Asia
အိန္ဒိယ၏ လေကြောင်းတိုက်ခိုက်မှုခံရပြီး အိန္ဒိယစစ်တပ် တိုက်လေယာဉ်အား တန်ပြန်ပစ်ချခဲ့သည်ဟု ပါကစ္စတန် ဆို

အစ္စလာမ်မာဘတ်၊ မေ ၇ ရက် (ဆင်ဟွာ)
အိန္ဒိယစစ်တပ်က မေ ၇ ရက် နံနက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသရှိ အနည်းဆုံး ၆ နေရာအပေါ် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း၊ ပါကစ္စတန်ဘက်က ချက်ချင်းပြန်လည်တုံ့ပြန်ခဲ့ပြီး အိန္ဒိယလေတပ်၏ တိုက်လေယာဉ် ၅ စင်းအား ပစ်ချခဲ့ကြောင်း ပါကစ္စတန်စစ်တပ် အရာရှိက ထိုနေ့တွင် ပြောကြားခဲ့သည်။
အိန္ဒိယလေတပ် တိုက်လေယာဉ်သည် အိန္ဒိယလေကြောင်းပိုင်နက်အတွင်းမှ ပါကစ္စတန်နိုင်ငံအတွင်းသို့ ဒုံးကျည်ပစ်လွှတ်ခဲ့ကြောင်း၊ ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ဘဟွာလာပူရာဒေသ၊ ဆိုင်ရယ်လ်ကော့တ်ဒေသ၊ ရှိတ်ဘူရာဒေသနှင့် ရှက်ဂါဂတ်ဒေသ၊ ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ မြို့တော်မူဇက်ဖာရာဘတ်၊ ကော့တ်လီဒေသ စသည့် ၆ နေရာ တိုက်ခိုက်ခံရပြီး ဗလီများစွာပျက်စီးခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၈ ဦး ထက်မနည်း သေဆုံးကာ ၃၅ ဦး ဒဏ်ရာရပြီး အခြား ၂ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဘဟွာလာပူရာဒေသနှင့် မူဇက်ဖာရာဘတ်မှ မျက်မြင်တွေ့ရှိသူများက ၎င်းတို့သည် နံနက်ပိုင်းတွင် ကြီးမားသော ပေါက်ကွဲသံကို ကြားလိုက်ရကြောင်း၊ ထို့နောက် မူဇက်ဖာရာဘတ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားကြောင်း ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။
ပါကစ္စတန်လေတပ်က အိန္ဒိယလေတပ်အပေါ် တန်ပြန်လှုပ်ရှားမှု လုပ်ဆောင်ရာတွင် အိန္ဒိယလေတပ်၏ တိုက်လေယာဉ် ၅ စင်းအား ပစ်ချပြီးဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အဆစ်ဖ်က မေ ၇ ရက် နံနက်ပိုင်းတွင် ဒေသတွင်းမီဒီယာများအား ပြောကြားခဲ့သည်။
ထို့နောက် ပါကစ္စတန် အရပ်ဘက်လေကြောင်းပို့ဆောင်ရေးနှင့် လုံခြုံရေးဌာနများက အရေးပေါ် ကြေညာချက်များ ထုတ်ပြန်ကာ ပါကစ္စတန် ဝေဟင်ပိုင်နက်အား ၄၈ နာရီ ယာယီပိတ်ထားကြောင်း ၊ မြို့တော် အစ္စလာမ်မာဘတ်၊ လာဟိုးလ်၊ ကရာချိ စသည့် အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်များအား အရေးပေါ်ပိတ်၍ အစ္စလာမ်မာဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း၊ ဆိုက်ရောက်မည့် အချို့လေကြောင်းခရီးစဉ်များလည်း လှည့်ပြန်သွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ပန်ဂျပ်ပြည်နယ်အစိုးရကလည်း မေ ၇ ရက်တွင် ပြည်နယ်တစ်ခုလုံး ပညာရေးအဖွဲ့အစည်းဌာနများအား ပိတ်ကြောင်း ကြေညာခဲ့သည်။
ပါကစ္စတန်အပေါ် အိန္ဒိယ၏ လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ “ပါကစ္စတန်ဟာ အိန္ဒိယဘက်က စတင်တဲ့ စစ်ပွဲလှုပ်ရှားမှုအပေါ် တုံ့ပြန်ဖို့ လုပ်ပိုင်ခွင့်အပြည့်အဝရှိပါတယ်” ဟု ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် ရှာဘက်ဇ်ရှရစ်ဖ်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အိန္ဒိယစစ်တပ်သည် မေ ၇ ရက်တွင် “ကြီးမားသော စစ်ရေးလှုပ်ရှားမှု” လုပ်ဆောင်ခဲ့ပြီး ပါကစ္စတန်ပြည်တွင်းရှိ “အကြမ်းဖက် အခြေခံအဆောက်အအုံ” ပစ်မှတ်နေရာ ၉ ခုအပေါ် ဦးတည်၍ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယစစ်တပ်၏ ပြောကြားချက်ကို ကိုးကား၍ “The Times of India” က သတင်းဖော်ပြခဲ့သည်။ ယခုအကြိမ် စစ်ရေးလှုပ်ရှားမှုသည် “ပစ်မှတ်ရှင်းလင်းတိကျပြီး သတိထားလုပ်ဆောင်ခြင်းဖြစ်ကာ အရှိန်မြှင့်တင်မှာမဟုတ်” ဟု အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
巴基斯坦称遭印度空袭 反击击落印军战机
新华社伊斯兰堡5月7日电(记者蒋超)巴基斯坦军方官员7日说,印度军方当天凌晨向巴本土及巴控克什米尔地区至少6处地点进行空袭,巴军随即展开反击并击落5架印空军战机。
巴基斯坦三军新闻局局长乔杜里7日发表电视讲话说,印度空军战机自印方空域向巴境内发射导弹,巴东部旁遮普省巴哈瓦尔布尔地区、锡亚尔科特地区、谢赫布拉地区和沙卡尔格尔地区,巴控克什米尔地区首府穆扎法拉巴德、戈德利地区等6个地点遭遇袭击,多座清真寺被损毁。袭击已造成包括1名儿童在内的至少8名平民死亡、35人受伤,另有2人失踪。
在巴哈瓦尔布尔地区和穆扎法拉巴德的目击者告诉新华社记者,他们凌晨时分听到巨大爆炸声,穆扎法拉巴德随后出现停电。
巴国防部长阿西夫7日凌晨向当地媒体表示,巴空军在对印军采取的反击行动中已击落5架印空军战机。
巴基斯坦民航及安全部门随后发布紧急公告,宣布巴暂时关闭领空48小时,包括首都伊斯兰堡、拉合尔、卡拉奇等主要国际机场均已紧急关闭,伊斯兰堡国际机场所有航班取消,部分拟落地航班已返航。旁遮普省政府宣布7日全省教育机构关闭。
巴基斯坦总理夏巴兹已发表声明,强烈谴责印度对巴空袭行动,称“巴方完全有权对印方发动的战争行为作出回应”。
另据《印度时报》援引印度军方的话说,印军7日发起“重大军事行动”,针对巴基斯坦境内9个“恐怖基础设施”目标地点发起袭击。印国防部说,此次军事行动“目标明确、慎重且不会升级”。(完)
图说:这张5月7日在巴基斯坦伊斯兰堡的新闻视频截图显示,印度导弹袭击巴基斯坦东部旁遮普省巴哈瓦尔布尔地区。新华社发