Connect with us

China

Airbus က ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၌ တပ်ဆင်ထားသော A320 လေယာဉ်မိသားစု ၆၀၀ စင်းမြောက်ကို လွှဲပြောင်းပေးမည်

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းတွင် Airbus Final Assembly Line Asia (FALA) တွင် တပ်ဆင်ထားသော ၅၀၀ စင်းမြောက် A320 လေယာဉ်အား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

Airbus က ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြူနီစီပယ်ရှိ အာရှရှိ နောက်ဆုံးအဆင့်တပ်ဆင်ရေးလိုင်း (Asia final assembly line) ၌ A320 လေယာဉ်မိသားစု၏ ၆၀၀ စင်းမြောက်လေယာဉ်ကို လွှဲပြောင်းရန် စီစဉ်ထားကြောင်း Airbus China က ဖေဖော်ဝါရီ ၁၈ ရက်၌ ပြောကြားခဲ့သည်။

Airbus သည် ကမ္ဘာ့ဈေးကွက်မှ ဝယ်လိုအား ကိုက်ညီမှုရှိစေရန် ပြေးလမ်းတစ်ကြောင်းတည်းသွား A320 စီးရီးလေယာဉ် ထုတ်လုပ်ရေးအရှိန်မြှင့်တင်လျက်ရှိသည်။ ထျန်းကျင်း နောက်ဆုံးအဆင့်တပ်ဆင်ရေးလိုင်း (Tianjin final assembly line) သည် တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းဈေးကွက် ပြန်လည်ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိကြောင်း Airbus ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌနှင့် Airbus China ၏ အမှုဆောင်အရာရှိချုပ် George Xu က ဆိုသည်။

“Airbus အနေနဲ့ တရုတ်ဈေးကွက်ကို ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့ ဈေးကွက်အတွင်း ထဲထဲဝင်ဝင် ပေါင်းစည်းဖို့နဲ့ ဒေသတွင်းမိတ်ဖက်တွေနဲ့ အတူတကွ ပြင်ဆင်ဖို့ ကတိပြုထားပါတယ်” ဟု Xu က ပြောခဲ့သည်။

ယခုအထိ ထျန်းကျင်းရှိ Airbus အာရှရှိ နောက်ဆုံးအဆင့်တပ်ဆင်ရေးလိုင်းသည် A320 မိသားစု၏ A319 နှင့် A320 လေယာဉ်များအား ကိုင်တွယ်ဆောင်ရွက်နိုင်ပြီဖြစ်သည်။ တပ်ဆင်ခြင်းလုပ်ငန်းပြီးစီးပြီးနောက် ယင်းနေရာရှိ ထုတ်လုပ်ရေးစက်ရုံသည် ယင်းမိသားစု၏ အကြီးဆုံးအဖွဲ့ဝင်ဖြစ်သော A321 လေယာဉ်ကို နောက်ဆုံးအဆင့်တပ်ဆင်ခြင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Airbus အနေဖြင့် ပထမဆုံး တရုတ်နိုင်ငံတွင် တပ်ဆင်သော A321 လေယာဉ်အား ယခုနှစ်အတွင်း ထျန်းကျင်းမှ လွှဲပြောင်းပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း Airbus China အရ သိရသည်။

Airbus က ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံဈေးကွက်အတွင်းသို့ စီးပွားရေးလုပ်ငန်းသုံးလေယာဉ် ၁၄၂ စင်း လွှဲပြောင်းပေးအပ်ခဲ့ရာ ယမန်နှစ်ကထက် ၄၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ယင်းပမာဏမှာ ကမ္ဘာလုံးဆိုင်ရာသို့ လွှဲပြောင်းတင်ပို့ခြင်း၏ ၂၃ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Airbus to deliver 600th China-assembled A320 family aircraft in 2022
Source: Xinhua
Editor: huaxia
2022-02-18 15:37:46

BEIJING, Feb. 18 (Xinhua) — Airbus plans to deliver the 600th A320 family aircraft assembled at its Asia final assembly line in north China’s Tianjin municipality in 2022, according to Airbus China Friday.
Airbus is ramping up production of the single-aisle A320 series aircraft to meet demands from the global market. The Tianjin final assembly line is also adapting to serve the recovering Chinese civil aviation market better, said George Xu, executive vice president Airbus and chief executive officer of Airbus China.
“Airbus is confident in the Chinese market. We are committed to deeply integrating into the market and getting prepared together with local partners,” said Xu.
By now, the Airbus Asia final assembly line in Tianjin can work on the A319 and A320 aircraft of the A320 family. After completing the adaptation work, the production facility here will also conduct the final assembly on A321 aircraft, the largest member of the family.
Airbus expects to deliver the first China-assembled A321 aircraft from Tianjin this year, according to Airbus China.
In 2021, Airbus delivered 142 commercial aircraft into the Chinese market, a more than 40 percent year-on-year increase. The figure accounted for more than 23 percent of its global delivery. ■

Photo : The 500th A320 aircraft assembled at the Airbus Final Assembly Line Asia (FALA) is pictured in Tianjin, north China, Oct. 29, 2020. (Photo by Zhao Zishuo/Xinhua)