China
တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ဇန်နဝါရီလမှ စက်တင်ဘာလအထိ စီးပွားရေးတိုးတက်မှု အားကောင်းလျက်ရှိ
ချုံချင့်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြူနီစီပယ်တွင် ၂၀၂၁ ခုနှစ် ပထမကိုးလအတွင်း စီးပွားရေးတိုးတက်မှုမှာ ယမန်နှစ်ကထက် ၉.၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
ယင်းမြို့၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည် ဇန်နဝါရီ-စက်တင်ဘာ ကာလအတွင်း ယွမ် ၂ ထရီလီယံ နီးပါး (အမေရိကန်ဒေါ်လာ ၃၁၃ ဘီလီယံခန့်) ရောက်ရှိခဲ့ကြောင်း မြူနီစီပယ် စာရင်းအင်းဗျူရိုအရ သိရသည်။
ချုံချင့်မြို့၏ စက်မှုလုပ်ငန်းထွက်ကုန်သည်လည်း သုံးလပတ်တာကာလအတွင်း ယမန်နှစ်ကထက် ၁၄.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဗျူရိုက ဆိုသည်။
ထို့ပြင် နိုင်ငံခြားကုန်သွယ်မှုသည်လည်း ကိုးလတာကာလအတွင်း ယမန်နှစ်ကထက် ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ယွမ် ၅၇၇ ဘီလီယံရှိခဲ့ကြောင်း ချုံချင့် အကောက်ခွန်ဌာနမှ သိရသည်။
အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း၊ ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့နှင့် ကုန်သွယ်ရာတွင်လည်း ရာခိုင်နှုန်းအားဖြင့် ၁၃.၆ ရာခိုင်နှုန်း၊ ၂၄.၂ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ယွမ် ၉၃ ဘီလီယံ၊ ယွမ် ၉၀.၄၅ ဘီလီယံနှင့် ယွမ် ၈၅.၁၅ ဘီလီယံ အသီးသီးရှိခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
China’s Chongqing posts robust economic growth in Jan-Sept
Source: Xinhua| 2021-10-21 14:39:13|Editor: huaxia
CHONGQING, Oct. 21 (Xinhua) — China’s Chongqing Municipality achieved 9.9 percent year-on-year economic growth in the first three quarters of 2021, official data showed.
The city’s gross domestic product reached nearly 2 trillion yuan (about 313 billion U.S. dollars) in the January-September period, according to the municipal bureau of statistics.
The city’s industrial output grew 14.2 percent year on year during the three quarters, the bureau said.
Chongqing saw its foreign trade jump 27 percent year on year to 577 billion yuan in the nine-month period, according to Chongqing Customs.
The trade with major trading partners of the Association of Southeast Asian Nations, the European Union and the United States grew 13.6 percent, 24.2 percent and 18 percent to 93 billion yuan, 90.45 billion yuan and 85.15 billion yuan, respectively. Enditem
Photo : A bird’s-eye view of the Chongqing city on May 6, 2020. [Photo/Xinhua]