Connect with us

China

ဝမ်ရိက ယူအေအီး သမ္မတ၏ တရုတ်နိုင်ငံရေးရာ အထူးသံတမန်၊ ဂျပန် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (JAPIT) ဥက္ကဋ္ဌ တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဂျပန် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (JAPIT) ဥက္ကဋ္ဌ Yohei Kono တို့ ဇွန် ၄ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သမ္မတ၏ တရုတ်နိုင်ငံရေးရာ အထူးသံတမန် Khaldoon Khalifa Al Mubarak ၊ ဂျပန် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (JAPIT) ဥက္ကဋ္ဌ Yohei Kono တို့နှင့် ဇွန် ၄ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
Khaldoon နှင့် တွေ့ဆုံဆွေးနွေးစဉ် ဝမ်ရိက နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် ယူအေအီး-တရုတ် ဆက်ဆံရေးသည် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယူအေအီးနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်တို့၏ အရေးကြီးသည့် သဘောတူညီချက်များအရ အပြန်အလှန် ပင်မအကျိုးစီးပွားနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် အပြန်အလှန် ထောက်ခံအားပေးရန်၊ ကဏ္ဍအသီးသီးတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန်၊ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင် နီးကပ်သော တွဲဖက်ဆောင်ရွက်မှုများ ထိန်းသိမ်းထားရန်၊ တရုတ်-ယူအေအီး ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစွာ ရှေ့သို့ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Khaldoon က တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာကူးလူးဆက်ဆံရေးကို အားဖြည့်ရန်၊ ယူအေအီး-တရုတ် တစ်မူထူးခြားသည့် ချစ်ကြည်ရေးဖြစ်သော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်ကို တစ်ဆင့်တိုး မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ ယူအေအီးသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလိုက်နာကာ လွတ်လပ်၍ကိုယ်ပိုင်ရပ်တည်မှုရှိသော အခြေခံမူကို လက်ကိုင်ထားပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မမှိတ်မသုန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Yohei Kono နှင့် တွေ့ဆုံစဉ်တွင် ဝမ်ရိက အဆွေတော် Kono သည် တရုတ်-ဂျပန် ချစ်ကြည်ရေးလုပ်ငန်းအပေါ် ရေရှည်အားထားဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံသည် ယင်းအပေါ် အထူးချီးကျူးလေးစားကြောင်း၊ “ပြည်သူ့များတွန်းအားဖြင့် အစိုးရလုပ်ဆောင်မှုအား မြှင့်တင်ခြင်း” သည် လက်ရှိအခြေအနေတွင်ပင် အရေးကြီးသော လက်တွေ့ကျသည့် အနက်အဓိပ္ပါယ်ရှိနေဆဲပင်ကြောင်း၊ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက ဂျပန်နိုင်ငံအနေဖြင့် သမိုင်းသင်ခန်းစာကို နက်နက်နဲနဲ သင်ယူပြီး ကျူးကျော်သောနိုင်ငံ လုပ်မည်မဟုတ်ကြောင်းနှင့်စပ်လျဉ်း၍ လတ်တလော ထုတ်ပြန်ချက်များကို တရုတ်နိုင်ငံက အထူးအလေးထားကြောင်း၊ သမိုင်းကို ပြင်ဆင်ရေးသား၍ မရကြောင်း၊ “သမိုင်းကို သင်ခန်းစာအဖြစ်” လက်ကိုင်ထားမှသာလျှင် အနာဂတ်ကို အမှန်တကယ် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Kono က အသင်းအနေဖြင့် ဂျပန်-တရုတ် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်အတွက် ပံ့ပိုးကူညီမှုများ ဆက်လက်လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်သည် တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးနှင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အားဖြည့်ရေးနှင့် စပ်လျဉ်း၍လည်း အမြင်သဘောထားများ ဖလှယ်ခဲ့ကြသည်။ (Xinhua)
………………………..
(Chinese Version)
王毅分别会见阿联酋总统中国事务特使、日本国际贸易促进协会会长
新华社北京6月4日电 中共中央政治局委员、中央外办主任王毅4日在京分别会见阿联酋总统中国事务特使哈勒敦、日本国际贸易促进协会会长河野洋平。
在会见哈勒敦时,王毅表示,在两国元首战略引领下,中阿关系保持良好发展势头。愿同阿方一道,根据两国元首重要共识,在涉及彼此核心利益问题上相互支持,拓展各领域互利合作,在国际和地区事务中保持密切配合,推动中阿全面战略伙伴关系深入向前发展。   哈勒敦表示,愿同中方加强高层交往,进一步提升阿中特殊友好的全面战略伙伴关系水平。阿方恪守一个中国原则,将秉持独立自主原则,坚定不移推进对华合作。
在会见河野洋平时,王毅表示,河野先生长期致力于中日友好事业,中方对此高度赞赏。“以民促官”在当前形势下依然具有重要现实意义。中方重视石破茂首相近期关于日本应深刻汲取历史教训、不做侵略国家的表态。历史不容篡改,只有坚持“以史为鉴”,才能真正开辟未来。
河野表示,协会愿继续为促进日中友好合作作出贡献。
双方还就加强中日韩三方合作和人文交流交换了看法。(完)
图说:6月4日,中共中央政治局委员、中央外办主任王毅在北京会见日本国际贸易促进协会会长河野洋平。 新华社记者 殷博古 摄