年9月,在接见探月工程嫦娥六号任务参研参试人员代表时发表的重要讲话

近年来,澳门深化与内地在航天等领域的科技合作,取得了可喜成果。建设世界科技强国,推进中国式现代化,为澳门高校、澳门科技工作者提供了更为广阔的发展空间。希望你们继续传承爱国爱澳的优良传统,积极融入国家发展大局,积极参与粤港澳大湾区建设,助力澳门经济适度多元发展,为“一国两制”在澳门的成功实践作出新的贡献。
–2023年5月,给参与“澳门科学一号”卫星研制的澳门科技大学师生代表的回信

近年来,中国积极开展空间探索活动,“嫦娥”揽月、“天问”探火、“羲和”逐日、空间站巡天,不断深化人类对宇宙的认知,致力增进人类共同福祉。太空探索永无止境。中国愿同各国一道,加强交流合作,共同探索宇宙奥秘,和平利用外空,推动航天技术更好造福世界各国人民。
-2022年11月,向联合国/中国空间探索与创新全球伙伴关系研讨会致贺信

建造空间站,是中国航天事业的重要里程碑,将为人类和平利用太空作出开拓性贡献。
–2021年6月,同神舟十二号航天员亲切通话

天问一号探测器着陆火星,迈出了我国星际探测征程的重要一步,实现了从地月系到行星际的跨越,在火星上首次留下中国人的印迹,这是我国航天事业发展的又一具有里程碑意义的进展。你们勇于挑战、追求卓越、使我国在行星探测领域进入世界先进行列,祖国和人民将永远铭记你们的卓越功勋!
-2021年5月,代表党中央、国务院和中央军委祝贺我国首次火星探测任务天问一号探测器成功着陆火星的贺电

新时代的航天工作者要以老一代航天人为榜样,大力弘扬“两弹一星”精神,敢于战胜一切艰难险阻,勇于攀登航天科技高峰,让中国人探索太空的脚步迈得更稳更远,早日实现建设航天强国的伟大梦想。
-2020年4月,给参与“东方红一号”任务的老科学家的回信

梦想是激发活力的源泉。中华民族是勇于追梦的民族。党中央决策实施探月工程,圆的就是中华民族自强不息的飞天揽月之梦。月球探测的每一个大胆设想、每一次成功实施,都是人类认识和利用星球能力的充分展示。
-2019年2月,在会见探月工程娥四号任务参研参试人员代表时发表的重要讲话

中国历来高度重视航天探索和航天科技创新,愿加强同国际社会的合作。和平探索开发和利用太空,让航天探索和航天科技成果为创造人类更加美好的未来贡献力量。
-2017年6月,向2017年“全球航天探索大会”致贺信

探索浩瀚宇宙,发展航天事业,建设航天强国,是我们不懈追求的航天梦。经过几代航天人的接续奋斗,我国航天事业创造了以“两弹一星”、载人航天、月球探测为代表的辉煌成就,走出了一条自力更生、自主创新的发展道路,积淀了深厚博大的航天精神。
-2016年4月,在首个“中国航天日”到来之际作出重要指示

探月工程任务连续成功,创造了世界月球探测史的中国纪录。这一成就,凝结的是几代航天人的智慧和心血,依靠的是我们国家的综合实力,汇聚的是中国人民的整体力量,体现出的最重要意义就是进一步增强了全国各族人民坚持和发展中国特色社会主义的决心和自信。
-2014年1月,在会见嫦娥三号任务参研参试人员代表时发表的重要讲话

发展航天事业,建设航天强国,是我们不懈追求的航天梦。党中央作出实施载人航天工程重大战略决策以来,航天战线的同志们秉持航天报国的理想和追求,艰苦奋斗,自强不息,开拓进取,取得了举世瞩目的伟大成就。
–2013年6月,在接见天宫一号与神舟十号载人飞行任务参研参试单位代表时发表的重要讲话

图说:
1. 4月24日,搭载神舟二十号载人飞船的长征二号F遥二十运载火箭在酒泉卫星发射中心发射升空。 新华社记者 李鑫 摄
2. 4月24日,神舟二十号载人飞行任务航天员乘组出征仪式在酒泉卫星发射中心问天阁圆梦园广场举行。这是航天员陈冬(右)、陈中瑞(中)、王杰在出征仪式上。 新华社记者 连振 摄
3. 4月24日在北京航天飞行控制中心拍摄的神舟二十号载人飞船成功对接空间站天和核心舱的模拟画面。新华社记者 金立旺 摄