Connect with us

North America

အီလွန်မက်စ် ရရှိထားသည့် အစိုးရထောက်ပံ့ကြေးငွေများအား စုံစမ်းစစ်ဆေးမည်ဟု ထရမ့် ခြိမ်းခြောက်

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၅ ခုနှစ် ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ဘီလီယံနာ အီလွန်မက်စ်က ဇွန် ၃၀ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်ဒါဇင်ချီတင်၍ “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” စည်းကြပ်ခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမေရိကန် သမ္မတ ထရမ့်က အီလွန်မက်စ် “ရရှိထားတဲ့ (အမေရိကန်အစိုးရ) ထောက်ပံ့ကြေးငွေက သမိုင်းတစ်လျှောက် ဘယ်သူ့ထက်မဆို များပါတယ်” ၊ အမေရိကန် အစိုးရ စွမ်းဆောင်ရည် ထိရောက်မှုဌာန (DOGE) အနေဖြင့် အီလွန်မက်စ် ကုမ္ပဏီက အစိုးရထောက်ပံ့ကြေးငွေ ရရှိထားမှု အခြေအနေအား ကောင်းကောင်း စုံစမ်းစစ်ဆေးသင့်ကြောင်း ဇူလိုင် ၁ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ တုံ့ပြန်ပြောကြားခဲ့သည်။

ထရမ့်က အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ပို့စ်တင်၍ ၎င်းအနေဖြင့် လျှပ်စစ်ကားနှင့် စပ်လျဉ်း၍ အတင်းအဓမ္မလုပ်ဆောင်ချက်မူဝါဒအား ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ကို အီလွန်မက်စ်က ၎င်းသမ္မတအဖြစ် ရွေးကောက်မှုအတွက် အင်တိုက်အားတိုက် မပံ့ပိုးခင်ကတည်းက ရှင်းလင်းစွာ သိရှိထားပြီးဖြစ်ကြောင်း၊ “လျှပ်စစ်ကားက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းတစ်စီး ပိုင်ဆိုင်မှဖြစ်မယ်လို့ အကျပ်မကိုင်သင့်ဘူး” ဟု ပြောကြားခဲ့သည်။

“လက်ရှိအထိ အီလွန် (မက်စ်) ရရှိထားတဲ့ (အမေရိကန်အစိုးရ) ထောက်ပံ့ကြေးငွေက သမိုင်းတစ်လျှောက် ဘယ်သူ့ထက်မဆို များပါတယ်။ ဒီထောက်ပံ့ကြေးငွေတွေရှိလို့သာမဟုတ်ရင် သူက ကုမ္ပဏီပိတ်ပြီး တောင်အာဖရိကက ဇာတိမြေကို ပြန်ရပါလိမ့်မယ်” ဟု ထရမ့်က ဆိုသည်။
ထရမ့်က နောက်ဆုံး၌ “ဒုံးကျည်တွေပစ်လွှတ်တာ၊ ဂြိုဟ်တု ဒါမှမဟုတ် လျှပ်စစ်ကား ထုတ်လုပ်တာတွေ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံက အရင်းအနှီးငွေ အများအပြား ချွေတာနိုင်မှာပါ။ ကျွန်တော်တို့က အစိုးရ စွမ်းဆောင်ရည် ထိရောက်မှုဌာန (DOGE) ကို ဒီကိစ္စအကြောင်း ကောင်းကောင်း သေသေချာချာ စုံစမ်းစစ်ဆေးခိုင်းသင့်ပါတယ်။ ငွေအများကြီး ချွေတာနိုင်မှာကွ” ဟု ရေးသားခဲ့သည်။

အီလွန်မက်စ်က ဒေသစံတော်ချိန် ဇွန် ၃၀ ရက်တွင် ထရမ့်က အင်တိုက်အားတိုက်ဖော်ဆောင်သည့် “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” စည်းကြပ်ခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းအား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ ၎င်းက ပို့စ်ပေါင်း ဒါဇင်ချီ ဆက်တိုက်တင်၍ အဆိုပါဥပဒေကြမ်းအား ထောက်ခံသည့် လွှတ်တော်အမတ်များအနေဖြင့် အရှက်ရသင့်ကြောင်း၊ ဥပဒေကြမ်းအတည်ပြုပါက ဒုတိယနေ့တွင်ပင် “အမေရိကန်ပါတီ” ထူထောင်သွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

အီလွန်မက်စ်က ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီကြီးနှစ်ရပ်ကို စော်ကားသည့်စကားလုံးများဖြင့် ပြောကြားခဲ့ပြီး “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” ဥပဒေမူကြမ်းသည် ကြွေးမြီ အများဆုံး ပမာဏကို အမေရိကန်ဒေါ်လာ ၅ ထရီလီယံအထိ စံချိန်တင် တိုးမြှင့်လိုက်မည်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

ထရမ့်အစိုးရတက်လာပြီးနောက် အီလွန်မက်စ်သည် အစိုးရ စွမ်းဆောင်ရည် ထိရောက်မှုဌာန (DOGE) တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးက “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” ဥပဒေမူကြမ်း စသည်တို့ကြောင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်။ ထရမ့်က အီလွန်မက်စ်ကို “ရူးနေပြီ” ဟု ဆိုခဲ့ဖူးပြီး အီလွန်မက်စ်ကမူ ထရမ့်သည် “ကျေးဇူးကန်းတယ်” ဟု ဆိုခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အီလွန်မက်စ်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
特朗普威胁调查马斯克所获政府补贴
新华社华盛顿7月1日电 针对亿万富翁埃隆·马斯克6月30日连发数十条帖文炮轰“大而美”税收和支出法案,美国总统特朗普7月1日在社交媒体上回应称,马斯克“获得的(美国政府)补贴可能比历史上任何人都多”,或许美国政府效率部应该好好调查下马斯克公司获取政府补贴的情况。
特朗普美国东部时间7月1日凌晨发文称,马斯克在大力支持他竞选总统之前就清楚知道,他强烈反对关于电动汽车的强制政策。“电动汽车很好,但不应该强迫每个人都必须拥有一辆。”
特朗普说:“到目前为止,埃隆(·马斯克)获得的(美国政府)补贴可能比历史上任何人都多,如果没有这些补贴,他很可能不得不关停企业回南非老家。”
特朗普最后写道:“如果不再有火箭发射、卫星或电动汽车生产,我们国家就能省下大笔资金。或许我们应该让政府效率部好好地、仔细地审查此事?能省下大笔钱呢!!!”
马斯克当地时间6月30日再次猛批特朗普力推的“大而美”税收和支出法案,他连发数十条帖文,称那些支持该法案的议员应该感到羞愧,并表示,如果法案通过,第二天就会成立“美国党”。马斯克还用侮辱性词汇形容共和、民主两党,称“大而美”法案将创纪录地把债务上限推高5万亿美元。
特朗普政府上台后,马斯克曾任政府效率部负责人,不过,后来两人因“大而美”法案等关系破裂。特朗普曾称马斯克“疯了”,马斯克则称特朗普“忘恩负义”。(完)
图说1:6月27日,美国总统特朗普在华盛顿白宫出席记者会。新华社记者胡友松摄
图说2:这是2月19日在美国首都华盛顿白宫拍摄的埃隆·马斯克。新华社记者胡友松摄