Africa & Middle East
နိုင်ငံတကာ စစ်ဆေးအတည်ပြုမှုနှင့် အီရန်-အမေရိကန် နျူကလီးယား ဆွေးနွေးညှိနှိုင်းမှုအား ကန့်ကွက်မှုမရှိဟု အီရန်သမ္မတ ဆို

တီဟီရန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
နျူကလီးယားအရေးကိစ္စနှင့် စပ်လျဉ်း၍ အီရန်နိုင်ငံသည် နိုင်ငံတကာ စစ်ဆေးအတည်ပြုမှုနှင့် အီရန်-အမေရိကန် နျူကလီးယား ဆွေးနွေးညှိနှိုင်းမှုအား ကန့်ကွက်မှုမရှိကြောင်း၊ သို့သော် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်လိုအပ်ကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အမေရိကန် မီဒီယာသမား Tucker Carlson ၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာတွင် ပြောကြားခဲ့သည်ဟု အီရန်သမ္မတအိမ်တော်၏ ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သော ဆောင်းပါးအရ သိရသည်။
တွေ့ဆုံမေးမြန်းမှုတွင် အီရန်အနေဖြင့် နျူကလီးယားလက်နက်အား ရှာဖွေလုပ်ဆောင်ခဲ့ခြင်း မရှိသလို၊ လက်ရှိရော အနာဂတ်တွင်ပါ ရှာဖွေလုပ်ဆောင်သွားမည်မဟုတ်ကြောင်း မာဆော့ ပါဇက်ရှ်ကီရမ်က ထပ်မံအလေးထားပြောကြားခဲ့သည်။
အီရန်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ စစ်ဆေးအတည်ပြုမှုအား မည်သည့်အခါကမျှ ရှောင်တိမ်းခဲ့ခြင်းမရှိကြောင်း၊ တွေ့ဆုံဆွေးနွေးမှု ပြန်လည်လုပ်ဆောင်၍ နိုင်ငံတကာ စစ်ဆေးအတည်ပြုမှုအား လက်ခံလိုကြောင်း၊ သို့သော် အမေရိကန်က အီရန် နျူကလီးယား အဆောက်အဦများကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ပြီးနောက် စက်ပစ္စည်းနှင့် နေရာအများအပြား ဖျက်ဆီးခံခဲ့ရသဖြင့် အဆိုပါနေရာများသို့ ပြန်လည်သွားရောက်ရန် အခက်ခဲရှိကြောင်း၊ လက်ရှိတွင် စောင့်ဆိုင်းရန် လိုအပ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်-အမေရိကန် နျူကလီးယား ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်နိုင်မည်လောနှင့် စပ်လျဉ်း၍ မာဆော့ ပါဇက်ရှ်ကီရမ်က “ကျွန်တော်တို့ နဂိုက တွေ့ဆုံဆွေးနွေးမှုနဲ့ ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ၊ သို့သော် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ဒေသတွင်းအခြေအနေအား ရှုပ်ထွေးသွားအောင် လုပ်ဆောင်လိုက်သည်ဟု ဆိုသည်။
ဒေသတွင်းကို ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆီသို့ ဦးဆောင်သွားမည်လော သို့မဟုတ် အတောမသတ်နိုင်သည့် စစ်မက်အတွင်းသို့ ကျဆင်းသွားအောင် လုပ်ဆောင်မည်လော ဟူသည်မှာ အမေရိကန်သမ္မတ၏ ရွေးချယ်မှုတွင်သာ မူတည်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။ အီရန်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုအား မကန့်ကွက်သော်လည်း ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုအား ပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်း၊ “ဆွေးနွေးညှိနှိုင်းနေတဲ့ကာလအတွင်းမှာ အစ္စရေးက တိုက်ခိုက်မှုလုပ်ဆောင်ပြီး စစ်မီးပြန်လည်စတင်တာကို ထပ်မံခွင့်ပြုတာမျိုး မလုပ်သင့်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
အီရန်အနေဖြင့် အမေရိကန်ရင်းနှီးမြှုပ်နှံသူများ အီရန်၌ လှုပ်ရှားမှုအတွက် အတားအဆီးများ လုပ်ဆောင်သွားမည် မဟုတ်ကြောင်း၊ အီရန်အနေဖြင့် “အမေရိကန်နဲ့ စီးပွားရေး၊ စက်မှုလုပ်ငန်းနဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ဖို့ အစဉ်အမြဲ အဆင်သင့်ဖြစ်နေပါတယ်” ၊ သို့သော် အမေရိကန်က အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုများသည် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများအား တားဆီးလိုက်ကြောင်း မာဆော့ ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။
မာဆော့ ပါဇက်ရှ်ကီရမ်က အမေရိကန်၏ ၎င်းအပေါ်လုပ်ကြံသတ်ဖြတ်မှုအား ငြင်းပယ်လိုက်ပြီး အစ္စရေးကသာ စတင်လုပ်ဆောင်သူဖြစ်သည်ဟု ဆိုခဲ့သည်။ ပြည်တွင်းအစည်းအဝေးတစ်ရပ် တက်ရောက်နေစဉ်အတွင်း ၎င်းက အစ္စရေး၏ လုပ်ကြံသတ်ဖြတ်မှု ခံရလုနီးပါးဖြစ်ခဲ့သည်ဟုလည်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။
အစ္စရေးသည် ဇွန် ၁၃ ရက် နံနက်ပိုင်းက အီရန်ကို လေကြောင်းဖြင့် အကြီးအကျယ် တိုက်ခိုက်ပြီးနောက် အစ္စရေး-အီရန် နှစ်ဖက် အပြန်အလှန် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ကြသည်။ အမေရိကန်နိုင်ငံက အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဇွန် ၂၁ ရက်တွင် အီရန်ရှိ နျူကလီးယားအဆောက်အဦနေရာ ၃ ခုအား တိုက်ခိုက်ခဲ့ရာ အီရန်က လက်တုံ့ပြန်သည့်အနေဖြင့် ဇွန် ၂၃ ရက်တွင် ကာတာအခြေစိုက် အမေရိကန် Al Udeid လေတပ်စခန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။ ဇွန် ၂၄ ရက်တွင် အမေရိကန်ဘက်က ကြေညာသည့် အချိန်ဇယားအရ အစ္စရေး-အီရန် အပစ်ရပ်ခဲ့သည်။ အီရန်လွှတ်တော်က ဇွန် ၂၅ ရက်တွင် ဥပဒေတစ်ရပ်ကို အတည်ပြုပြီး အီရန်နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ပူးပေါင်းဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းခဲ့သည်။
အိုမန်၏ စေ့စပ်ညှိနှိုင်းမှုဖြင့် အမေရိကန်နှင့် အီရန်သည် ယခုနှစ် ဧပြီလကတည်းက ကြားခံဆွေးနွေးညှိနှိုင်းမှု ၅ ကြိမ် လုပ်ဆောင်ခဲ့ရာ နှစ်ဖက်က အဓိကအကြောင်းအရာများစွာနှင့်စပ်လျဉ်း၍ သိသာထင်ရှားသော ကွဲလွဲမှုများ ရှိခဲ့သည်။ ၆ ကြိမ်မြောက် ဆွေးနွေးညှိနှိုင်းမှုကို မူလက ဇွန် ၁၅ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အစ္စရေးက အီရန်ကို ရုတ်တရက်တိုက်ခိုက်မှုကြောင့် ပယ်ဖျက်ခဲ့ရသည်။ (Xinhua)
——————
(Chinese Version)
伊朗总统表示不反对国际核查和伊美谈判
新华社德黑兰7月7日电 据伊朗总统府7日发表的文章,伊朗总统佩泽希齐扬日前接受美国媒体人塔克·卡尔森采访时表示,在核问题上,伊朗不反对国际核查和伊美谈判,但需要重建对谈判进程的信任。
在采访中,佩泽希齐扬重申,伊朗从未、现在不会、将来也不会寻求核武器。他表示,伊朗从未逃避国际原子能机构的核查,愿意重新对话并接受国际核查。但是,在美国空袭伊朗核设施后,许多设备和场所被毁,重返这些地点变得困难,目前仍需等待。
关于伊美谈判能否重启,佩泽希齐扬说,“我认为我们本可以通过对话轻松解决问题”,但以色列总理内塔尼亚胡搅乱了地区局势。他强调,将地区引向和平与安全,还是使其陷入无休止的战争,取决于美国总统的选择。伊朗不反对谈判,但前提是要重建对谈判进程的信任,“不应在谈判期间再次允许以色列发动袭击、点燃战火”。
佩泽希齐扬表示,伊朗不会对美国投资者在伊朗的活动设置障碍。伊朗“始终准备好与美国开展经济、工业与商业合作”,但美国对伊制裁阻碍了这些合作。
佩泽希齐扬否认了美国对其本人的暗杀行动,表示以色列才是始作俑者。他透露,在出席一次内部会议时,他险些遭到以色列的暗杀。
以色列6月13日凌晨对伊朗实施大规模空袭后,以伊互相发动多轮袭击。美国于美东时间6月21日空袭伊朗三处核设施,伊朗出于报复,于6月23日向美国驻卡塔尔的乌代德空军基地发起导弹袭击。6月24日,根据美方宣布的时间表,以伊停火。伊朗议会6月25日通过法案,暂停伊朗与国际原子能机构的合作。
在阿曼斡旋下,美国和伊朗自今年4月以来举行了五轮间接谈判,双方在若干核心议题上分歧突出。第六轮谈判原定于6月15日举行,因以色列突袭伊朗而取消。(完)
图说:7月2日,伊朗首都德黑兰,伊朗总统佩泽希齐扬参加纪念仪式。新华社发