Connect with us

International Organizations

ယခုနှစ်အတွင်း ကပ်ရောဂါအဆုံးသတ်ရေး ရင်းနှီးမြှုပ်နှံမှုများအတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း

နယူးယောက်မြို့တွင် ၂၀၂၂ ခုနှစ်အတွက် Access to COVID-19 Tools Accelerator (ACT-Accelerator) ထောက်ခံအားပေးမှုကမ်ပိန်းကို အွန်လိုင်းမှကြေညာရာတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Eskinder Debebe/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုနှစ်အတွင်း ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါကို အဆုံးသတ်ရန် အရေးကြီးသော ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြရန် ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ပူးတွဲ တောင်းဆိုခဲ့ကြောင်း သိရသည်။“လူသားအားလုံးအတွက် ကာကွယ်ဆေး၊ စမ်းသပ်မှုများနှင့် ကုသမှုများ ရရှိနိုင်မှသာ” ယခုနှစ်အတွင်း ကပ်ရောဂါကို အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အကြီးအကဲက ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်းရှိ လူတိုင်းရရှိနိုင်သော ကုန်စည်များအဖြစ် ဆောင်ရွက်ကြရေး အထင်ကရ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် ACT-Accelerator ကို ပံ့ပိုးကူညီရန် အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ တောင်းဆိုထားသော ကမ္ဘာ့ခေါင်းဆောင်အချို့ကြား ပါဝင်ခဲ့သူဖြစ်သည်။

နယူးယောက်မြို့တွင် ၂၀၂၂ ခုနှစ်အတွက် Access to COVID-19 Tools Accelerator (ACT-Accelerator) ထောက်ခံအားပေးမှုကမ်ပိန်းကို အွန်လိုင်းမှကြေညာရာတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Eskinder Debebe/UN Photo/Handout via Xinhua)

“ကာကွယ်ဆေးမမျှတမှုဟာ ကျွန်တော်တို့ခေတ်ကာလရဲ့ အကြီးဆုံး ကိုယ်ကျင့်တရား ဖောက်ဖျက်မှုဖြစ်ပြီး လူတွေက ဈေးကြီးပေးနေရတာပါပဲ” ဟု ဂူတာရက်စ်က အရေးပေါ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

“ဒီကိရိယာတွေကို ကျွန်တော်တို့ သေသေချာချာ မရရှိမချင်း ကပ်ရောဂါက ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ ပြည်သူတွေရဲ့ မလုံခြုံမှုတွေကလည်း ပိုပြီးနက်ရှိုင်းလာပါလိမ့်မယ်”
ACT-Accelerator အား ကပ်ရောဂါဖြစ်ပွားကြောင်း ကြေညာပြီး သီတင်းပတ်မျှအကြာ၊ ဖော်ထုတ်မှုများ အရှိန်မြှင့်တင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုများ၊ ကုသမှုများနှင့် ကာကွယ်ဆေးများ ရရှိရန် ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး စည်းလုံးညီညွတ်မှု ပဏာမခြေလှမ်းဖြစ်သော COVAX အစီအစဉ်သည် ယင်း၏ မဏ္ဍိုင်လေးရပ်အနက်မှ တစ်ခုဖြစ်သည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် အကြမ်းဖက်မှုများကြောင့် ဖြစ်ပွားခဲ့သော နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး ခြိမ်းခြောက်မှုများဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအား ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Loey Felipe/UN Photo/Handout via Xinhua)

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် အစိုးရများ၊ သိပ္ပံပညာရှင်များ၊ ပရဟိတသမားများ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် GAVI ၊ ကာကွယ်ဆေးမဟာမိတ်အဖွဲ့၊ ကပ်ရောဂါကြိုတင်ပြင်ဆင်မှု ဆန်းသစ်တီထွင်မှုများအတွက် မဟာမိတ်အဖွဲ့ (CEPI) နှင့် ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စသည့် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများကို အတူတကွ စုစည်းပေးထားခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ခဲ့သည့် ကမ်ပိန်းသည် ယခုနှစ်၌ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကပ်ရောဂါကို အဆုံးသတ်ရန် ဘဏ္ဍာငွေကွာဟချက် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနှင့် နိုင်ငံအတွင်း ကုန်စည်ပို့ဆောင်စရိတ်များအတွက် ဒေါ်လာ ၇ ဘီလီယံနီးပါး ရရှိရန် ရည်ရွယ်ထားကြောင်း သိရသည်။

အရင်းအမြစ် စုစည်းမှုအတွက် ထောက်ပံ့မှုပေးရန် အဆင့်မြင့် နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်မှုကို ပံ့ပိုးပေးလျက်ရှိသည့် ACT-Accelerator Facilitation Council ၏ ပူးတွဲဥက္ကဋ္ဌများသည် “မျှတစွာ မျှဝေရေး” ကို တိုက်တွန်းအားပေးရန် ချမ်းသာသောနိုင်ငံပေါင်း ၅၀ ကျော်ထံ မကြာသေးမီက ရေးသားပေးပို့ခဲ့သည်။

ဘဏ္ဍာရေးမူဘောင်အား ၎င်းတို့နိုင်ငံ၏စီးပွားရေး အရွယ်အစားနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်ရေး လျင်မြန်စွာ နာလန်ထူလာမှုမှ ရရှိမည့်အရာများအပေါ် တွက်ချက်ထားခြင်း ဖြစ်သည်။

“ဒီကပ်ရောဂါ အဆုံးသတ်ဖို့ လူတိုင်းအတွက် ကာကွယ်ဆေး သေချာထိုးနှံနိုင်မယ်ဆိုရင် စနစ်ထဲမှာ တရားမျှတမှုစနစ်ကို ပထမဆုံးထည့်သွင်းရပါမယ်” ဟု ဂူတာရက်စ်က ဆိုသည်။

အဆိုပါ ရန်ပုံငွေသည် ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို တားဆီးရန်၊ မျိုးဗီဇပြောင်းဗိုင်းရပ်စ် သံသရာကို ဖြတ်တောက်ရန်၊ ဝန်ပိနေသော ကျန်းမာရေးဝန်ထမ်းများနှင့် စနစ်များကို သက်သာလျော့ပါးစေရန်၊ လူ့အသက်များကို ကယ်တင်ရန် အကူအညီဖြစ်စေမည်ဖြစ်ကြောင်း၊ လစဉ်နှောင့်နှေးမှုနှင့်အတူ ကမ္ဘာ့စီးပွားရေးက ACT-Accelerator ရင်းနှီးမြှုပ်နှံမှုမှာ လိုအပ်သည်ထက် လေးဆနီးပါး ဆုံးရှုံးနေကြောင်း ကမ္ဘာ့ခေါင်းဆောင်များက သတိပေးခဲ့သည်။

ဘဏ္ဍာရေးအား အသက်ကယ်ကိရိယာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်း (PPE) နှင့် ဝင်ငွေနည်းသောနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများသို့ ထောက်ပံ့ရန် အသုံးပြုသွားမည်ဖြစ်သည်။

ကာကွယ်ဆေးများ ထွက်ပေါ်လာရေး ဆောင်ရွက်ခြင်း၊ ကပ်ရောဂါကာကွယ်ဆေးအုပ်စု ဆေးပမာဏ သန်း ၆၀၀ ဖန်တီးခြင်း၊ ရောဂါစစ်ဆေးမှုကိရိယာ သန်း ၇၀၀ ဝယ်ယူခြင်း၊ လူနာ သန်း ၁၂၀ အတွက် ကုသမှုများနှင့် ဝင်ငွေနည်းနိုင်ငံများ၏ အောက်ဆီဂျင် လိုအပ်ချက် ၁၀၀ ရာခိုင်နှုန်းတို့ ပါ၀င်သည့် ဆောင်ရွက်ချက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“COVID-19 ကာကွယ်ဆေးတွေ၊ စမ်းသပ်မှုတွေနဲ့ ကုသမှုတွေ မမျှတဘဲ ဆက်လက်တည်ရှိနေတာနဲ့အမျှ ကပ်ရောဂါက ရှည်ကြာနေဦးမှာပဲ” ဟု နော်ဝေဝန်ကြီးချုပ် Jonas Gahr Store နှင့် Facilitation Council ကို ပူးတွဲဥက္ကဌ တာဝန်ယူထားသည့် တောင်အာဖရိကသမ္မတ Cyril Ramaphosa က ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများက ကပ်ရောဂါဖြစ်ပွားမှုအတွင်း သုံးနှစ်ကြာ မမျှတမှုအန္တရာယ်များကို ဆက်လက်သတိပေးထားသည်။
ယခုအချိန်အထိ ကမ္ဘာတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ စမ်းသပ်မှုပေါင်း ၄.၇ ဘီလီယံကျော် စီမံဆောင်ရွက်ထားပြီးဖြစ်သော်လည်း WHO ၏ အစီရင်ခံစာအရ ဝင်ငွေနည်းသောနိုင်ငံများတွင် ၂၂ သန်းခန့် ၀.၄ ရာခိုင်နှုန်းမျှသာရှိကြောင်း သိရသည်။

ထို့အပြင် ယင်းနိုင်ငံရှိပြည်သူ ၁၀ ရာခိုင်နှုန်းကသာ အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ်စီ ထိုးနှံထားရသေးကြောင်း သိရသည်။စတင်ထူထောင်ချိန်မှစ၍ ACT-Accelerator အနေဖြင့် ကုထုံးအသစ်များ၊ ကာကွယ်ဆေးများနှင့် ရောဂါရှာဖွေရေးများဆိုင်ရာ အရေးပါသော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေထောက်ပံ့ပေးခဲ့ပြီး အခြားအောင်မြင်မှုများအကြား COVAX အစီအစဉ်မှတစ်ဆင့် ကာကွယ်ဆေးပမာဏ တစ်ဘီလီယံကျော်ကို ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယန္တရားတွင် ဘတ်ဂျက်အလုံးစုံသည် ဒေါ်လာ ၂၃.၄ ဘီလီယံရှိပြီး အလှူရှင်များအား ဒေါ်လာ ၁၆.၈ ဘီလီယံ ထည့်ဝင်ရန် တိုက်တွန်းထားသည်။ ၎င်းတို့က ဒေါ်လာ ၈၁၄ သန်း ထည့်ဝင်ရန် ကတိပြုထားပြီးဖြစ်ကာ ဒေါ်လာ ၁၆ ဘီလီယံ ရန်ပုံငွေ ကွာဟချက် ဖြစ်ပေါ်နေသည်။ ကျန်ရှိသောဒေါ်လာ ၆.၅ ဘီလီယံကိုမူ အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများမှ ကိုယ်တိုင်ငွေကြေးထည့်ဝင်သွားမည်ဟု မျှော်မှန်းထားသည်။

သီးခြားဘတ်ဂျက်အရ ပြည်တွင်း၌ ကာကွယ်ဆေးနှင့် ရောဂါရှာဖွေရေးများ ပေးပို့မှုအတွက် နောက်ထပ် ဒေါ်လာ ၆.၈ ဘီလီယံလည်း လိုအပ်ကြောင်း သိရသည်။
WHO အကြီးအကဲ Tedros Adhanom Ghebreyesus က အိုမီခရွန် (Omicron) မျိုးဗီဇပြောင်းဗိုင်းရပ်စ်၏ လျင်မြန်သောပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်း မျှမျှတတဖြန့်ဖြူးထားသော ရောဂါစစ်ဆေးစမ်းသပ်မှုများ၊ ကုသမှုများနှင့် ကာကွယ်ဆေးများ အရေးပေါ်လိုအပ်မှု သေချာမှုရှိစေရန် အလေးထားဖော်ပြခဲ့သည်။

“ဝင်ငွေပိုများတဲ့နိုင်ငံတွေအနေနဲ့ ACT-Accelerator ကုန်ကျစရိတ်ရဲ့ မျှတတဲ့ဝေစုကိုပေးမယ်ဆိုရင် မိတ်ဖက်အဖွဲ့အနေနဲ့ COVID-19 ကာကွယ်ဆေးအဆင့်နိမ့်သောအဆင့်တွေ၊ ရောဂါစစ်ဆေးမှု အားနည်းတာတွေနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို ကျော်လွှားနိုင်ဖို့ ဝင်ငွေနည်း၊ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေကို ပံ့ပိုးပေးနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။

“သိပ္ပံပညာက ကျွန်တော်တို့ကို COVID-19 တိုက်ဖျက်ဖို့ ကိရိယာတွေ ပေးခဲ့တယ်၊ ကမ္ဘာတစ်ဝန်း စည်းလုံးညီညွတ်မယ်ဆိုရင် ဒီနှစ် ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အေခြအနေအဖြစ် ကိုဗစ်-၁၉ ရောဂါကို အဆုံးသတ်နိုင်မှာဖြစ်ပါတယ်”

———————————–
(English Version)

UN chief joins world leaders in calling for investment to end pandemic this year

Source: Xinhua
Editor: huaxia
2022-02-10 04:27:0
UNITED NATIONS, Feb. 9 (Xinhua) — United Nations Secretary-General Antonio Guterres on Wednesday joined world leaders in calling for urgent investment to end the COVID-19 pandemic this year.

The pandemic could be defeated this year but “only if vaccines, tests and treatments are made available to all people,” the UN chief said.

The top UN official was among some world leaders calling for 23 billion U.S. dollars to support the ACT-Accelerator, the landmark collaboration that makes these goods accessible to everyone globally.

“Vaccine inequity is the biggest moral failure of our times – and people are paying the price,” said Guterres, underlining the urgency to act now.

“Until and unless we can ensure access to these tools, the pandemic will not go away, and the sense of insecurity of people will only deepen.”

The ACT-Accelerator was established in April 2020, just weeks after the pandemic was declared, to speed up development and access to COVID-19 tests, treatments and vaccines. The global vaccine solidarity initiative COVAX is one of its four pillars.

The partnership brings together governments, scientists, philanthropists, businesses, civil society and global health organizations such as GAVI, the vaccine alliance; the Coalition for Epidemic Preparedness Innovations (CEPI), and the UN’s health agency, World Health Organization (WHO).

The campaign launched on Wednesday aims to meet a 16 billion dollar financing gap, and nearly 7 billion dollars for in-country delivery costs, in the bid to end the pandemic as a global emergency this year.

The co-chairs of the ACT-Accelerator Facilitation Council, which provides high-level political leadership to advocate for resource mobilization, recently wrote to more than 50 rich countries to encourage “fair share” contributions.
The financing framework is calculated on the size of their national economies and what they would gain from a faster global economic and trade recovery.

As Guterres put it: “If we want to ensure vaccinations for everyone to end this pandemic, we must first inject fairness into the system.”

The funding will help to curb coronavirus transmission, break the cycle of variants, relieve overburdened health workers and systems, and save lives, world leaders said, warning that with every month of delay, the global economy stands to lose almost four times the investment the ACT-Accelerator needs.

Financing will be used to procure and provide lifesaving tools, and personal protective equipment (PPE) for health workers, to low and middle-income countries.

It will support measures that include driving vaccine rollouts, creating a Pandemic Vaccine Pool of 600 million doses, purchasing 700 million tests, procuring treatments for 120 million patients, and 100 percent of the oxygen needs of low-income countries.

“The longer inequitable access to COVID-19 vaccines, tests and treatments persists, the longer the pandemic will persist,” said President Cyril Ramaphosa of South Africa, who co-chairs the Facilitation Council together with Norwegian Prime Minister Jonas Gahr Store.

The UN and partners continue to warn against the dangers of inequity three years into the pandemic.
Although more than 4.7 billion COVID-19 tests have been administered globally so far, WHO report only around 22 million, a paltry 0.4 percent, were administered in low-income countries.

Furthermore, only 10 percent of people in these nations have received at least one vaccine dose.
Since its inception, the ACT-Accelerator has funded vital research and development of new therapeutics, vaccines, and diagnostics, and delivered over a billion vaccine doses through COVAX, among other achievements.

The mechanism has an overall budget of 23.4 billion dollars and donors are urged to contribute 16.8 billion dollars. They have already pledged 814 million dollars, leaving the 16 billion dollars funding gap. It is expected that the remaining 6.5 billion dollars will be self-financed by middle-income countries.

Separate to the budget, another 6.8 billion dollars is required for in-country delivery of vaccines and diagnostics.
WHO chief Tedros Adhanom Ghebreyesus stated that the rapid spread of the Omicron variant has underlined the urgent need to ensure tests, treatments and vaccines are distributed equitably globally.

“If higher-income countries pay their fair share of the ACT-Accelerator costs, the partnership can support low and middle-income countries to overcome low COVID-19 vaccination levels, weak testing, and medicine shortages,” he said.
“Science gave us the tools to fight COVID-19; if they are shared globally in solidarity, we can end COVID-19 as a global health emergency this year.” ■

Photo 1 : United Nations Secretary-General Antonio Guterres addresses the virtual launch of the Access to COVID-19 Tools Accelerator (ACT-Accelerator) advocacy campaign for 2022 in New York, on Feb. 9, 2022. Guterres on Wednesday joined world leaders in calling for urgent investment to end the COVID-19 pandemic this year. (Eskinder Debebe/UN Photo/Handout via Xinhua)

Photo 2 : United Nations Secretary-General Antonio Guterres (1st R) addresses the virtual launch of the Access to COVID-19 Tools Accelerator (ACT-Accelerator) advocacy campaign for 2022 in New York, on Feb. 9, 2022. Guterres on Wednesday joined world leaders in calling for urgent investment to end the COVID-19 pandemic this year. (Eskinder Debebe/UN Photo/Handout via Xinhua)

Photo 3: Photo taken on Feb. 9, 2022 shows a UN Security Council meeting on Threats to International Peace and Security Caused by Terrorist Acts at the UN headquarters in New York. (Loey Felipe/UN Photo/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.