China
ချင်းမင်ပွဲတော် ပိတ်ရက်ကာလအတွင်း တစ်နေ့လျှင်ပျမ်းမျှ ပြည်ဝင်ပြည်ထွက်သူ အကြိမ်ရေမှာ ယမန်နှစ်ကာလတူထက် ၁၉.၇ ရာခိုင်နှုန်း တိုးတက်လာ

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ချင်းမင်ပွဲတော် ပိတ်ရက်ကာလအတွင်း တရုတ်နိုင်ငံ တစ်နိုင်ငံလုံးရှိ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်များ၌ တရုတ်နိုင်ငံသားနှင့် နိုင်ငံခြားသားများ ပြည်ဝင်ပြည်ထွက်မှု အကြိမ်ရေ ၆.၂၁၂ သန်း ကို အာမခံပေးခဲ့ပြီး ပျမ်းမျှ တစ်နေ့လျှင် အကြိမ်ရေ ၂.၀၇၁ သန်းရှိကာ ယမန်နှစ်ကာလတူထက် ၁၉.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနက ဧပြီ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၎င်းအနက် ပြည်မကြီးတွင်နေထိုင်သူများ၏ ပြည်ဝင်ပြည်ထွက်မှု အကြိမ်ရေသည် ၂.၇၆ သန်းရှိကာ ယမန်နှစ် ကာလတူထက် ၁၄.၀ ရာခိုင်နှုန်း များပြားလာကြောင်း၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသတွင် နေထိုင်သူ ပြည်ဝင်ပြည်ထွက်မှု အကြိမ်ရေသည် ၂.၇၅၅ သန်းရှိပြီး ယမန်နှစ်ကာလတူထက် ၂၁.၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ နိုင်ငံခြားသားများ ပြည်ဝင်ပြည်ထွက်မှု အကြိမ်ရေသည် ၆၉၇,၀၀၀ ရှိပြီး ယမန်နှစ် ကာလတူထက် ၃၉.၅ ရာခိုင်နှုန်းရှိကြောင်း၊ ပြည်ဝင်ပြည်ထွက်သည့် ပို့ဆောင်ဆက်သွယ်ရေးယာဉ် စုစုပေါင်း သွားလာမှုအကြိမ်ရေ ၂၇၁,၀၀၀ စီး (စင်း၊ တွဲ) ရှိကာ ယမန်နှစ်ကာလတူထက် ၁၅.၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။
ချင်းမင်ပွဲတော် ပိတ်ရက်ကာလအတွင်း တရုတ်နိုင်ငံ တစ်နိုင်ငံလုံး ပြည်ဝင်ပြည်ထွက်ဂိတ်များတွင် ပြည်ဝင်ပြည်ထွက်မှု ဘေးကင်းလုံခြုံအဆင်ပြေကာ စနစ်တကျရှိခဲ့သည်။ တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာန၏ တစ်ပြေးညီ စီမံဖြန့်ကြက်မှုများအရ တစ်နိုင်ငံလုံး ပြည်ဝင်ပြည်ထွက် စစ်ဆေးရေး အဖွဲ့အစည်းများ၏ လုံခြုံရေးဝန်ထမ်းအားလုံး ပါဝင်ကာ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သည်။ သိပ္ပံနည်းကျ ကြိုတင်ခန့်မှန်း၍ ပြည်ဝင်ပြည်ထွက်ဂိတ်၏ ပြည်ဝင်ပြည်ထွက်သူ ဧည့်သည်အခြေအနေအား အချိန်မီထုတ်ပြန်ကာ ပြည်ဝင်ပြည်ထွက်သူများ ခရီးစဉ်ကို သင့်လျော်အောင် စီစဉ်ရန် သတိပေးခဲ့သည်။
ပံ့ပိုးကူညီရေးလုပ်ငန်းများအတွက် သိပ္ပံနည်းကျစီမံပြီး လုံလောက်သော ရဲအင်အား တွဲဖက်ပေးကာ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသတွင် နေထိုင်သူများ၊ ပင်လယ်ရပ်ခြားမှ တရုတ်နွယ်ဖွားများ ဇာတိပြန်၍ ဘိုးဘေးများအား ဂါရဝပြုကန်တော့သူ လူဦးရေများမှု၊ သက်ကြီးရွယ်အိုများမှုအတွက် သီးသန့်စစ်ဆေးရေးလမ်းကြောင်း ထားရှိပေးခြင်းဖြင့် အထူးဂရုပြုကူညီပေးရန်လိုအပ်သော ခရီးသွားများအား ကူညီပေးခဲ့သည်။ ဌာနဆိုင်ရာများ နီးစပ်စွာ ပူးတွဲညှိနှိုင်းလုပ်ဆောင်ခြင်းဖြင့် ခရီးသွားများဝင်ရောက်မှု များပြားသည့် အချိန်ကာလ၌ အချိန်မီရှင်းလင်းပေးကာ ပြည်ဝင်ပြည်ထွက်ဂိတ်၌ ဂိတ်အဝင်အထွက် ထိရောက်အဆင်ပြေအောင် အာမခံပေးခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် အန်းစွန့်မြို့ ဖိန်ပါ့ခရိုင် ပိုင်ယွင်မြို့နယ် ဖိန်ယွမ်ရွာတွင် ခရီးသွားများက အပန်းဖြေမီးရထားလိုက်ပါစီးနင်းကာ မုန်ညင်းပန်းပင်လယ်ကြားတွင် ပန်းများရှုစားရင်း လည်ပတ်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းဘူတာ၌ ခရီးသွားများ စနစ်တကျ သွားလာနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
清明节假期日均出入境人次同比增19.7%
新华社北京4月7日电(记者任沁沁)中国国家移民管理局7日通报,今年清明节假期全国边检机关共保障621.2万人次中外人员出入境,日均207.1万人次,较去年同期增长19.7%。其中,内地居民出入境276万人次,较去年同期增长14.0%;港澳台居民出入境275.5万人次,较去年同期增长21.5%;外国人出入境69.7万人次,较去年同期增长39.5%。共计查验出入境交通运输工具27.1万架(艘、列、辆)次,较去年同期增长15.7%。
清明节假期,全国口岸出入境安全便捷、井然有序。按照国家移民管理局统一部署,全国边检机关全警动员、积极作为,科学预测、及时发布本口岸出入境客流情况,提示广大出入境人员合理安排行程;科学组织勤务,配足执勤警力,针对港澳台居民、海外华人华侨返乡祭祖人数多、老年人多等实际,设置专门查验通道,帮助需要特殊照顾旅客;密切部门协作联动,及时疏导客流高峰,确保口岸通关高效顺畅。(完)
图说1:4月6日,游客在山东省滕州市上善公园休闲。新华社发(李志军摄)
图说2:4月6日,在贵州省安顺市平坝区白云镇平元村,游客乘坐观光小火车在油菜花海中赏花游览。新华社发(袁福洪摄)
图说3:4月3日,旅客在黑龙江省哈尔滨站有序出行。新华社发(原勇 摄)