Connect with us

Media

“၂၀၂၃ ခုနှစ် တရုတ်-မြန်မာ နယ်စပ်နေပြည်သူများ စုံညီပွဲနှင့် အတာသင်္ကြန်ပွဲတော်” ဖွင့်ပွဲအခမ်းအနား တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်စီမြို့တွင် ကျင်းပ

မန်စီ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

“၂၀၂၃ ခုနှစ် တရုတ်-မြန်မာ နယ်စပ်နေပြည်သူများ စုံညီပွဲနှင့် အတာသင်္ကြန်ပွဲတော်” ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်(တိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့၌ ဧပြီ ၁၂ ရက်က ကျင်းပခဲ့ရာ တိုင်းရင်းသားလူမျိုးအသီးသီးက တခမ်းတနားဝတ်စားဆင်ယင်၍ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များဖြင့် ဖျော်ဖြေပြသခဲ့ကြသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသည့်အခါတွင် မန်စီမြို့ရင်ပြင်သို့ လူပေါင်းသောင်းနှင့်ချီ ဝင်ရောက်စုဝေးခဲ့ကြပြီး သင်္ကြန်ပွဲတော်ကို တူစုံနွှဲပျော်ခဲ့ကြသည်။ မန်စီမြို့၏ လမ်းအသွယ်သွယ်တွင် လူအများက သုခချမ်းသာ၊ မင်္ဂလာ အတိတ်နမိတ်ဆောင်သော ရေကြည်အေးများဖြင့် အပြန်အလှန်ပက်ဖျန်း၍ အပြန်အလှန် ဆုမွန်ကောင်းများတောင်းပေးခဲ့ကြသည်။ (Xinhua)
…………………………………….
(Chinese Version)
4月12日,云南省德宏傣族景颇族自治州芒市2023年中缅边民大联欢暨泼水狂欢节开幕,各族群众身着节日盛装进行非遗项目展演。开幕式结束,数万人涌入芒市广场,用泼水狂欢点燃节日的喜悦。在芒市的大街小巷,人们也相互泼洒代表幸福、吉祥的清水,为彼此送去真挚的祝福。