Asia
ကမ္ဘောဒီးယားနှင့် ထိုင်းတို့ ထိန်းထိန်းသိမ်းသိမ်းဖြင့် နယ်စပ်ပဋိပက္ခဖြစ်ပွားမှုအား ရှောင်ကြဉ်ရန် သဘောတူ

ဖနွမ်းပင်၊ မေ ၃၀ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံက အငြင်းပွားမှုရှိသော နယ်စပ်ဒေသ၌ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုအား ရှောင်ကြဉ်ရန်အတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် သဘောတူညီချက်များ ရရှိခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ကြည်းတပ်က မေ ၂၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါသဘောတူညီချက်ကို ကမ္ဘောဒီးယား ကြည်းတပ် ကာကွယ်ရေးဦးစီးချုပ် Phana Klaewplodthuk နှင့် ထိုင်းနိုင်ငံ ကြည်းတပ် ကာကွယ်ရေးဦးစီးချုပ် Mao Sophan တို့က ကမ္ဘောဒီးယားနိုင်ငံ Oddar Meanche ပြည်နယ်နှင့် ထိုင်းနိုင်ငံ Surin ပြည်နယ် နယ်စပ်စစ်ဆေးရေးဂိတ်၌ တွေ့ဆုံဆွေးနွေးမှုအတွင်း ရရှိခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
နှစ်ဖက်အနေဖြင့် ဆက်လက်ပြီး ရှိရင်းစွဲယန္တရားများ ဥပမာအားဖြင့် ပူးတွဲနယ်စပ်ရေးရာကော်မတီ၊ ကမ္ဘောဒီးယား-ထိုင်း အထွေထွေ နယ်နိမိတ်ကော်မတီနှင့် နှစ်နိုင်ငံက ၂၀၀၀ ပြည့်နှစ်တွင် ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာတို့မှတစ်ဆင့် ပြဿနာအား ဖြေရှင်းသွားမည်ဖြစ်ကြောင်း ကြေညာချက်က ဆိုထားသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စစ်တပ်များသည် မေ ၂၈ ရက်တွင် နယ်စပ် အငြင်းပွားမှုရှိသောဒေသ၌ ယာယီ ပဋိပက္ခဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှု ၁၀ မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့ရာ အဆိုပါပဋိပက္ခအတွင်း ကမ္ဘောဒီးယား စစ်သည်တစ်ဦး သေဆုံးခဲ့သည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်တို့က မေ ၂၉ ရက်တွင် ပဋိပက္ခအဆင့်မြင့်တက်လာမှုအား မမျှော်လင့်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုဖြင့် နယ်စပ်ဒေသ တင်းမာမှုအခြေအနေအား ပြေလျော့သွားစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က ၂၀၂၅ ခုနှစ် မေ ၂၂ ရက်တွင် သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်၌ အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
柬泰同意保持克制 避免边境发生冲突
新华社金边5月29日电(记者吴长伟)柬埔寨陆军29日发表声明说,柬泰两国达成协议,同意保持克制,避免在有争议的边境地区发生武装冲突。
声明说,协议是柬埔寨陆军司令毛索潘和泰国陆军司令帕纳在柬埔寨奥多棉吉省与泰国素林府的边境检查站举行的会谈中达成的。
声明说,双方将继续通过所有现有机制解决问题,例如联合边界委员会、柬泰总边界委员会以及两国2000年签订的谅解备忘录。
柬埔寨和泰国军队28日在边境争议地区发生短暂冲突,交火持续约10分钟,1名柬埔寨士兵在冲突中死亡。泰国总理佩通坦和柬埔寨首相洪玛奈29日均表示,不希望冲突升级,将通过对话缓和边境紧张局势。(完)
图说1:2024年9月7日,泰国总理佩通坦·钦那瓦(前中)及新一届内阁成员在位于首都曼谷的总理府与媒体见面。新华社发(拉亨摄)
图说2:5月22日,柬埔寨首相洪玛奈在西哈努克港经济特区发表讲话。新华社发(尼多拉摄)