Connect with us

Asia

အိန္ဒိယလေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရသူ ၃၅ ဦး၊ ပျောက်ဆုံးသူ ၂ ဦး ရှိကြောင်း ပါကစ္စတန်စစ်တပ် ပြောကြား

ပါကစ္စတန်ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ Muzaffarabad တွင် အိန္ဒိယ ဒုံးကျည်ကြောင့် ပျက်စီးသွားသော အဆောက်အဦအား ၂၀၂၅ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယစစ်တပ်က မေ ၇ ရက် နံနက်ပိုင်းတွင် ပါကစ္စတန်အား လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အနည်းဆုံး သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရသူ ၃၅ ဦး၊ အခြား ပျောက်ဆုံးသူ ၂ ဦး ရှိပြီ ဖြစ်ကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် Ahmed Sharif Chaudhry က ယင်းနေ့ ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောကြားခဲ့သည်။

ပါကစ္စတန်လေတပ်က အိန္ဒိယစစ်တပ်၏ “Dassault Rafale” တိုက်လေယာဉ် နှစ်စင်းနှင့် “Sukhoi” စီးရီး တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီး ဖြစ်ကြောင်းနှင့် ပါကစ္စတန်အပေါ် အိန္ဒိယ၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်ရန် အိန္ဒိယနယ်နိမိတ်အတွင်းရှိ စစ်ရေးကွပ်ကဲမှုဌာနတစ်ခုကို ဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း၊ ယင်းလှုပ်ရှားမှုတွင် ပါဝင်သည့် ပါကစ္စတန်လေတပ်တိုက်လေယာဉ်များ အားလုံး လုံခြုံဘေးကင်းစွာ ပြန်လည်ရောက်ရှိပြီး ဖြစ်ကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေးဌာနက မေ ၇ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ ထို့အပေါ် အိန္ဒိယစစ်တပ်က ပြန်လည်ဖြေကြားခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

——————-
(Chinese Version)
巴基斯坦军方:印度空袭已致8死35伤2失踪
新华社伊斯兰堡5月7日电(记者蒋超)巴基斯坦三军新闻局局长乔杜里7日在电视直播讲话中说,印度军方当天凌晨对巴展开的空袭已造成至少8人死亡、35人受伤,另有2人失踪。
巴基斯坦三军新闻局7日凌晨还发表声明说,巴空军已击落印空军两架“阵风”战斗机和一架“苏霍伊”系列战斗机,并发射导弹摧毁了印方境内一处军事指挥部以反击印度对巴空袭,所有参与行动的巴空军战机均已安全返回。印度军方对此尚无回应。(完)
1. 这是5月7日在巴控克什米尔地区穆扎法拉巴德拍摄的印度导弹摧毁的建筑(手机照片)。新华社发

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.