Connect with us

Eastern Europe

ယူကရိန်းနိုင်ငံက ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအတွက် တရားဝင်လျှောက်ထား

ယူကရိန်းနိုင်ငံသမ္မတVolodymyr Zelensky က ဥရောပသမဂ္ဂဝင်ခွင့်လျှောက်လွှာလက်မှတ်ရေးထိုးနေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဓာတ်ပုံ- ANI)

ကိဗ် ၊ မတ် ၁ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky သည် အထူးလုပ်ထုံးလုပ်နည်းသစ်တစ်ခုမှတဆင့် ယူကရိန်းနိုင်ငံ၏ အဖွဲ့ဝင်အဖြစ်လျှောက်ထားမှုအဖြစ် ဥရောပသမဂ္ဂ(EU) ဝင်ခွင့်အတွက် တရားဝင်လျှောက်ထားမှုကို ဖေဖော်ဝါရီ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သမတပြောရေးဆိုခွင့်ရှိသူ Sergii Nykyforov က ဆိုသည်။Facebook လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် Nykyforov က ယူကရိန်းနိုင်ငံအတွက် သမိုင်းဝင်လျှောက်လွှာတင်သွင်းမှုဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းနေ့အစောပိုင်းတွင် ယူကရိန်းသမ္မတ Zelensky က ရုရှား၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စော်ကားမှုကြောင့် ဥရောပသမဂ္ဂ(EU) အနေဖြင့် ယူကရိန်းအား အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုပေးပါရန် တိုက်တွန်းပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် အခြေခံဥပဒေတွင် ယူကရိန်းနိုင်ငံ၏ နေတိုးအဖွဲ့ထဲဝင်ရောက်ခြင်း နှင့် ဥရောပသမဂ္ဂ(EU) ထဲဝင်ရောက်ခြင်း ရည်မှန်းချက်အပါအဝင် ယူကရိန်းလွှတ်တော်က ပထမဆုံးအကြိမ်ဥပဒေကြမ်းတစ်ခုကို ထောက်ခံအတည်ပြုခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၌ အနောက်တိုင်းလိုလားသော အစိုးရအဖွဲ့အာဏာရလာချိန်တွင် ကိဗ်(ယူကရိန်းနိုင်ငံ)အနေဖြင့် ၎င်း၏ အဖက်ဖက်နှင့်ဆက်ဆံရေးမူဝါဒကို စွန့်လွှတ်ကာ ဥရောပဆီ တိုးချဲ့မှုဦးတည်သည့် ဆက်ဆံရေးအခင်းအကျင်းတစ်ခုကို တည်ဆောက်ခဲ့သည်။ ထို့အပြင် ယူကရိန်း၏ ဘက်မလိုက်လှုပ်ရှားမှုရပ်တည်ချက်ကို လွှတ်တော်က တရားဝင်ရုပ်သိမ်းလိုက်ပြီး နေတိုးအဖွဲ့ဝင်အဖြစ် ၎င်း၏ ကြိုးပမ်းမှုကို အစဉ်တစ်စိုက်ထောက်ခံအားပေးခဲ့သည်။

ထိုအချိန်မှစတင်ကာ ယူကရိန်းနိုင်ငံသည် ဥရောပသမဂ္ဂ(EU) နှင့်အတူ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့သလို နေတိုး(NATO) နှင့်လည်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ခဲ့သည်။ သို့သော်လည်း ဥရောပသမဂ္ဂ(EU) ရော နေတိုး(NATO) အဖွဲ့ပါ မည်သည့်အဖွဲ့ကမျှ ယူကရိန်းအား အဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံခဲ့ခြင်းမရှိကြောင်း သိရသည်။(Xinhua)

………………………………………………

(English Version)

Ukraine officially appeals for EU membership
KIEV, Feb. 28 (Xinhua) — Ukrainian President Volodymyr Zelensky on Monday signed an official appeal for the European Union (EU) asking for an accession of Ukraine via a new special procedure, the presidential spokesman Sergii Nykyforov said.
In a statement on Facebook, Nykyforov said that the document is historical for Ukraine.
Earlier in the day, Zelensky urged the EU to grant Ukraine membership due to Russia’s assault against Ukraine.
The Ukrainian parliament approved in the first reading a bill on including Ukraine’s goal to join NATO and the EU in the constitution in 2019.
In 2014, when pro-West authorities came into power in Ukraine, Kiev abandoned its multilateral policy and set a course toward European integration. Furthermore, the parliament revoked Ukraine’s non-aligned status, paving the way for its membership in military blocs.
Since then, Ukraine has strengthened cooperation with the EU and increased interactions with NATO, but neither organization has promised Kiev immediate membership prospects.
Photo- Volodymyr Zelensky signs EU membership application. ANI

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.