Connect with us

COVID-19 UPDATES

အစ္စရေးနိုင်ငံက COVID-19 စိုးရိမ်မှုများကြောင့် နိုင်ငံ ၄ နိုင်ငံသို့ ခရီးသွားလာမှု ထပ်မံပိတ်ပင်

အစ္စရေးနိုင်ငံ Tel Aviv မြို့အနီးရှိ Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသွားများ စောင့်ဆိုင်းနေသည်ကို ၂၀၂၁ ခုနှစ် မတ် ၂၁ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကူးစက်မှုမြင့်မားလျက်ရှိသော အန္တရာယ်အား စိုးရိမ်သောကြောင့် အစ္စရေးနိုင်ငံက ၎င်း၏နိုင်ငံသားများအား ဗြိတိန်၊ ဂျော်ဂျီယာ၊ ဆိုက်ပရပ်စ်နှင့် တူရကီနိုင်ငံတို့သို့ ခရီးသွားခြင်းကို ဇူလိုင် ၃၀ ရက်မှစ၍ တားမြစ်လိုက်ကြောင်း အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံအနေဖြင့် ၎င်း၏ နိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်သူများအား သီးခြားခွင့်ပြုရေးကော်မတီမှ အထူးခွင့်ပြုချက်မရရှိလျှင် အာဂျင်တီးနား၊ ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယ၊ မက္ကစီကို၊ ရုရှား၊ ဘီလာရုစ်၊ ဥဇဘက်ကစ္စတန်၊ စပိန်နှင့် ကာဂျစ္စတန် နိုင်ငံများသို့ ခရီးသွားလာခြင်းအား တားမြစ်ထားကြောင်း သိရသည်။

ထို့အပြင် ယင်းနိုင်ငံများမှ ဝင်ရောက်လာသည့် ရောဂါမှပြန်လည်ကျန်းမာလာသူများနှင့် ကာကွယ်ဆေးထိုးနှံထားသူများအပါအဝင် ခရီးသွားများအနေဖြင့် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ၇ ရက်အား ချက်ချင်းဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံသည် အခြား နိုင်ငံ ၁၈ နိုင်ငံအတွက် ပြင်းထန်သည့် ခရီးသွားလာမှုသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ယင်းနိုင်ငံများမှ ခရီးသည်များအနေဖြင့် ရောက်ရှိလာသည်နှင့် quarantine ဝင်ရန်လိုအပ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Israel bans travel to 4 more countries over COVID-19 concerns
JERUSALEM, July 30 (Xinhua) — Israel decided to ban its citizens from traveling to Britain, Georgia, Cyprus and Turkey starting Friday for fear of the high level of COVID-19 morbidity there, the Israeli Ministry of Health and Ministry of Transport said in a joint statement.
The country has banned its citizens and permanent residents from traveling to Argentina, Brazil, South Africa, India, Mexico, Russia, Belarus, Uzbekistan, Spain and Kyrgyzstan unless they can obtain special permission from an exception committee.
In addition, inbound passengers from these countries, including recovered and vaccinated ones, must enter an immediate seven-day quarantine.
Israel has issued a severe travel warning to 18 other countries, from which passengers are required to enter a quarantine upon arrival as well. Enditem
Photo-Travelers wait to check in at Ben Gurion International Airport near Tel Aviv, Israel, on March 21, 2021. (Photo by Gil Cohen Magen/Xinhua)